Saturday, February 24, 2018





နှစ်လုံးချဲထီလောင်းကစားသူများအား ဖမ်းဆီးအရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဖေဖော်ဝါရီ ၂၃

၂၁-၂-၂၀၁၈ ရက်နေ့နံနက် ၁၁ နာရီ ၁၅ အချိန် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မြောက်ဥယျာဉ်ရပ်ရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာဆိုင်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဒေါ်မြငြိမ်း ၅၂ နှစ်၊ ရတနာပုံဘုန်းကြီးကျောင်းဝန်း၊ မြောက်ဥယျာဉ်ရပ်၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် နေသူ၏ ကွမ်းယာဆိုင်အား ရှာဖွေရာ နှစ်လုံး/သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွှက် စာတမ်းများ၊ လောင်းကြေးငွေ ၁၀၁၅၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိ သဖြင့် ဒေါ်မြငြိမ်းအား အား ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ) ၁၀၅/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရလည်းကောင်း၊ ၂၂-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မဟာအေင်မြေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက် ရပ်ကွက်နေ မထား(ခ)မထားထားလှိုင် ၄၁ နှစ်၏နေအိမ်အားဝင်ရောက်စစ်ဆေးရာ ၎င်းအား နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတန်းများ၊လောင်းကြေးငွေ ၉၅၁၅၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့် အတူတွေ့ရှိ သိမ်းဆည်းရမိသဖြင့် မထား(ခ) မထားထားလှိုင်အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၁၁၅/၂၀၁၈ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း၊ အဆိုပါနေ့ ညနေ ၃ နာရီ ၄၀ အချိန် စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၆၉x၇၀ လမ်းကြား၊ ဧ၀ရက်လမ်းဘေးရှိ အောင်နိုင်ထူး(ခ)လူသစ် ၃၉ နှစ်၊ စည်ပင်ရွာ၊ အမရပူရမြို့နယ်နေသူ၏ ကွမ်းယာဆိုင်အားဝင်ရောက် စစ်ဆေးရာ ကွမ်းယာဆိုင်နောက် တွင်အသင့်တွေ့ရှိပြီး ၎င်းဝတ်ဆင် ထားသည့် ရှပ်အင်္ကျီအိတ်ကပ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက် စာတန်းများ၊ လောင်းကြေးငွေ ၆၂၁၅၀ ကျပ်တို့နှင့်အတူတွေ့ရှိ သိမ်းဆည်းရမိသဖြင့် အောင်နိုင်ထူး (ခ)လူသစ်အား စက်မှုနယ်မြေရဲစခန်း (ပ)၈၈/၂၀၁၈ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
နှစ်လုံးချဲထီလောင်းကစားသူများအား ဖမ်းဆီးအရေးယူ

မန္တလေး၊ ဖေဖော်ဝါရီ ၂၃

၂၁-၂-၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ အချိန် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မြောက်ဥယျာဉ်ရပ်ရှိ ကွမ်းယာဆိုင်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြည်ကြီး တံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဒေါ်မြငြိမ်း ၅၂ နှစ်၊ ရတနာပုံဘုန်းကြီးကျောင်းဝန်း၊ မြောက်ဥယျာဉ်ရပ်၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် နေသူ၏ ကွမ်းယာဆိုင်အားရှာဖွေရာ နှစ်လုံး/သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများ၊ လောင်းကြေးငွေ ၁၀၁၅၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ဒေါ်မြငြိမ်း အား ပြည်ကြီးတံခွန်မြို့မရဲစခန်(ပ)၁၀၅/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း၊ ၂၂-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မဟာအေင်မြေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက် ရပ်ကွက်နေ မထား(ခ)မထားထားလှိုင် ၄၁ နှစ်၏နေအိမ်အားဝင်ရောက်စစ်ဆေးရာ ၎င်းအား နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတန်း များ၊လောင်းကြေးငွေ ၉၅၁၅၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့် အတူတွေ့ရှိ သိမ်းဆည်းရမိသဖြင့် မထား(ခ) မထားထားလှိုင်အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၁၁၅/၂၀၁၈ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း၊ အဆိုပါနေ့ ညနေ ၃ နာရီ ၄၀ အချိန် စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊ ၆၉x၇၀ လမ်း ကြား၊ ဧဝရက်လမ်းဘေးရှိ အောင်နိုင်ထူး(ခ)လူသစ် ၃၉ နှစ်၊ စည်ပင်ရွာ၊ အမရပူရမြို့နယ်နေသူ၏ ကွမ်းယာဆိုင်အားဝင်ရောက်စစ်ဆေးရာ ကွမ်းယာဆိုင်နောက် တွင်အသင့်တွေ့ရှိပြီး ၎င်းဝတ်ဆင် ထားသည့် ရှပ်အင်္ကျီအိတ်ကပ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက် စာတန်းများ၊ လောင်းကြေးငွေ ၆၂၁၅၀ ကျပ်တို့နှင့်အတူတွေ့ရှိ သိမ်းဆည်းရမိသဖြင့် အောင်နိုင်ထူး (ခ)လူသစ်အား စက်မှုနယ်မြေရဲစခန်း (ပ)၈၈/၂၀၁၈ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 23, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/posts/1033328856806870
Retrieved Date: 24/02/2018





မသင်္ကာတွေ့ရှိသူများအားစစ်မေးရာ ဆိုင်ကယ်ခိုးမှုများပေါ်ပေါက် ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဖေဖော်ဝါရီ ၂၃

၂၂-၂-၂၀၁၈ ရက်နေ့ နံနက် ၆ နာရီ အချိန် မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ် သက်သေများနှင့်အတူ ချမ်းအေးသာစံမြို့နယ်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ မန်းမြို့တော်လက်ဖက်ရည်ဆိုင်အနီးဆိုင်ခန်းများရှေ့တွင် ထွန်းထွန်းလင်း (ခ)အငယ်ကောင် ၁၈ နှစ်၊ အိတ်ချိန်းရုံးအနီး၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနေသူအား ၄၇ယ/ xxxx TRICKER မီးခိုးရောင်ဆိုင်ကယ်နှင့်အတူ မသင်္ကာတွေ့ရှိစစ်မေးရာ ၁၂-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့် ၃၉x၄၀ လမ်းကြား၊ ၇၂x၇၃ လမ်းကြား လမ်းသွယ်အနီး ငြိမ်းသာယာ အမျိုးသားဆောင်ရှေ့မှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရ၍ သက်သေခံ ဆိုင်ကယ်အားသိမ်းဆည်းပြီး ထွန်းထွန်းလင်း(ခ) အငယ်ကောင်အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၁၁၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၂၂-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီ ၄၀ အချိန် အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့် ကင်းဆောင်ရွက်နေစဉ် ဆင်စွယ်ပွတ်ရပ်ကွက်၊ ဦးပိန်တံတားအ နောက်ဘက်ထိပ် တောင်မင်းကြီးဘုရားအနီးတွင် အောင်နိုင်(ခ) ချိုကြီး ၂၇ နှစ်၊ မြေပဲတန်းရပ်၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား ၅၇ယ/xxxx Shan Sheng-125 ဆိုင်ကယ်နှင့်အတူမသင်္ကာ တွေ့ရှိစစ်မေးရာ အဆိုပါဆိုင်ကယ်အား ၎င်းပိုင်ဆိုင်ကြောင်းအ ထောက်အထားတစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အောင်နိုင်(ခ) ချိုကြီးအား အမရပူရမြို့မရဲစခန်း (ပ)၆၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
မသင်္ကာတွေ့ရှိသူများအားစစ်မေးရာ ဆိုင်ကယ်ခိုးမှုများပေါ်ပေါက်

