ဦးေလးျဖစ္သူမွ
အသက္(၄)ႏွစ္အရြယ္ တူမျဖစ္သူအား မုဒိန္းက်င့္မွု ျဖစ္ပြား ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔
Facebook စာမ်က္နွာတြင္ ေဖေဖာ္ဝါရီလ ၆ ရက္၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
၂၀၁၈
ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ ၀၉၃၀ အခ်ိန္ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ (၃)ရပ္ကြက္ေန ေဒၚ××××၊ (၃၅)ႏွစ္သည္ အဝတ္ေလၽွာ္ရန္
ေနအိမ္မွ ထြက္ခြာသြားစဥ္ သမီးျဖစ္သူ မ ××××၊ (၄)ႏွစ္အား ဖခင္
ဦးျမင့္ေဌးႏွင့္ ထားရွိခဲ့ၿပီး ၁၃၀၀ အခ်ိန္တြင္ ေဒၚ×××× ေနအိမ္သို႔
ျပန္ေရာက္ခ်ိန္ သမီးျဖစ္သူအား မေတြ႕သျဖင့္ ခင္ပြန္းအား ေမးျမန္းရာ ေဒၚ××××၏ ေမာင္အရင္းေတာ္စပ္သူ လူေဇာ္(ခ)ဆန္နီ၊ (၃၃)ႏွစ္မွ ေခၚ ေဆာင္သြားေၾကာင္း သိရွိရ၍
လိုက္လံရွာေဖြခဲ့ေသာ္လည္း မေတြ႕ရွိခဲ့ဘဲ ၎အခ်ိန္တြင္ ေမတၱာညြန္႔ရပ္ကြက္၊ သံလမ္းေဘး
က်ဴေတာအတြင္း မဝတ္ရည္ျမင့္အား လူေဇာ္(ခ)ဆန္နီမွ သားမယား ျပဳက်င့္ခဲ့သျဖင့္ ထိန္းသိမ္းထားေၾကာင္း
တာေမြၿမိဳ႕နယ္ ေမတၱာညြန္႔ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူး႐ုံးမွ ဖုန္းဆက္အေၾကာင္းၾကားလာ သျဖင့္
ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွူး႐ုံးသို႔လိုက္သြားခဲ့ၿပီး သမီးျဖစ္သူအားေမးျမန္းရာ မ ××××
မွာ ေၾကာက္လန္႔ေနေသာေၾကာင့္ ေမးျမန္း၍မရေပ။ ထို႔ေနာက္ ၁၅၄၅ အခ်ိန္တြင္
ေဒၚ×××× မွ တိုင္တန္းသျဖင့္ လူေဇာ္(ခ)ဆန္နီ (ဖမ္းမိ)အား တာေမြၿမိဳ႕မရဲစခန္း
(ပ)၁၁၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၆၃ (မုဒိမ္းမွု/ကေလးသူငယ္ခိုးမွု) ျဖင့္ အမွုဖြင့္
စစ္ေဆးလ်က္ရွိေၾကာင္းသတင္းရရွိပါသည္။
(Unicode
version)
ဦးလေးဖြစ်သူမှ
အသက်(၄)နှစ်အရွယ် တူမဖြစ်သူအား မုဒိန်းကျင့်မှု
၂၀၁၈ ခုနှစ်၊
ဖေဖော်ဝါရီလ ၅ ရက်နေ့ ၀၉၃၀ အချိန် ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်နေ ဒေါ်××××၊ (၃၅)နှစ်သည် အဝတ်လျှော်ရန်
နေအိမ်မှ ထွက်ခွာသွားစဉ် သမီးဖြစ်သူ မ ××××၊ (၄)နှစ်အား ဖခင်
ဦးမြင့်ဌေးနှင့် ထားရှိခဲ့ပြီး ၁၃၀၀ အချိန်တွင် ဒေါ်×××× နေအိမ်သို့
ပြန်ရောက်ချိန် သမီးဖြစ်သူအား မတွေ့သဖြင့် ခင်ပွန်းအား မေးမြန်းရာ ဒေါ်××××၏ မောင်အရင်းတော်စပ်သူ လူဇော်(ခ)ဆန်နီ၊ (၃၃)နှစ်မှ ခေါ် ဆောင်သွားကြောင်း သိရှိရ၍
လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ ၎င်းအချိန်တွင် မေတ္တာညွန့်ရပ်ကွက်၊ သံလမ်းဘေး
ကျူတောအတွင်း မဝတ်ရည်မြင့်အား လူဇော်(ခ)ဆန်နီမှ သားမယား ပြုကျင့်ခဲ့သဖြင့် ထိန်းသိမ်းထားကြောင်း
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဆက်အကြောင်းကြားလာ သဖြင့်
ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးသို့လိုက်သွားခဲ့ပြီး သမီးဖြစ်သူအားမေးမြန်းရာ မ ××××
မှာ ကြောက်လန့်နေသောကြောင့် မေးမြန်း၍မရပေ။ ထို့နောက် ၁၅၄၅ အချိန်တွင်
ဒေါ်×××× မှ တိုင်တန်းသဖြင့် လူဇော်(ခ)ဆန်နီ (ဖမ်းမိ)အား တာမွေမြို့မရဲစခန်း
(ပ)၁၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ (မုဒိမ်းမှု/ကလေးသူငယ်ခိုးမှု) ဖြင့် အမှုဖွင့်
စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
This
article first appears in ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ news on February
6, 2018 of ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ Facebook Page.
We
acknowledged © of ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ and thus full
credit given to ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔.
We are
nonprofits volunteers and we only retrieved this news to support all
communities from Myanmar who do not know how to get access the news and have no
luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/myanmapolice/?hc_ref=ARRc0bDso7lrkG6Dnt8PhQg4On73znECBPlnzYZHSjHMr7gvRhAdLydykAg3Epon0I0
Retrieved
Date: 08/02/2018
No comments:
Post a Comment