Thursday, November 30, 2017

အရက်လာဝယ်သည့်သံဃာကိုမြို့နယ်သံဃနာယက က အရေးယူ၊ ရိုက်နှက်သည့် ဆိုင်ရှင်ကို ပုဒ်မ(၃)ခုဖြင့်အမှုဖွင့်



သတင်းတင်ထားသော လင့်: https://www.facebook.com/thenyangnews/photos/a.1876295312628521.1073741828.1867433203514732/2016205498637501/?type=3&theater

အရက်လာဝယ်သည့်သံဃာကိုမြို့နယ်သံဃနာယက က အရေးယူ၊ ရိုက်နှက်သည့် ဆိုင်ရှင်ကို ပုဒ်မ(၃)ခုဖြင့်အမှုဖွင့် ခဲ့ကြောင်း The Nyang News Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၃၀၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

နိုဝင်ဘာ(၃၀)၊ ၂၀၁၇၊ ရန်ကုန်

The Nyang News

အရက်လာဝယ်သည့်သံဃာတစ်ပါးနှင့် စားသောက်ဆိုင်ပိုင်ရှင်တို့ ရိုက်နှက်မှုဖြစ်စဉ်တွင် အရက်လာဝယ်သည့်သံဃာကို မြို့နယ်သံဃနာယက က သတိပေး ခံဝန်လက်မှတ် ရေးထိုးစေခဲ့ပြီး ရိုက်နှက်ခဲ့သည့်ဆိုင်ရှင်ကို ပုဒ်မ (၃) ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထောက်ကြန့်နယ်မြေရဲစခန်း ထံက သိရသည်။
ထောက်ကြန့်မြို့၊ရန်ကုန်ပြည်လမ်း၊ အမှတ် ၃၅(ဘီ) ရှိ လမင်းသာ(၂) စားသောက်ဆိုင်တွင် နိုဝင်ဘာလ (၂၈)ရက်က အရက်လာဝယ်သည့် သံဃာတစ်ပါးနှင့် ဆိုင်ရှင်အပါအဝင် လူ(၂)ဦးတို့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" သူက အရက်လာဝယ်တာ။ မူးလည်း မူးနေတယ်။ ဆိုင်ရှင်က မသင့်တော်ဘူးဆိုပြီး ဆိုင်ကထွက်သွားဖို့ ပြောတယ်။ ပြောတော့ ဘုန်းကြီးက သူကိုင်တဲ့တောင်ဝှေးနဲ့ ရိုက်လိုက်တယ်။ တောင်ဝှေးကိုလည်း တို့သိမ်းထားပြီးပြီ။ အဲဒီမှာ ဆိုင်ရှင် ဦးအောင်မိုးနဲ့ ဦးမြင့်ကျော်တို့က လက်နဲ့ဝိုင်းပြီး ထိုးကြိတ်ကြတယ်။ ဖြစ်စဉ်က အဲဒါပဲ" ဟု ထောက်ကြန့်နယ်မြေရဲစခန်းမှ တာဝန်မှူးက ပြောသည်။
ရိုက်နှက်ခံရသည့် သံဃာမှာ လှည်းကူးမြို့နယ် ဘုရားသုံးဆူကျေးရွာ ရမ္မာဝတီကျောင်းတိုက်မှ သက်တော်(၆၉) နှစ်၊ ၀ါတော် (၄၉)ဝါရှိ ဦးဣန္ဒကဖြစ်ကြောင်း၊ ၄င်းကို မြို့နယ်သံဃနာယကအဖွဲ့အတွင်းရေးမှူး မဟာဗောဓိပင်ကျောင်းတိုက်ဆရာတော် ဦးစက္ကန္ဒက ခေါ်ယူ၍ သတိပေးခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း တာဝန်မှူးက ဆက်ပြောသည်။