မန္တလေး၊ ဖေဖော်ဝါရီ ၂၃

၂၂-၂-၂၀၁၈ ရက်နေ့ နံနက် ၆ နာရီ အချိန် မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ် သက်သေများနှင့်အတူ ချမ်းအေးသာစံမြို့ နယ်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ မန်းမြို့တော်လက်ဖက်ရည်ဆိုင်အနီးဆိုင်ခန်းများရှေ့တွင် ထွန်းထွန်းလင်း (ခ)အငယ်ကောင် ၁၈ နှစ်၊ အိတ်ချိန်းရုံးအ နီး၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနေသူအား ၄၇ယ/ ×××× TRICKER မီးခိုးရောင်ဆိုင်ကယ်နှင့်အတူ မသင်္ကာ တွေ့ရှိစစ်မေးရာ ၁၂-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့် ၃၉x၄၀ လမ်းကြား၊ ၇၂x၇၃ လမ်းကြား လမ်းသွယ်အနီး ငြိမ်းသာယာ အမျိုးသားဆောင်ရှေ့မှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရ၍ သက်သေခံ ဆိုင်ကယ်အားသိမ်းဆည်းပြီး ထွန်းထွန်းလင်း(ခ) အငယ်ကောင်အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၁၁၇/၂၀၁၈ ရာဇ သတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၂၂-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီ ၄၀ အချိန် အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့် ကင်းဆောင်ရွက်နေစဉ် ဆင်စွယ်ပွတ်ရပ်ကွက်၊ ဦးပိန်တံတားအ နောက်ဘက်ထိပ် တောင်မင်းကြီးဘုရားအနီးတွင် အောင်နိုင်(ခ) ချိုကြီး ၂၇ နှစ်၊ မြေပဲတန်းရပ်၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား ၅၇ယ/×××× Shan Sheng-125 ဆိုင်ကယ်နှင့်အတူမသင်္ကာ တွေ့ရှိစစ်မေးရာ အဆိုပါဆိုင်ကယ်အား ၎င်းပိုင်ဆိုင်ကြောင်းအ ထောက်အထားတစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အောင်နိုင်(ခ) ချိုကြီးအား အမရပူရမြို့မရဲစခန်း (ပ)၆၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 23, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 24/02/2018

မသင်္ကာဖွယ်တွေ့ရှိသူများအား စစ်မေးရာ ၀ါယာကြိုး၊ လက်ကိုင်ဖုန်းခိုးယူခဲ့မှုများပေါ်ပေါက်




မသင်္ကာဖွယ်တွေ့ရှိသူများအား စစ်မေးရာ ၀ါယာကြိုး၊ လက်ကိုင်ဖုန်းခိုးယူခဲ့မှုများပေါ်ပေါက် ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----


မန္တလေး၊ ဖေဖော်ဝါရီ ၂၃

၂၁-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ နယ်မြေအတွင်း ခိုး/ဆိုး/နှိုက်သတင်း စုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ၃၅x၃၆ လမ်းကြား ရေနီမြောင်းဘေးတွင် ပစ္စည်းများထည့်ထားသော ဆာလာအိတ် ၁ လုံး နှင့်အတူ မသင်္ကာ တွေ့ရှိသူ လှမိုး ၁၇နှစ်၊ ဦးဖိုးသာဝန်း၊ ကဉ္စနမဟီရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် မျိုးမင်းဦး (ခ)အောင်ပင်လယ် ၃၉ နှစ်၊ ကံကြီးကုန်းရွာ၊ ချမ်းမြသာစည်မြို့နယ်နေသူတို့ ၂ ဦးအား တွေ့ရှိစစ်ဆေးရာ ၂၁-၂-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြို့(၁)ရပ်ကွက်၊ ၆၅ လမ်း ပေါ်ရှိ နေအိမ်တစ်ခုသို့ သွယ်တန်းထားသော ၀ါယာကြိုအား လှမိုးမှ ပလာယာ ဖြင့်ဖြတ်၍ ခိုးယူခဲ့ပြီး မျိုးမင်းဦး(ခ)အောင်ပင်လယ်နှင့်အတူ ကြေးနန်းကြိုးများ ထုတ်ယူပြီး ရောင်းချရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် လှမိုး နှင့်မျိုးမင်းဦး(ခ)အောင်ပင်လယ်တို့အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၁၀၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ ၂၁-၂-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း ခိုး/ဆိုး/နှိုက်သတင်းစုံစမ်းနေစဉ် ခိုးမှုများကျူးလွန်ထားသည်ဟုကြိုတင်သတင်းရရှိထားသူ သီဟ၀င်း(ခ) မိုးမိုး ၂၉နှစ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူအား ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉ လမ်းနှင့်မင်းကြီးရန်နောင် လမ်းထောင့်တွင် တွေ့ ရှိ သဖြင့် စစ်မေးရာ ၎င်းသည် ၁၆-၂-၂၀၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနှင့် ၆၂လမ်းထောင့်၊ မီးပွိုင့် အရှေ့ဘက်မုန့်ဆိုင်ရှေ့ရပ်ထားသော နံပါတ်မမှတ်မိ 125 ဆိုင်ကယ်ရှေ့ အံခွက်အတွင်းထည့်ထားသည့် MI လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် သက်သေခံဖုန်းအား သိမ်းဆည်းပြီး သီဟ၀င်း(ခ)မိုးမိုးအား အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄အရ လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
မသင်္ကာဖွယ်တွေ့ရှိသူများအား စစ်ဆေးရာ ဝါယာကြိုး၊ လက်ကိုင်ဖုန်းခိုးယူခဲ့မှုများ ပေါ်ပေါက်

