မသကၤာေတြ႕ရိွသူမ်ားအားစစ္ေမးရာ
ဆုိင္ကယ္ခုိးမႈမ်ားေပၚေပါက္ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ေဖေဖာ္၀ါရီ ၂၃၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ေဖေဖာ္၀ါရီ ၂၃
၂၂-၂-၂၀၁၈
ရက္ေန႔ နံနက္ ၆ နာရီ အခ်ိန္ မႏၲေလးခရုိင္မႈခင္းႏိွမ္နင္းေရးဌာနစိတ္ သက္ေသမ်ားႏွင့္အတူ
ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္း နယ္ေျမသတင္းစံုစမ္းေနစဥ္ လမ္း ၃၀၊ ၇၇x၇၈ လမ္းၾကား၊ မန္းၿမိဳ႕ေတာ္လက္ဖက္ရည္ဆုိင္အနီးဆုိင္ခန္းမ်ားေရွ႕တြင္
ထြန္းထြန္းလင္း (ခ)အငယ္ေကာင္ ၁၈ ႏွစ္၊ အိတ္ခ်ိန္းရံုးအနီး၊ ကန္႔ဘလူၿမိဳ႕နယ္၊ စစ္ကုိင္းတုိင္းေဒသႀကီးေနသူအား
၄၇ယ/ xxxx TRICKER မီးခုိးေရာင္ဆုိင္ကယ္ႏွင့္အတူ မသကၤာေတြ႕ရိွစစ္ေမးရာ
၁၂-၂-၂၀၁၈ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန္႔ ၃၉x၄၀ လမ္းၾကား၊ ၇၂x၇၃ လမ္းၾကား လမ္းသြယ္အနီး ၿငိမ္းသာယာ အမ်ိဳးသားေဆာင္ေရွ႕မွ ခုိးယူခဲ့ျခင္းျဖစ္ေၾကာင္းသိရိွရ၍
သက္ေသခံ ဆုိင္ကယ္အားသိမ္းဆည္းၿပီး ထြန္းထြန္းလင္း(ခ) အငယ္ေကာင္အား မဟာေအာင္ေျမၿမိဳ႕မရဲစခန္း
(ပ)၁၁၇/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄ အရလည္းေကာင္း၊ ၂၂-၂-၂၀၁၈ ရက္ေန႔ ည ၈ နာရီ ၄၀ အခ်ိန္
အမရပူရၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမလွည့္ ကင္းေဆာင္ရြက္ေနစဥ္
ဆင္စြယ္ပြတ္ရပ္ကြက္၊ ဦးပိန္တံတားအ ေနာက္ဘက္ထိပ္ ေတာင္မင္းႀကီးဘုရားအနီးတြင္ ေအာင္ႏုိင္(ခ)
ခ်ိဳႀကီး ၂၇ ႏွစ္၊ ေျမပဲတန္းရပ္၊ မွန္တန္းရပ္ကြက္၊ အမရပူရၿမိဳ႕နယ္ေနသူအား ၅၇ယ/xxxx
Shan Sheng-125 ဆုိင္ကယ္ႏွင့္အတူမသကၤာ ေတြ႕ရိွစစ္ေမးရာ အဆုိပါဆုိင္ကယ္အား
၎ပုိင္ဆုိင္ေၾကာင္းအ ေထာက္အထားတစ္စံုတစ္ရာ ေျပာဆုိႏုိင္ျခင္းမရိွသျဖင့္ သက္ေသခံဆုိင္ကယ္အား
သိမ္းဆည္းၿပီး ေအာင္ႏုိင္(ခ) ခ်ိဳႀကီးအား အမရပူရၿမိဳ႕မရဲစခန္း (ပ)၆၆/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ
၃၇၉/၅၄ အရလည္းေကာင္း အသီးသီးအမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
မသင်္ကာတွေ့ရှိသူများအားစစ်မေးရာ
ဆိုင်ကယ်ခိုးမှုများပေါ်ပေါက်
မန္တလေး၊
ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၈
ရက်နေ့ နံနက် ၆ နာရီ အချိန် မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ် သက်သေများနှင့်အတူ
ချမ်းအေးသာစံမြို့ နယ်အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ မန်းမြို့တော်လက်ဖက်ရည်ဆိုင်အနီးဆိုင်ခန်းများရှေ့တွင်
ထွန်းထွန်းလင်း (ခ)အငယ်ကောင် ၁၈ နှစ်၊ အိတ်ချိန်းရုံးအ နီး၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနေသူအား
၄၇ယ/ ×××× TRICKER မီးခိုးရောင်ဆိုင်ကယ်နှင့်အတူ မသင်္ကာ တွေ့ရှိစစ်မေးရာ
၁၂-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့် ၃၉x၄၀ လမ်းကြား၊ ၇၂x၇၃ လမ်းကြား လမ်းသွယ်အနီး ငြိမ်းသာယာ အမျိုးသားဆောင်ရှေ့မှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရ၍
သက်သေခံ ဆိုင်ကယ်အားသိမ်းဆည်းပြီး ထွန်းထွန်းလင်း(ခ) အငယ်ကောင်အား မဟာအောင်မြေမြို့မရဲစခန်း
(ပ)၁၁၇/၂၀၁၈ ရာဇ သတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၂၂-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီ ၄၀ အချိန်
အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့် ကင်းဆောင်ရွက်နေစဉ်
ဆင်စွယ်ပွတ်ရပ်ကွက်၊ ဦးပိန်တံတားအ နောက်ဘက်ထိပ် တောင်မင်းကြီးဘုရားအနီးတွင် အောင်နိုင်(ခ)
ချိုကြီး ၂၇ နှစ်၊ မြေပဲတန်းရပ်၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား ၅၇ယ/××××
Shan Sheng-125 ဆိုင်ကယ်နှင့်အတူမသင်္ကာ တွေ့ရှိစစ်မေးရာ အဆိုပါဆိုင်ကယ်အား
၎င်းပိုင်ဆိုင်ကြောင်းအ ထောက်အထားတစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား
သိမ်းဆည်းပြီး အောင်နိုင်(ခ) ချိုကြီးအား အမရပူရမြို့မရဲစခန်း (ပ)၆၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ
၃၇၉/၅၄ အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on February 23, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 24/02/2018
No comments:
Post a Comment