" (၂၉)ရက်နေ့မှာ စခန်းမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်။ ဘယ်သူမှ တိုင်လို့မဟုတ်ဘူး။ သံဃာကိုရိုက်တာ မသင့်တော်ဘူးဆိုပြီး စခန်းမှူးကပဲ အမှုဖွင့်ပြီး ဆိုင်ရှင်ကို ဖမ်းဆီးအရေးယူပြီးပြီ။ အဲဒီဆိုင်က ကုလားဆိုင်ဆိုတာလည်း မဟုတ်ဘူး။ ဦးအောင်မိုးက ဗမာ ဗုဒ္ဓဘာသာပဲ" ဟု ၄င်းက ဆိုသည်။
အဆိုပါအမှုအတွက် ဆိုင်ရှင်ဦးအောင်မိုးနှင့် ဦးမြင့်ကျော်တို့ကို (ပ)၁၂၅၆ ရာဇသတ်ကြီးဥပဒေပုဒ်မ၂၉၅ ၊ ၃၂၃ ၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းထံက သိရသည်။

Reference Link သတင်းတင်ထားသော လင့်: https://www.facebook.com/thenyangnews/photos/a.1876295312628521.1073741828.1867433203514732/2016205498637501/?type=3&theater

Retrieved Date: November 30, 2017

Friday, November 24, 2017

ထိုင်းတွင် မြန်မာ ၂ ဦး သေနတ်ဖြင့်ပစ်ခံရ၊ သေနတ်သမား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်




ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင်မှာ မနေ့ နေ့ခင်းပိုင်းက မြန်မာအလုပ်သမားချင်း သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ဦး ဒဏ်ရာရသွားကာ သေနတ်သမားလည်း သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ချန်နယ် ၇ တီဗွီသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပထုန်ဌာနီခရိုင် ဆာမ်ဖရန်းမြို့နယ် လိုက်ခင်ရပ်ကွက် မော်ဆရီလမ်းထဲမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ အသက် ၂၄ နှစ်ရွယ် မြန်မာလုပ်သားတဦးက သေနတ်နဲ့ပစ်ခတ်တဲ့အတွက် အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေးတဦးနဲ့ ၂၃ နှစ်ရွယ် မြန်မာ အမျိုးသားတဦးတို့ ဒဏ်ရာရသွားတယ်လို့ ဖိုးထိကယောက်နယ်မြေ ရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

အနီးနားရှိ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အဲဒီနေ့ နေ့ခင်းပိုင်းက မြန်မာအလုပ်သမားတွေ ငှားနေတဲ့ အိမ်ခန်းဘက်ကနေ သေနတ်သံတွေကြားလို့ အားလုံးထွက်ကြည့်ရာမှာ ဓာတ်မီးတိုင်အနီး ဆိုင်ကယ်ဘေးမှာ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်တို့ လဲကျနေတာ တွေ့ရကြောင်း၊ အဲဒီနောက် ဒဏ်ရာရ အမျိုးသားက လူတယောက်နောက်ကို ဓားနဲ့လိုက်ထိုးခဲ့ပြီး ဓားထိုးခံရသူက ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်သူမှာ ဒဏ်ရာရ မိန်းကလေးရဲ့ ဦးလေးတော်သူဖြစ်ကြောင်း၊ ဦးလေးမှ  ဇနီးဖြစ်သူရဲ့ တူမကို တဖက်သတ် ကြိုက်နေတာဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့နေ့က မိန်းကလေးနဲ့ အမျိုးသားတယောက် ဆိုင်ကယ်အတူစီးလာတာ တွေ့တဲ့အတွက် သဝန်တိုပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊ မိန်းကလေးနဲ့ လိုက်လာတဲ့သူမှာ သူမရဲ့ ရည်းစားမဟုတ်ဘဲ အစ်ကိုသာ ဖြစ်တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် မိန်းကလေးက ဦးခေါင်းမှာ ဒဏ်ရာရပြီး အမျိုးသားက ရင်ဘတ်မှာ ဒဏ်ရာရကြောင်း၊ သူတို့ကို ဆေးရုံ အမြန်ပို့ဆောင်ပေးပြီး ဒဏ်ရာမှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့  ဆိုပါတယ်။