မန္တလေး၊ ဖေဖော်ဝါရီ ၂၃

၂၁-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ နယ်မြေအတွင်း ခိုး/ဆိုး/နှိုက်သတင်း စုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ၃၅x၃၆ လမ်းကြား ရေနီမြောင်းဘေးတွင် ပစ္စည်းများထည့်ထားသော ဆာလာအိတ် ၁ လုံး နှင့်အတူ မသင်္ကာ တွေ့ရှိသူ လှမိုး ၁၇နှစ်၊ ဦးဖိုးသာဝန်း၊ ကဉ္စနမဟီရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် မျိုးမင်းဦး (ခ)အောင်ပင်လယ် ၃၉ နှစ်၊ ကံကြီးကုန်းရွာ၊ ချမ်းမြသာစည်မြို့နယ်နေသူတို့ ၂ ဦးအား တွေ့ရှိစစ်ဆေးရာ ၂၁-၂-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၅ လမ်းပေါ်ရှိ နေအိမ်တစ်ခုသို့ သွယ်တန်းထားသော ဝါယာကြိုးအား လှမိုးမှ ပလာယာ ဖြင့်ဖြတ်၍ ခိုးယူခဲ့ပြီး မျိုးမင်းဦး(ခ)အောင်ပင်လယ်နှင့်အတူ ကြေးနန်းကြိုး များထုတ်ယူပြီး ရောင်းချ ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လှမိုး နှင့် မျိုးမင်းဦး(ခ) အောင်ပင်လယ်တို့အား မဟာအောင်မြေမြို့မရဲစခန်း(ပ)၁၀၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ ၂၁-၂-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း ခိုး/ဆိုး/နှိုက်သတင်းစုံစမ်းနေစဉ် ခိုးမှုများကျူးလွန်ထားသည်ဟုကြိုတင် သတင်းရရှိ ထားသူ သီဟဝင်း(ခ)မိုးမိုး ၂၉နှစ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ် နေသူအား ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉ လမ်းနှင့်မင်းကြီးရန်နောင် လမ်းထောင့် တွင် တွေ့ရှိ သဖြင့် စစ်မေးရာ ၎င်းသည် ၁၆-၂-၂၀၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ချမ်းမြသာစည် မြို့နယ်၊ မနော်ဟရီလမ်းနှင့် ၆၂လမ်းထောင့်၊ မီးပွိုင့်အရှေ့ဘက်မုန့်ဆိုင်ရှေ့ရပ်ထားသော နံပါတ်မမှတ်မိ 125 ဆိုင်ကယ်ရှေ့ အံခွက်အတွင်းထည့်ထားသည့် MI လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သက်သေခံဖုန်းအား သိမ်းဆည်းပြီး သီဟဝင်း(ခ)မိုးမိုးအား အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄အရ လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 23, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 24/02/2018





နှစ်လုံးချဲထီလောင်းကစားသူအား ဖမ်းဆီးအရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၄၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဖေဖော်ဝါရီ ၂၄

Unicode
နှစ်လုံးချဲထီလောင်းကစားသူအား ဖမ်းဆီးအရေးယူ

မန္တလေး၊ ဖေဖော်ဝါရီ ၂၄

၂၃-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ပြင်ဦးလွင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ ခွာညိုလမ်းသွယ်၊ အိမ်အမှတ်(၁၃၆)နေ ဒေါ်မြမြ ၅၆ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်မြမြ၏ အစ်ကိုဖြစ်သူ ဦးအေးကို ၆၀ နှစ်အား နှစ်လုံး/ချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၂၇၁၇၀၀ ကျပ်နှင့် အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ဦးအေးကိုအား ပြင်ဦးလွင်မြို့မ ရဲစခန်း(ပ)၃၅/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 24, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 24/02/2018

Sunday, February 18, 2018





တရားမ၀င်လိုင်စင်မဲ့ယာဉ်စီးနင်းသူအား စစ်ဆေးအရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၆၊၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဖေဖော်ဝါရီ ၁၆

၁၂-၂-၂၀၁၈ ရက်နေ့ ည ၇ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း၊ ကြက်မင်းတွန်မီးပွိုင့်အနီးတွင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် ယာဉ်လမ်း ရှင်းလင်းရေး ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ယာဉ်မောင်း ဘိုဖြူ ၂၃ နှစ်၊ စိတ္တသုခလမ်း၊ ရပ်ကွက်(၇)၊ လားရှိုးမြို့နေသူ မောင်းနှင်လာသော 3L/xxxxMark II အဖြူရောင်ယာဉ် အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံ အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့်အပြင် ဘိုဖြူမှလည်း လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း ပြောပြပေးအပ်သဖြင့် သိမ်းဆည်းပြီး ဘိုဖြူအား ကျောက်ဆည် မြို့မရဲစခန်း(ပ)၁၃၅/၂၀၁၈၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
တရားမဝင်လိုင်စင်မဲ့ယာဉ်စီးနင်းသူအား စစ်ဆေးအရေးယူ

မန္တလေး၊ ဖေဖော်ဝါရီ ၁၆

၁၂-၂-၂၀၁၈ ရက်နေ့ ည ၇ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း၊ ကြက်မင်းတွန်မီးပွိုင့်အနီးတွင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် ယာဉ်လမ်း ရှင်းလင်းရေး ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ယာဉ်မောင်း ဘိုဖြူ ၂၃ နှစ်၊ စိတ္တသုခလမ်း၊ ရပ်ကွက်(၇)၊ လားရှိုးမြို့နေသူ မောင်းနှင်လာသော 3L/××××Mark II အဖြူရောင်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံ အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့်အပြင် ဘိုဖြူမှလည်း လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း ပြောပြပေးအပ်သဖြင့် သိမ်းဆည်း ပြီး ဘိုဖြူအား ကျောက်ဆည်မြို့မရဲစခန်း(ပ)၁၃၅/၂၀၁၈၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 16, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 18/02/2018

နှစ်လုံးချဲထီလောင်းကစားသူများအား အရေးယူ




နှစ်လုံးချဲထီလောင်းကစားသူများအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၆၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဖေဖော်ဝါရီ ၁၆

