Saturday, August 11, 2018

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး





အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

ရန္ကုန္၊ ၾသဂုတ္ ၁၀၊ ၂၀၁၈

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ဳိးသားတစ္ဦးအား ေနအိမ္တြင္ မူးယစ္ေဆး၀ါးမ်ား ေတြ႔ရိွသျဖင့္  ဖမ္းဆီးလိုက္ ေၾကာင္း ယေန႔ ၾသဂုတ္လ ၉ ရက္ေန႔၊ ညပိုင္းတြင္  ရန္ကုန္တိုင္းရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားခ်က္အရ သိရွိရပါသည္။

ျဖစ္စဥ္မွာ ရန္ကုန္၊ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ GOLDEN CITY အိမ္ရာ၊ တိုက္(ဘီ-၁)၊ (၁၇)လႊာ၊ အခန္း (၁၇၀၃) ေန အသက္ ၃၅ ႏွစ္အရြယ္ သက္ေဆြမင္း(ခ) ကိုစိုင္းဆိုသူ၏ ေနအိမ္သို႔ ၀င္ေရာက္ရွာေဖြရာ ၎ႏွင့္ အတူ အသက္ ၃၇ ႏွစ္အရြယ္ မေ၀လြင္ေဇာ္(ခ)ေရႊထိုက္အား ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ တြင္ပါရွိသည္။

ေနအိမ္ရိွ ပိုက္ဆံအိတ္အတြင္းမွ WY ေဆးျပား ၁၀၅ ျပားပါ ၁ ထုပ္၊ ၁၀၀ျပား ၁ ထုပ္ စုစုေပါင္း ၂၀၅ ျပား၊  ICE ဟုယူဆရေသာ အၾကည္ေရာင္ အေၾကခဲ (၃)ဂရမ္၊ မူးယစ္ေဆး၀ါး သုံးစြဲရာတြင္ အသုံးျပဳကိရိယာမ်ား ၊ MI အမ်ိဳးအစားလက္ကိုင္ ဖုန္း ၂ လုံးတို႔အား ရွာေဖြေတြ႕ရွိ သိမ္းဆည္းမိခဲ့သည္။

ထို႔ျပင္ ၎တို႔ငွားရမ္းေနထိုင္သည့္ဆိုေသာ  ရန္ကင္းၿမိဳ႕နယ္၊ (၁၅)ရပ္ကြက္၊ အေ၀ရာလမ္းရွိ အမွတ္ (၃၃/က) ပထမထပ္ေနအိမ္တြင္လည္း သတင္းအရ သြားေရာက္ရွာေဖြခဲ့ရာ မူးယစ္ေဆးဝါးမ်ားထပ္မံရွာေဖြ ဖမ္းဆီးႏိုင္ခဲ့ ေၾကာင္း ရဲတပ္ဖြဲ႔ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါ ေနအိမ္မွ WY ေဆးျပား ၂၀၀ ျပားစီပါ အထုပ္ ၅၈ ထုပ္၊  ၁၈၅ ျပားပါ ၁ ထုပ္၊ စုစုေပါင္း ၁၁,၇၈၅ ျပား၊ ICE ဟုယူဆရေသာ အၾကည္ေရာင္အေၾကခဲ ၇၇၀ ဂရမ္ပါ ၁ ထုပ္၊ ဘိန္းျဖဴဟု ယူဆရေသာ အမႈန္႔ ၁၁ ဂရမ္ ခန္႔ပါ  ၁ ခြက္၊ ေဆးေျခာက္ဟု ယူဆရသည့္ အရိုးအရြက္ေျခာက္ အေလးခ်ိန္ ၁၂ ဂရမ္ခန္႔ပါ ၁ ဘူး၊ WY ေဆးျပား ၄ ျပား၊ မူးယစ္ေဆး၀ါး သုံးစြဲရာတြင္ အသုံးျပဳသည့္ ပစၥည္းကိရိယာမ်ား ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိခ့ဲသည္။