တာဝန်ရှိသူတွေက အခင်းဖြစ်တဲ့ နေရာအနီးက ပွိုင့် ၃၈ ကျည်ခွံ ၃ ခုနဲ့ ကျောပိုးအိတ်တလုံးကို သက်သေအဖြစ် သိမ်းဆည်းပြီး သေနတ်သမားကို လိုက်လံရှာဖွေရာမှာ အဲဒီပတ်ဝန်းကျင်က အိမ်တအိမ်ထဲမှာ ပြစ်ဒဏ်ကို ရှောင်ရှားတဲ့အနေနဲ့ သူ့ကိုယ်သူ ဆွဲကြိုးချပြီး သေဆုံးနေတာ တွေ့ရတယ်လို့  ရဲက ပြောပါတယ်။

အဲဒီ မြန်မာအလုပ်သမားတွေရဲ့ အမည်နဲ့ အလုပ်အကိုင်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။


Credit to: ချန်နယ် ၇ တီဗွီသတင်း




ဆိုင်ကယ်နှင့်မသင်္ကာတွေ့ရှိသူများအားစစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက် ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၂၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၂၁

၁၉-၁၁-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃x၅၄ လမ်းကြား၊ ပိတောက်လမ်းအရောက်တွင် ဂျာလင်း Super Cub ဆိုင်ကယ်နှင့် မသင်္ကာတွေ့ ရှိသူ ဇူလှိုင်မိုး ၂၁ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူနှင့် နေလင်းစိုး ၂၁ နှစ်၊ ကန်သာယာရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်နေသူတို့ ၂ ဦးအား စစ်မေးရာ လွန်ခဲ့သော(၁၀)ရက်ခန့်က အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ ပွဲဈေးတန်းအတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ဇူလှိုင်မိုးနှင့် နေလင်းစိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၄၂၉/ ၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
ဆိုင်ကယ်နှင့်မသင်္ကာတွေ့ရှိသူများအားစစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်
မန္တလေး၊ နိုဝင်ဘာ ၂၁
၁၉-၁၁-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃x၅၄ လမ်းကြား၊ ပိတောက်လမ်းအရောက်တွင် ဂျာလင်း Supre Cub ဆိုင်ကယ်နှင့် မသင်္ကာတွေ့ ရှိသူ ဇူလှိုင်မိုး ၂၁ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူနှင့် နေလင်းစိုး ၂၁ နှစ်၊ ကန်သာယာ ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်နေသူတို့ ၂ ဦးအား စစ်မေးရာ လွန်ခဲ့သော(၁၀)ရက်ခန့်က အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ ပွဲစျေးတန်းအတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ဇူလှိုင်မိုးနှင့် နေလင်းစိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၄၂၉/ ၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 21, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 24/11/2017




မူးယစ်သတင်းအရ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခြေနင်းခွကြားရှိ ဘေးလွယ်အိတ်အတွင်းနှင့် ဆိုက်ကယ်တူးဘောက်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၂၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၂၁

၁၉-၁၁-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် မူးယစ်တပ်ဖွဲ့စု (၁၇)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ အောင်ဆန်းလမ်း နှင့် ငကျွဲလမ်းကြား၊ ၅၇ လမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ခိုင်မိုးလှိုင်(ခ)အားကျန်း ၂၈ နှစ်၊ ၅၅x၅၆ လမ်းကြား၊ ခိုင်ရွှေဝါလမ်းနှင့် မနော်ဟရီ လမ်းကြား၊ ထွန်းတုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူ မောင်းနှင်သည့် ၃၄ယ/xxxx Honda Click-125 ဆိုင်ကယ် အားရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခြေနင်းခွကြားရှိ ဘေးလွယ်အိတ်အတွင်းမှ ပလပ်စတစ်ဆပ်ပြာခွက် အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင်မှုန့် အလေးချိန် ၁၃ ဂရမ်ခန့် စီပါ ဆပ်ပြာခွက် ၁၀ ခွက်၊ အလေးချိန် ၁၃၀ ဂရမ်ခန့်၊ ဆိုင်ကယ် တူးဘောက်အတွင်း ပလပ်စတစ်ဆပ်ပြာခွှက် အတွှင်းထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင်မှုန့် အလေးချိန် ၁၃ ဂရမ်ခန့် စီပါဆပ်ပြာခွှက် ၁၀ ခွက်၊ အလေးချိန် ၁၃၀ ဂရမ်ခန့်၊ စုစုပေါင်း ဆပ်ပြာခွက် ၂၀ ခွက်၊ အလေးချိန် ၂၆၀ ဂရမ်ခန့်(ဒေသပေါက်ဈေး ၁ ဂရမ်လျှင် ၇၀၀၀၀ ကျပ်နှုန်းဖြင့် ၁၈၂ သိန်းကျပ်ခန့်)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