၁၅-၂-၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် သာစည်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေများနှင့်အတူ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနေ မြင့်ဦး ၄၉ နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ မြင့်ဦးအား၎င်း၏ နေအိမ်အဖီအောက်ရှိ စားပွဲပေါ်တွင် နှစ်လုံး/ချဲထီနှစ်လုံးလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေကျပ်နှင့် အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် မြင့်ဦးအား သာစည်မြို့မရဲစခန်း(ပ)၃၁/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က) အရ လည်းကောင်း၊ ၁၅-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် အမှတ်(၇) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေ မြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝိန်ဆိပ်ကမ်း၊ ကမ်းနားလမ်း၊ စားသောက်ဆိုင်အနီး လမ်းမပေါ်တွင် မဇင်မာအေး ၃၆ နှစ်၊ ဂေါဝိန်ကျူးတဲ၊စိန်ပန်းရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူအား နှစ်လုံး/ချဲထီ လောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးကျပ်နှင့်အတူ တွေ့ရှိရမိသဖြင့် မခင်မာအေး အား အမှတ်(၇)နယ်မြေရဲစခန်း(ပ)၇၇/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း၊ ၁၅-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် စက်မှုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂x၅၃ ကြား၊ သခင်ဖိုးလှကြီး လမ်းဘေးရှိ မြန်မာထမင်းဆိုင်တွင် အောင်မျိုးမင်း ၂၃ နှစ်၊ (ဇ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူအား နှစ်လုံး/ချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၆၅၀၅၀ ကျပ်နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် အောင်မျိုးမင်း အား စက်မှုနယ်မြေရဲစခန်း(ပ)၇၅/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
Unicode
နှလုံးချဲထီလောင်းကစားသူများအား အရေးယူ

မန္တလေး၊ ဖေဖော်ဝါရီ ၁၆

၁၅-၂-၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် သာစည်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေများနှင့်အတူ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနေ မြင့်ဦး ၄၉ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မြင့်ဦးအား၎င်း၏ နေအိမ်အဖီအောက်ရှိ စားပွဲပေါ်တွင် နှစ်လုံး/ ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေကျပ်နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် မြင့်ဦးအား သာစည်မြို့မရဲစခန်း(ပ)၃၁/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က) အရ လည်းကောင်း၊ ၁၅-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် အမှတ်(၇) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝိန် ဆိပ်ကမ်း၊ ကမ်းနားလမ်း၊ စားသောက်ဆိုင်အနီး လမ်းမပေါ်တွင် မဇင်မာအေး ၃၆ နှစ်၊ ဂေါဝိန်ကျူးတဲ၊စိန်ပန်းရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူအား နှစ်လုံး/ချဲထီ လောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးကျပ်နှင့်အတူ တွေ့ရှိရမိသဖြင့် မခင်မာအေး အား အမှတ်(၇)နယ်မြေရဲစခန်း(ပ)၇၇/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း၊ ၁၅-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် စက်မှုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂x၅၃ ကြား၊ သခင်ဖိုးလှကြီး လမ်းဘေးရှိ မြန်မာထမင်းဆိုင်တွင် အောင်မျိုးမင်း ၂၃ နှစ်၊ (ဇ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူအား နှစ်လုံး/ချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်း များ၊ လောင်းကြေးငွေ ၆၅၀၅၀ ကျပ်နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် အောင်မျိုးမင်း အား စက်မှုနယ် မြေရဲစခန်း(ပ)၇၅/၂၀၁၈၊ လောင်းကစား ပုဒ်မ ၁၅(က)/၁၆(က) အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 16, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 18/02/2018

Thursday, February 15, 2018




မူးယစ်သတင်းအရ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ကျောပိုးအိတ်အတွင်း မူးယစ်ဆေးဝါများ သိမ်းဆည်းရမိခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၄ ရက်၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

မန္တလေး၊ ဖေဖော်ဝါရီ ၁၃

၁၁-၂-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှတပ်ဖွဲ့ဝင်များ၊ မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ မိုးကုတ်မြို့နယ်၊ ပန်းမထိပ်ကျေးရွာ၊ မိုးကုတ်-မိုးမိတ်သွားကားလမ်းမပေါ်တွင် ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မိုင်းလုံဘက်မှ မိုးကုတ် ဘက်သို့ စိုင်းဟန်လူး ၂၀ နှစ်၊ ဟိုစန်ကျေးရွာ၊ မိုင်းလုံမြို့နယ်နေသူ နယ်နေသူ မောင်းနှင်ပြီး စိုင်းအုံး ၂၉ နှစ်၊ မန်းမရွာ၊ တန့်ယန်းမြို့နယ်နေသူ နောက်ထိုင်လိုက်ပါလာသည့် နံပါတ် မပါ Canda CZI-125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ ၂ ဦးကြားရှိ ကျောပိုးအိတ်ထဲမှ ပလပ်စတစ်ဆပ်ပြာခွက်အတွင်း အဖြူရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော ဘိန်းဖြူဟုယူ ဆရသည့် ဖြူ/၀ါရောင်အမှုန့်အလေးချိန် ၁၁ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၁၂ ခွက်၊ ပေါင်းအလေးချိန် ၁၃၂ ဂရမ်နှင့် M-150 အချိုရည်ပုလင်းအတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်အမှုန့် ၄ ဂရမ်ခန့်၊ စုစုပေါင်း ၁၃၆ ဂရမ်(တန်ဖိုး ၁၃၆ သိန်းကျပ်ခန့်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် စိုင်းဟန်လူးနှင့် စိုင်းအုံးတို့အား မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

Unicode
မူးယစ်သတင်းအရ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ကျောပိုးအိတ်အတွင်း မူးယစ်ဆေးဝါများ သိမ်းဆည်းရမိ

မန္တလေး၊ ဖေဖော်ဝါရီ ၁၃

၁၁-၂-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှတပ်ဖွဲ့ဝင်များ၊ မိုးကုတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ မိုးကုတ်မြို့နယ်၊ ပန်းမထိပ်ကျေးရွာ၊ မိုးကုတ်-မိုးမိတ်သွားကားလမ်းမပေါ်တွင် ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မိုင်းလုံဘက်မှ မိုးကုတ် ဘက်သို့ စိုင်းဟန်လူး ၂၀ နှစ်၊ ဟိုစန်ကျေးရွာ၊ မိုင်းလုံမြို့နယ်နေသူ မောင်းနှင်ပြီး စိုင်းအုံး ၂၉ နှစ်၊ မန်းမရွာ၊ တန့်ယန်းမြို့နယ်နေသူ နောက်ထိုင်လိုက်ပါလာသည့် နံပါတ် မပါ Canda CZI-125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ ၂ ဦးကြားရှိ ကျောပိုးအိတ်ထဲမှ ပလပ်စတစ်ဆပ်ပြာခွက်အတွင်း အဖြူရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော ဘိန်းဖြူဟုယူ ဆရသည့် ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၁၁ ဂရမ်ခန့်ပါ ဆပ်ပြာ ခွက် ၁၂ ခွက်၊ ပေါင်းအလေးချိန် ၁၃၂ ဂရမ်နှင့် M-150 အချို ရည်ပုလင်းအတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့် ၄ ဂရမ်ခန့်၊ စုစုပေါင်း ၁၃၆ ဂရမ်(တန်ဖိုး ၁၃၆ သိန်းကျပ်ခန့်) အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် စိုင်းဟန်လူးနှင့် စိုင်းအုံးတို့အား မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 13, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 15/02/2018