ယင္း  မူးယစ္ေဆးဝါးမ်ားကို ယေန႔ၾသဂုတ္လ ၉ ရက္၊ ည ၆ နာရီ ၄၅ မိနစ္အခိ်န္ ရန္ကင္းၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႔ႏွင့္  မူးယစ္တပ္ဖြဲ႔စု(၄၁)မွ တပ္ဖြဲ႔ဝင္မ်ားက ပူးေပါင္းၿပီး မူးယစ္ေဆးဝါးသတင္းအရ သက္ေသမ်ားႏွင့္ အတူ သြားေရာက္ရွာေဖြဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးခဲ့သည့္ အဆိုေတာ္ေရႊထိုက္(ခ) မေ၀လြင္ေဇာ္ႏွင့္ သက္ေဆြမင္း(ခ)ကိုစိုင္းဆိုသူတို႔ႏွစ္ဦးအား ရန္ကင္းၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၈/၂၀၁၈ ၊ မူးယစ္ေဆး၀ါးႏွင့္ စိ္တ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ လ်က္ရိွေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားခ်က္အရ သိရွိရပါသည္။

ေလးစားစြာျဖင့္
နဳိင္ျမန္မာ (ၾသစေၾတလွ်)
ကုိးကား Reference: Yangon Police
Reference link: https://www.facebook.com/yangonpolice/posts/1610927675703160
Retrieved date: 11/08/18

Unicode
အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၁၀၊ ၂၀၁၈

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား နေအိမ်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့်  ဖမ်းဆီးလိုက် ကြောင်း ယနေ့ သြဂုတ်လ ၉ ရက်နေ့၊ ညပိုင်းတွင်  ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ GOLDEN CITY အိမ်ရာ၊ တိုက်(ဘီ-၁)၊ (၁၇)လွှာ၊ အခန်း (၁၇၀၃) နေ အသက် ၃၅ နှစ်အရွယ် သက်ဆွေမင်း(ခ) ကိုစိုင်းဆိုသူ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် အတူ အသက် ၃၇ နှစ်အရွယ် မဝေလွင်ဇော်(ခ)ရွှေထိုက်အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

နေအိမ်ရှိ ပိုက်ဆံအိတ်အတွင်းမှ WY ဆေးပြား ၁၀၅ ပြားပါ ၁ ထုပ်၊ ၁၀ဝပြား ၁ ထုပ် စုစုပေါင်း ၂၀၅ ပြား၊  ICE ဟုယူဆရသော အကြည်ရောင် အကြေခဲ (၃)ဂရမ်၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုကိရိယာများ ၊ MI အမျိုးအစားလက်ကိုင် ဖုန်း ၂ လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းမိခဲ့သည်။

ထို့ပြင် ၎င်းတို့ငှားရမ်းနေထိုင်သည့်ဆိုသော  ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ အဝေရာလမ်းရှိ အမှတ် (၃၃/က) ပထမထပ်နေအိမ်တွင်လည်း သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများထပ်မံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ နေအိမ်မှ WY ဆေးပြား ၂၀ဝ ပြားစီပါ အထုပ် ၅၈ ထုပ်၊  ၁၈၅ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ၁၁,၇၈၅ ပြား၊ ICE ဟုယူဆရသော အကြည်ရောင်အကြေခဲ ၇၇၀ ဂရမ်ပါ ၁ ထုပ်၊ ဘိန်းဖြူဟု ယူဆရသော အမှုန့် ၁၁ ဂရမ် ခန့်ပါ  ၁ ခွက်၊ ဆေးခြောက်ဟု ယူဆရသည့် အရိုးအရွက်ခြောက် အလေးချိန် ၁၂ ဂရမ်ခန့်ပါ ၁ ဘူး၊ WY ဆေးပြား ၄ ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ယင်း  မူးယစ်ဆေးဝါးများကို ယနေ့သြဂုတ်လ ၉ ရက်၊ ည ၆ နာရီ ၄၅ မိနစ်အချိန် ရန်ကင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့နှင့်  မူးယစ်တပ်ဖွဲ့စု(၄၁)မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းပြီး မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခဲ့သည့် အဆိုတော်ရွှေထိုက်(ခ) မဝေလွင်ဇော်နှင့် သက်ဆွေမင်း(ခ)ကိုစိုင်းဆိုသူတို့နှစ်ဦးအား ရန်ကင်းမြို့မရဲစခန်းတွင် မယ(ပ) ၂၈/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိ်တ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

လေးစားစွာဖြင့်
နိုင်မြန်မာ (သြစတြေလျှ)
ကိုးကား Reference: Yangon Police
Reference link: https://www.facebook.com/yangonpolice/posts/1610927675703160
Retrieved date: 11/08/18

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...