Unicode
မူးယစ်သတင်းအရ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခြေနင်းခွကြားရှိ ဘေးလွယ်အိတ်အတွင်းနှင့် ဆိုက်ကယ်တူးဘောက်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ နိုဝင်ဘာ ၂၁
၁၉-၁၁-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် မူးယစ်တပ်ဖွဲ့စု (၁၇)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ အောင်ဆန်းလမ်း နှင့် ငကျွဲလမ်းကြား၊ ၅၇ လမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ခိုင်မိုးလှိုင်(ခ)အားကျန်း ၂၈ နှစ်၊ ၅၅x၅၆ လမ်းကြား၊ ခိုင်ရွှေဝါလမ်းနှင့် မနော်ဟရီ လမ်းကြား၊ ထွန်းတုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူ မောင်းနှင်သည့် ၃၄ယ/×××× Honda Click-125 ဆိုင်ကယ် အားရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခြေနင်းခွကြားရှိ ဘေးလွယ်အိတ်အတွင်းမှ ပလပ်စတစ်ဆပ်ပြာခွက် အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်မှုန့် အလေးချိန် ၁၃ ဂရမ်ခန့် စီပါ ဆပ်ပြာခွက် ၁၀ ခွက်၊ အလေးချိန် ၁၃၀ ဂရမ်ခန့်၊ ဆိုင်ကယ် တူးဘောက်အတွင်း ပလပ်စတစ်ဆပ်ပြာခွက် အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်မှုန့် အလေးချိန် ၁၃ ဂရမ်ခန့် စီပါဆပ်ပြာခွက် ၁၀ ခွက်၊ အလေးချိန် ၁၃၀ ဂရမ်ခန့်၊ စုစုပေါင်း ဆပ်ပြာခွက် ၂၀ ခွက်၊ အလေးချိန် ၂၆၀ ဂရမ်ခန့်(ဒေသပေါက် စျေး ၁ ဂရမ်လျှင် ၇၀၀၀၀ ကျပ်နှုန်းဖြင့် ၁၈၂ သိန်းကျပ်ခန့်)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 21, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 24/11/2017

Saturday, November 18, 2017

ဈေးအတွင်း နှစ်လုံးထီလောင်းကစားနေသူအား အရေးယူ




ဈေးအတွင်း နှစ်လုံးထီလောင်းကစားနေသူအား အရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၈၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၈


Unicode
စျေးအတွင်း နှစ်လုံးထီလောင်းကစားနေသူအား အရေးယူ
မန္တလေး၊ နိုဝင်ဘာ ၁၈
၁၇-၁၁-၂၀၁၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မဟာအောင်မြေမြို့နယ်၊ ဘုရားကြီးဈေးအတွင်း ငါး တန်းဆိုင်ခန်းလွတ်(ဆိုင်အမှတ်မရှိ)တွင် ဒေါ်ဖြူ(ခ)ဒေါ်ခင်ဖြူ ၅၇ နှစ်၊ မြောက်ရွာသစ်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူအား နှစ်လုံးထီလောင်း ကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေး ငွေ(၁၆၁၅၀၀)ကျပ်နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဒေါ်ဖြူ(ခ) ဒေါ်ခင်ဖြူ အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၇၂၆/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 18, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 18/11/2017





ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူစစ်ဆေးအရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၈၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၈