မသင်္ကာတွေ့ရှိသူများအား စစ်မေးရာ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း ခိုးယူခဲ့မှုများ ပေါ်ပေါက်ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၄ ရက်၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----


မန္တလေး၊ ဖေဖော်ဝါရီ ၁၄

၁၃-၂-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် ခိုးမှုများ ကျူးလွန်ထားသည်ဟု ကြိုတင်သတင်းရရှိထားသူ စိုးသူဝင်း(ခ)တရုတ်လေး ၂၆ နှစ်၊ အောင်မင်္ဂလာ(၁) ရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်နေသူအား သင်ပန်းကုန်းရပ်ကွက်၊ ၄၉xမင်းကြီးရန်နောင် လမ်းထောင့်၌ FEN GCL-125 ဆိုင်ကယ်နှင့်အတူ တွေ့ရှိစစ်မေးရာ ၎င်းသည် လွန်ခဲ့သော ၃ လခန့်(ရက်မမှတ်မိ) နံနက် ၁၁ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ရပ်ကွက်၊ ၆၂xကနောင်မင်းသားကြီး လမ်းထောင့်တွင်ရပ်ထားသော ၎င်းဆိုင်ကယ်အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံ ဆိုင်ကယ်အား သိမ်းဆည်းပြီး စိုးသူဝင်း(ခ)တရုတ်လေးအား စက်မှုနယ်မြေရဲစခန်း (ပ)၇၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၁၃-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီအချိန် အမှတ်(၁၁)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ ၅၉xမနော်ဟရီ လမ်းထောင့်ရှိ ဆိုင်ကယ်ပွဲစားတန်း၌ ၃၅ယ/xxxx Honda Click ဆိုင်ကယ်အား မသင်္ကာဖွယ်လိုက်လံရောင်းချနေသူ မိုးမြင့်(ခ) သူရိန် ဘုန်းနိုင်အောင် ၂၂ နှစ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူအား စစ်မေးရာ ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး မိုးမြင့်(ခ)သူရိန်ဘုန်းနိုင်အောင်အား အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၇၄/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၁၃-၂-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် အမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ကန်ကောက်ကြီးရပ်အတွင်းရှိ လူနေအိမ်အနီးတွင်မသင်္ကာတွေ့ရှိသူ ရဲလင်းဩး(ခ)ချစ်မွှေး ၁၈နှစ်၊ ၁၁x၁၂ လမ်းကြား၊၅၉x၆၀လမ်းကြား၊ အုတ်စက်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား တွေ့ရှိစစ်မေးရာ ၎င်းသည် ၁၂-၂-၂၀၁၈ ရက်နေ့က ကျန်းမာရေး ရပ်ကွက်အတွင်းရှိ လူနေအိမ် အတွင်းမှ Huawei လက်ကိုင်ဖုန်းအား ခိုးယူခဲ့ကြောင်းသိရှိရသဖြင့် သက်သေခံဖုန်းအား သိမ်းဆည်းပြီး ရဲလင်းဦး(ခ)ချစ်မွှေးအား အမှတ်(၃) နယ်မြေရဲစခန်း (ပ)၆၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း၊ ၁၃-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန် အမှတ်(၆)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ အတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းအေးသာစံမြို့နယ်၊ ပျော်/နောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၈၇x၈၈ လမ်းကြားတွင် ၄၇ယ/xxxxx URBAN SPORT CZI- 125 ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူ မျိုးထွန်း(ခ)မျိုးမင်းထွန်း ၂၉နှစ်၊ ၇၈ လမ်း၊ ၄၂x၄၃ လမ်းကြား၊ မဟာမင်းထင်ကျောင်းတိုက် နေသူအား စစ်မေးရာ ၎င်းသည် ပျော်/နောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၈၇x၈၈ လမ်းကြား၊ မီးရထား တိုက်တန်းအောက်တွင် ရပ်ထားသည့် အဆိုပါဆိုင်ကယ်အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး မျိုးထွန်း(ခ)မျိုးမင်းထွန်းအား အမှတ်(၆)နယ်မြေရဲစခန်း (ပ)၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း အသီးသီးအမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
မသင်္ကာတွေ့ရှိသူများအား စစ်မေးရာ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း ခိုးယူခဲ့မှုများ ပေါ်ပေါက်

မန္တလေး၊ ဖေဖော်ဝါရီ ၁၄

၁၃-၂-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် ခိုးမှုများကျူး လွန်ထားသည်ဟု ကြိုတင်သတင်းရရှိထားသူ စိုးသူဝင်း(ခ)တရုတ်လေး ၂၆ နှစ်၊ အောင်မင်္ဂလာ(၁) ရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်နေသူအား သင်ပန်းကုန်းရပ်ကွက်၊ ၄၉xမင်းကြီးရန်နောင် လမ်းထောင့်၌ FEN GCL-125 ဆိုင်ကယ်နှင့်အတူ တွေ့ရှိစစ်မေးရာ ၎င်းသည် လွန်ခဲသော ၃ လခန့်(ရက်မမှတ်မိ) နံနက် ၁၁ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ရပ်ကွက်၊ ၆၂xကနောင်မင်းသားကြီး လမ်းထောင့်တွင်ရပ်ထားသော ၎င်းဆိုင်ကယ်အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး စိုးသူဝင်း(ခ)တရုတ်လေးအား စက်မှုနယ်မြေရဲစခန်း (ပ)၇၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ ၅၄ အရလည်းကောင်း၊ ၁၃-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီအချိန် အမှတ်(၁၁)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ ၅၉xမနော်ဟရီ လမ်းထောင့်ရှိ ဆိုင်ကယ်ပွဲစားတန်း၌ ၃၅ယ/×××× Honda Click ဆိုင်ကယ်အား မသင်္ကာဖွယ် လိုက်လံရောင်းချနေသူ မိုးမြင့်(ခ) သူရိန်ဘုန်းနိုင်အောင် ၂၂ နှစ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူအား စစ်မေးရာ ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်း ပြီး မိုးမြင့်(ခ)သူရိန်ဘုန်းနိုင်အောင်အား အမှတ်(၁၁)နယ်မြေရဲစခန်း(ပ)၇၄/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၁၃-၂-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် အမှတ်(၃)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ချမ်းအေးသာစံ မြို့နယ်၊ ကန်ကောက်ရပ် ကွက်၊ ကန်ကောက်ကြီးရပ်အတွင်းရှိ လူနေအိမ်အနီးတွင်မသင်္ကာတွေ့ရှိသူ ရဲလင်းဦး(ခ)ချစ်မွှေး ၁၈နှစ်၊ ၁၁x၁၂ လမ်းကြား၊၅၉x၆၀လမ်းကြား၊ အုတ်စက်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား တွေ့ရှိစစ်မေးရာ ၎င်းသည် ၁၂-၂-၂၀၁၈ ရက်နေ့က ကျန်းမာရေး ရပ်ကွက်အတွင်းရှိ လူနေအိမ် အတွင်းမှ Huawei လက်ကိုင်ဖုန်းအား ခိုးယူခဲ့ကြောင်း သိရှိရ သဖြင့် သက်သေခံဖုန်းအား သိမ်းဆည်းပြီး ရဲလင်းဦး(ခ)ချစ်မွှေးအား အမှတ်(၃)နယ်မြေရဲစခန်း (ပ)၆၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း၊ ၁၃-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန် အမှတ်(၆)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ အတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းအေးသာစံမြို့နယ်၊ ပျော်/နောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၈၇x၈၈ လမ်းကြားတွင် ၄၇ယ/××××× URBAN SPORT CZI- 125 ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူ မျိုးထွန်း(ခ)မျိုးမင်းထွန်း ၂၉ နှစ်၊ ၇၈ လမ်း၊ ၄၂x၄၃ လမ်းကြား၊ မဟာမင်းထင်ကျောင်းတိုက် နေသူအား စစ်မေးရာ ၎င်းသည် ပျော်/နောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၈၇x၈၈ လမ်းကြား၊ မီးရထားတိုက်တန်းအောက်တွင် ရပ်ထားသည့် အဆိုပါဆိုင်ကယ်အား ခိုးယူခဲ့ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး မျိုးထွန်း(ခ)မျိုးမင်းထွန်းအား အမှတ်(၆)နယ်မြေရဲစခန်း(ပ)၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း အသီးသီးအမှုဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 14, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 15/02/2018

Saturday, February 10, 2018





လိုင်စင်မဲ့ယာဉ်ဖြင့် မြွေများသယ်ဆောင်လာသူအား အရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၇၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဇန်န၀ါရီ ၇

၆-၂-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၉၂)မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်လိုင်းများကြီးကြပ် ရေးကော်မတီမှ တာဝန်ရှိသူတို့ပါဝင်သောပူး ပေါင်းစစ်ဆေးရေး အဖွဲ့သည် ကျောက်ဆည်မြို့၊ ရန်ကုန်-မန္တလေးကားလမ်း၊ လက်ပြတိုင်မီးပွိုင့်၌ စည်းကမ်းပျက် ယာဉ်များအားစစ်ဆေး ဆောင်ရွက်နေစဉ် စိုင်းဆိုင်လင်း ၂၄ နှစ်၊ မြောက်ရပ်ကွက်၊ မူဆယ်မြို့ နေသူမောင်းနှင်သည့် 3J-xxxx WISH အနက်ရောင်ယာဉ်အားစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်အပြင် ယာဉ်အားဆက်လက်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပလပ်စတစ်အိတ် ၆ အိတ်၊ ကော်ခြင်း ၁၆ ခြင်းဖြင့်ထည့်လာသော မြွေမျိုးစုံ ၂၂၂ ကောင် ခန့်တို့အား စစ်ဆေးတွေ့ရှိရ၍ ကျောက်ဆည်မြို့မ ရဲစခန်းတွင်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Unicode
လိုင်စင်မဲ့ယာဉ်ဖြင့် မြွေများသယ်ဆောင်လာသူအား အရေးယူ

မန္တလေး၊ ဇန်နဝါရီ ၇

၆-၂-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၉၂)မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်လိုင်းများကြီးကြပ် ရေးကော်မတီမှ တာ၀န်ရှိသူတို့ပါဝင်သောပူး ပေါင်းစစ်ဆေးရေး အဖွဲ့သည် ကျောက်ဆည်မြို့၊ ရန်ကုန်-မန္တလေးကားလမ်း၊ လက်ပြတိုင်မီးပွိုင့်၌ စည်းကမ်းပျက် ယာဉ်များအားစစ်ဆေးဆောင်ရွက်နေစဉ် စိုင်းဆိုင်လင်း ၂၄ နှစ်၊ မြောက်ရပ်ကွက်၊ မူဆယ်မြို့ နေသူမောင်းနှင်သည့် 3J-×××× WISH အနက်ရောင်ယာဉ်အားစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်အပြင် ယာဉ်အားဆက်လက်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပလပ်စတစ်အိတ် ၆ အိတ်၊ ကော်ခြင်း ၁၆ ခြင်းဖြင့်ထည့်လာသော မြွေမျိုးစုံ ၂၂၂ ကောင် ခန့်တို့အား စစ်ဆေးတွေ့ရှိရ၍ ကျောက်ဆည်မြို့မရဲစခန်းတွင်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 7, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 10/02/2018





မူးယစ်သတင်းရရှိထားသူအား ရှာဖွေစစ်ဆေးရာ ၀တ်ဆင်ထားသည့် အနွေးထည်အင်္ကျီ အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၇၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မန္တလေး၊ ဖေဖော်ဝါရီ ၇

၆-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီ ၁၀ အချိန် မူးယစ်တပ်ဖွဲ့စု (၁၈)မှ တပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့တင်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၉xမင်းကြီးရန်နောင်လမ်းထောင့်ရှိ စားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးသတင်းအရသွားရောက်ခဲ့ရာ သတင်းရရှိထားသူ အောင်စိုးမိုး(ခ)စိုးမိုး ၂၁ နှစ်၊ (စ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူမှာ ဆိုင်အတွင်းထိုင် နေသည်ကိုတွေ့ရှိရ၍ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီဝဲဘက်အိတ်ကပ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် 88/1 စာတန်းပါ ပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား ၁၉၆ ပြားစီပါ ၅ ထုပ်၊ စုစုပေါင်းဆေးပြား ၉၈၀ ပြား၊ အလေးချိန် ၉၈ ဂရမ်(ဒေသပေါက်ဈေး တစ်ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၄၉၀၀၀၀၀ ကျပ်)အားတွေ့ရှိသိမ်းဆည်းရ မိခဲ့သဖြင့် အောင်စိုးမိုး(ခ)စိုးမိုးအား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Unicode
မူးယစ်သတင်းရရှိထားသူအား ရှာဖွေစစ်ဆေးရာ ဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီ အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မန္တလေး၊ ဖေဖော်ဝါရီ ၇