Unicode
ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူစစ်ဆေးအရေးယူ
မန္တလေး၊ နိုဝင်ဘာ ၁၈
၁၇-၁၁-၂၀၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် အမှတ်(၆)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းအေးသာစံမြို့နယ်၊ ဟေမမာ လာရှေ့ရပ်ကွက်၊ ၈၆ လမ်း၊ ၂၆x၂၇ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် နံပါတ်မပါ Honda Click ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူ ဖြိုးယံထက် ၂၁ နှစ်၊ ရွှေပေါက်ကံကျေးရွာ၊ မြောင်မြို့နယ်နေသူဖြစ်ပြီး ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြောဆို ပြသနိုင်ခြင်း မရှိဘဲ နေအိမ်တစ်အိမ်အတွင်းမှ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံ ဆိုင်ကယ်အား သိမ်းဆည်းပြီး ဖြိုးယံထက် အား အမှတ်(၆)နယ်မြေရဲစခန်း (ပ)၅၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ၅၄ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 18, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 18/11/2017

Wednesday, November 15, 2017





ဆိုင်ကယ် ခိုးမှုကျူးလွန်ထားသည်ဟု သတင်းရရှိသူအားစစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက် ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၄၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၄

၁၂-၁၁-၂၀၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၁၁) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူနယ်မြေအတွင်း သတင်းစုံစမ်းစဉ် ၇၂x၇၃လမ်းကြား၊ မနော်ဟရီလမ်းပေါ်တွင် ဆိုင်ကယ် ခိုးမှုကျူးလွန်ထားသည်ဟု သတင်းရရှိသူ ငကျွတ် ၂၉ နှစ်၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်နေသူအားတွေ့ရှိစစ်မေးရာ ၁၀-၁၁-၂၀၁၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၇၁x၇၂လမ်းကြား၊ စိန်ပန်းလမ်းနှင့်မေမြို့သံလမ်းကြားရှိ နေအိမ် တစ်အိမ်ရှေ့တွင်ရပ်ထားသည့် ၅၃ယ/xxxxXin Anbo-125 အနက်ရောင်ဆိုင်ကယ် တစ်စီးအား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်၍ သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ငကျွတ်အား အမှတ်(၁၁) နယ်မြေရဲစခန်း (ပ)၅၄၅/၂၀၁၇ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၅၄ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
ဆိုင်ကယ် ခိုးမှုကျူးလွန်ထားသည်ဟု သတင်းရရှိသူအားစစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်
မန္တလေး၊ နိုဝင်ဘာ ၁၄
၁၂-၁၁-၂၀၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၁၁) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူနယ်မြေအတွင်း သတင်းစုံစမ်းစဉ် ၇၂x၇၃လမ်းကြား၊ မနော်ဟရီလမ်းပေါ်တွင် ဆိုင်ကယ် ခိုးမှုကျူးလွန်ထားသည်ဟု သတင်းရရှိသူ ငကျွတ် ၂၉ နှစ်၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်နေသူအားတွေ့ရှိစစ်မေးရာ ၁၀-၁၁-၂၀၁၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၇၁x၇၂လမ်းကြား၊ စိန်ပန်းလမ်းနှင့်မေမြို့သံလမ်းကြားရှိ နေအိမ် တစ်အိမ်ရှေ့တွင်ရပ်ထားသည့် ၅၃ယ/××××Xin Anbo-125 အနက်ရောင်ဆိုင်ကယ် တစ်စီးအား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်၍ သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ငကျွတ်အား အမှတ်(၁၁) နယ်မြေရဲစခန်း (ပ)၅၄၅/၂၀၁၇ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၅၄ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 14, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 16/11/2017





အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ၀ိုင်းဖွဲ့သောက်စားနေသူများအားအရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၄
မန္တလေးခရိုင်အတွင်း အထူးစီမံချက်ရေးဆွဲ၍ လုံခြုံရေးနှင့် တရားဥပေဒစိုးမိုးရေးအတွက် မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦး ကြပ်မတ်ပြီး မန္တလေးခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်၏ ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်အရံမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျုံးဘေးပတ်လည်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အ၀ိုင်းအနီးတွင် အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ၀ိုင်းဖွဲ့သောက်စားနေသူများအား အရေးယူ ဆောင်ရွက်ခဲ့ရာ ၁၂.၁၁.၂၀၁၇ ရက်နေ့နှင့် ၁၃.၁၁.၂၀၁၇ ရက်နေ့ ညပိုင်းတို့တွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ၈ ဦးအား အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