၆-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီ ၁၀ အချိန် မူးယစ်တပ်ဖွဲ့စု (၁၈)မှ တပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့တင်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၉xမင်းကြီးရန်နောင်လမ်းထောင့်ရှိ စားသောက်ဆိုင် တွင် မူးယစ်ဆေးဝါးသတင်းအရသွားရောက်ခဲ့ရာ သတင်း ရရှိထားသူ အောင်စိုးမိုး(ခ)စိုးမိုး ၂၁ နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း(ဘ) ဦးအောင်ဝင်း၊ (စ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူမှာ ဆိုင်အတွင်းထိုင် နေသည်ကိုတွေ့ရှိရ၍ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီဝဲဘက်အိတ်ကပ်အတွင်းမှ အပြာ ရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် 88/1 စာတန်းပါပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား ၁၉၆ ပြားစီပါ ၅ ထုပ်၊ စုစုပေါင်းဆေးပြား ၉၈၀ ပြား၊ အလေးချိန် ၉၈ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၄၉၀၀၀၀၀ ကျပ်)အားတွေ့ရှိသိမ်းဆည်းရ မိခဲ့သဖြင့် အောင်စိုးမိုး(ခ)စိုးမိုးအား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 7, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 10/02/2018

Thursday, February 8, 2018

ရှေ့နေဦးကိုနီလုပ်ကြံခံရမှုအတွက် သေနတ်သမားကြည်လင်း အပေါင်းအပါများကို သေဒဏ်ထိုက်သည့် အမှုဖြင့် စွဲချက်တင်အမိန့်​ချ



ရှေ့နေဦးကိုနီလုပ်ကြံခံရမှု သေနတ်သမားကြည်လင်း အပေါင်းအပါများကို သေဒဏ်ထိုက်သည့် အမှုဖြင့် စွဲချက်တင်အမိန့်​ချ ခဲ့ကြောင်း The Irrawaddy နှင့် Mizzima သတင်းများက ဖေဖော်ဝါရီလ ရက်၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားကြပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီလ ၉ ။             ။ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊   အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ‌ယနေ့ ဖေဖော်ဝါရီလ ၉ ရက်၊ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ​စွဲချက်တင် အမိန့်ချလိုက်ကြောင်းသိရှိရပါသည်။

ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုး တို့ ၃ ဦးကို လူသတ်ရန် ကြိုတင် ပူးပေါင်းကြံစည်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) /၃၄ ဖြင့် စွဲချက်တင်ခဲ့ပြီး ဇေယျာဖြိုးကို ကားဖြင့် ခေါ်ယူပေးခဲ့သော အောင်ဝင်းထွန်း ကို တရားခံကို လက်ခံမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၂ ဖြင့် စွဲချက် တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းထွန်းကို အား​ပေးကူညီမှု ပုဒ်​မဖြစ်​သည့်​ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ- ၂၁၂ ဖြင့်​ စွဲချက်​တင်​အမိန့်ချခဲ့ပြီး အမှုမှ လွတ်ေ​မြာက်​​နေသည့်​ ​အောင်​ဝင်းခိုင်​ကို ရာဇဝတ်​ကျင့်​ထုံဥပ​ဒေပုဒ်​မ- ၈၈ အရ တရားခံ​ပြေးအဖြစ်​ အမိန့်​ ချလိုက်​သည်​။

ရာဇဝတ်​ကျင့်​ထုံးဥပ​ဒေပုဒ်​မ- ၈၈ အရ တရားခံ​ပြေးအဖြစ်​အမိန့်​ချပြီး​နောက်​ ​အောင်​ဝင်းခိုင်​ကို အများပြည်​သူ မည်​သူမဆို ဖမ်းဆီးခွင့်​ရှိ​​ကြောင်းလည်း သိရှိရသည်​။

သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးကို ၄၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ခရိုင်တရားသူကြီးက စွဲချက်တင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

" ဒီဟာက လူသတ်​မှုကို တင်​ကူးကြံရွယ်​ပြီး​တော့ ပူး​ပေါင်းကြံရွယ်​တာဖြစ်​တဲ့အတွက်​ ဒီဟာနဲ့ပတ်​သက်​ပြီး ပြစ်​မှုထင်​ရှားရင်​ ​သေဒဏ်​ပါ ခင်​ဗျာ "ဟု တရားလွှတ်​​တော်​​ရှေ့​နေ ဦးခင်​​မောင်​​ဌေးက ​ပြောပြီး သေနတ်သမားကြည်လင်းက တရားခွင်တွင် တရားကို နတ်စောင့်လိမ့်မည်ဟု ပြောဆိုခဲ့သလို ဇေယျာဖြိုးကလည်း ခိုင်လုံတဲ့ သက်သေ အထောက်အထား မရှိဘဲ စွဲချက်တင်လိုက်တာပါ။ ကျနော့မှာ အပြစ်မရှိပါဘူးဟု တရားရုံးအထွက်တွင် ဟစ်အော် ပြောဆိုသွားကြောင်းလည်း သိရှိရသည်။ 


အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည် လင်းက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။


ယင်းအမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် ကြည်လင်းအားစွဲဆိုထားသော လက်နက်မှုနှင့် ကြည်လင်းအပါအဝင် ၄ ဦးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂/၃၄/၂၁၂ အတွက် တရားလိုပြသက်သေများ အားလုံးကို မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။

References: The Irrawaddy နှင့် Mizzima News

Wednesday, February 7, 2018

ဦးလေးဖြစ်သူမှ အသက်(၄)နှစ်အရွယ် တူမဖြစ်သူအား မုဒိန်းကျင့်မှု ဖြစ်ပွား




ဦးလေးဖြစ်သူမှ အသက်(၄)နှစ်အရွယ် တူမဖြစ်သူအား မုဒိန်းကျင့်မှု ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ Facebook စာမျက်နှာတွင် ဖေဖော်ဝါရီလ ရက်၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----


(Unicode version)
ဦးလေးဖြစ်သူမှ အသက်(၄)နှစ်အရွယ် တူမဖြစ်သူအား မုဒိန်းကျင့်မှု

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ၀၉၃၀ အချိန် ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်နေ ဒေါ်××××၊ (၃၅)နှစ်သည် အဝတ်လျှော်ရန် နေအိမ်မှ ထွက်ခွာသွားစဉ် သမီးဖြစ်သူ မ ××××၊ (၄)နှစ်အား ဖခင် ဦးမြင့်ဌေးနှင့် ထားရှိခဲ့ပြီး ၁၃၀၀ အချိန်တွင် ဒေါ်×××× နေအိမ်သို့ ပြန်ရောက်ချိန် သမီးဖြစ်သူအား မတွေ့သဖြင့် ခင်ပွန်းအား မေးမြန်းရာ ဒေါ်××××၏ မောင်အရင်းတော်စပ်သူ လူဇော်(ခ)ဆန်နီ၊ (၃၃)နှစ်မှ ခေါ် ဆောင်သွားကြောင်း သိရှိရ၍ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ ၎င်းအချိန်တွင် မေတ္တာညွန့်ရပ်ကွက်၊ သံလမ်းဘေး ကျူတောအတွင်း မဝတ်ရည်မြင့်အား လူဇော်(ခ)ဆန်နီမှ သားမယား ပြုကျင့်ခဲ့သဖြင့် ထိန်းသိမ်းထားကြောင်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဆက်အကြောင်းကြားလာ သဖြင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးသို့လိုက်သွားခဲ့ပြီး သမီးဖြစ်သူအားမေးမြန်းရာ မ ×××× မှာ ကြောက်လန့်နေသောကြောင့် မေးမြန်း၍မရပေ။ ထို့နောက် ၁၅၄၅ အချိန်တွင် ဒေါ်×××× မှ တိုင်တန်းသဖြင့် လူဇော်(ခ)ဆန်နီ (ဖမ်းမိ)အား တာမွေမြို့မရဲစခန်း (ပ)၁၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ (မုဒိမ်းမှု/ကလေးသူငယ်ခိုးမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။



This article first appears in မြန်မာနိုင်ငံရဲတပ်ဖွဲ့ news on February 6, 2018 of မြန်မာနိုင်ငံရဲတပ်ဖွဲ့ Facebook Page.

We acknowledged © of မြန်မာနိုင်ငံရဲတပ်ဖွဲ့ and thus full credit given to မြန်မာနိုင်ငံရဲတပ်ဖွဲ့.


Reference Link: https://www.facebook.com/myanmapolice/?hc_ref=ARRc0bDso7lrkG6Dnt8PhQg4On73znECBPlnzYZHSjHMr7gvRhAdLydykAg3Epon0I0


Retrieved Date: 08/02/2018

HIV ပိုးရှိသူက အသက် ၆ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှု ဖြစ်ပွား


ဓာတ်ပုံ-​ရေနံမနယ်​​မြေရဲတပ်​ဖွဲ့

HIV ပိုးရှိသူက အသက် ၆ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှု ဖြစ်ပွား ခဲ့ကြောင်း ရဲနိုင်(လောက်ကိုင်) မှ Mizzima News Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

ရန်ကုန်၊ ဖေဖော်ဝါရီလ ၈ ။               ။ HIV ပိုးရှိသူက အသက်၆ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှုတစ်ခု မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

အဆိုပါ သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သူမှာ အသက် ၃ဝ ခန့်အရွယ် ဟိန်းမင်းဇာ(ခ) ဖိုးလက်ကောက် ဆိုသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညက မိန်းကလေးငယ်၏ ဖခင်ဖြစ်သူကို ဟိန်းမင်းဇာဆိုသူက အရက် အတူသောက်ရန် နေအိမ်သို့ခေါ်ခဲ့ပြီး အရက်အတူသောက်ခဲ့ပြီးနောက် ဟိန်းမင်းဇာနေအိမ်တွင် အိပ်ခဲ့ကြောင်း သိရသည်။ မိန်းကလေးငယ်မှာ မိခင်မရှိတော့သည့်အတွက် ဖခင်ဖြစ်သူက သွားသည့် နေရာတိုင်းခေါ်သွားလေ့ရှိကြောင်း သိရသည်။

ဖခင်ဖြစ်သူက အရက်မူးပြီး ဟိန်းမင်းဇာနေအိမ်တွင် အိပ်နေစဉ် ဟိန်းမင်းဇာဆိုသူက ကလေးကို အိမ်ပြန်ပို့ မည်ဟု ပြောပြီး ရွာလမ်းရှိ ဇရပ်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟိုလူက HIV ပိုးရှိတယ်လို့ ပြောတယ်ဗျ။ တရားခံကလေ။ HIV ပိုးရှိတဲ့အခါကျတော့ မထူးစိတ်ဝင်ပြီး လုပ်တာဖြစ်လောက်တယ်ဗျ။ နောက်တစ်ခုရှိတာကလည်း တိုင်းရင်းဆေးတွေ၊ ဘာတွေမှာ တချို့ ဟာတွေမှာ ရေးထားတာတွေရှိတယ်လေ။ လိင်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ယောင်္ကျား တွေမှာဖြစ်ရင် အဲ့ဒီလို အပျိုစင်တို့၊ ဘာတို့နဲ့ ဆက်ဆံရင်ပျောက်တယ်ဆိုတဲ့ အသိလေးတွေ တချို့ဝင်နေတာ တွေရှိတယ်ဗျ။ အဲ့ဒါမျိုးနဲ့ သူလုပ်သွားတာ ဖြစ်ကောင်းဖြစ်မယ်ပေါ့ဗျ။ ဒါ ကျွန်တော်အယူအဆကို ပြောတာနော်။ နောက် သူ့အဖေက သမီးကို ခေါ်ပြီး အဲ့ဒီအိမ်မှာ အရက်သွားသောက်ရာကနေဖြစ်သွားတာဆိုတော့ ဖခင်အိမ်နေတဲ့အချိန်မှာ ဟိုလူက ကျူးလွန်ခဲ့တယ်လို့ သိရတာပေါ့။ အဓိကတော့ မူးလို့ မူးယစ်ဆေးဝါးကြောင့် ဖြစ်ကြတာလိုပေါ့ဗျာဟု မင်းလှမြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက ပြောသည်။

အဆိုပါ ကလေးငယ်မှာ ယခုလက်ရှိတွင် ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေရပြီး ခွဲစိတ်ကုသရမည့် အခြေအနေရှိကြောင်း သိရသည်။

အသက် ၃ဝ ခန့်အရွယ် ဟိန်းမင်းဇာ(ခ) ဖိုးလက်ကောက် ဆိုသူကို  ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖခင်ဖြစ်သူ တရားလိုပြုလုပ်တိုင်ကြားချက်အရ  ရေနံမနယ်မြေရဲစခန်းတွင် (ပ)၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုအတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ဖြစ် စေ၊ ၁ဝ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

This article first appears in Mizzima News on February  8, 2018 of Mizzima News Facebook Page.

We acknowledged © of Mizzima News and thus full credit given to Mizzima News.


ဓာတ်ပုံ-​ရေနံမနယ်​​မြေရဲတပ်​ဖွဲ့
Reference Link: https://www.facebook.com/MizzimaDaily/?hc_ref=ARQQ8TMcfvBuJGFDTfVhFWaJPh9REjB01hLltJsfHz8W25qp8cB1Rc5VJI7_zkdKWdw

Retrieved Date: 08/02/2018

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...