Unicode
အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့သောက်စားနေသူများအားအရေးယူ
မန္တလေး၊ နိုဝင်ဘာ ၁၄
မန္တလေးခရိုင်အတွင်း အထူးစီမံချက်ရေးဆွဲ၍ လုံခြုံရေးနှင့် တရား ဥပေဒစိုးမိုးရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မြင့်ဦး ကြပ်မတ်ပြီး မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်၏ ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်အရံမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျုံးဘေးပတ်လည်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးတွင် အများပြည်သူ စိတ်ညိုငြင်စေပြီးအနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့ သောက်စား နေသူများအား အရေးယူဆောင်ရွက်ခဲ့ရာ ၁၂-၁၁-၂၀၁၇ ရက်နေ့နှင့် ၁၃-၁၁-၂၀၁၇ ရက်နေ့ ညပိုင်းတို့တွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ၈ ဦးအား အရေးယူဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 14, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 16/11/2017





ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရာ ယာဉ်၏ရှေ့/နောက်ခန်းတံခါး ၄ ခုအတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၅
၁၄-၁၁-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လယ်ကြီးရဲကင်းမှူးနှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းရှေ့၌ သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မိုင်းလုံမှ မိုးကုတ်ဘက်သို့ စိုးလှမိုး ၁၉ နှစ်၊ ဈေးသစ်ရပ်၊ ဟားခါးမြို့၊ ချင်းပြည်နယ် နေသူမောင်းနှင်လာသည့် YGN4D-xxxx Landcruiser အနက် ရောင်ယာဉ်အားရပ်တန့်စစ်ဆေးရာ ယာဉ်၏ရှေ့/နောက်ခန်းတံခါး ၄ ခုအတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့်အလေး ချိန် ၁၁ ဂရမ်ခန့်စီပါရောင်စုံဆပ်ပြာခွက် ၃၀ ခွက်၊ အလေးချိန် ၃၃၀ ဂရမ်ခန့်(တန်ဖိုး ၃၃၀၀၀၀၀၀ ကျပ်ခန့်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးလှမိုးအား မိုးကုတ်မြို့မရဲစခန်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Unicode
ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရာ ယာဉ်၏ရှေ့/နောက်ခန်းတံခါး ၄ ခုအတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ နိုဝင်ဘာ ၁၅
၁၄-၁၁-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လယ်ကြီးရဲကင်းမှူး)နှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းရှေ့၌ သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မိုင်းလုံမှ မိုးကုတ်ဘက်သို့ စိုးလှမိုး ၁၉ နှစ်၊ စျေးသစ်ရပ်၊ ဟားခါးမြို့၊ ချင်းပြည်နယ် နေသူမောင်းနှင်လာသည့် YGN4D-×××× Landcruiser အနက် ရောင်ယာဉ်အားရပ်တန့်စစ်ဆေးရာ ယာဉ်၏ရှေ့/နောက်ခန်းတံခါး ၄ ခုအတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့်အလေး ချိန် ၁၁ ဂရမ်ခန့်စီပါရောင်စုံဆပ်ပြာခွက် ၃၀ ခွက်၊ အလေးချိန် ၃၃၀ ဂရမ်ခန့်(တန်ဖိုး ၃၃၀၀၀၀၀၀ ကျပ်ခန့်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးလှမိုးအား မိုးကုတ်မြို့မရဲစခန်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 15, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 16/11/2017





နှစ်လုံးထီလောင်းကစားနေသူအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၅

Unicode
နှစ်လုံးထီလောင်းကစားနေသူအား အရေးယူ
မန္တလေး၊ နိုဝင်ဘာ ၁၅
၁၄-၁၁-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီ ၅၀ အချိန် မိတ္ထီလာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မိတ္ထီလာမြို့၊ သမုန်းကုန်းရပ်ကွက်နေ မကျော့ကျော့ခိုင် ၃၀ နှစ်၏နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ၎င်းအား နေအိမ်နောက်ဖေး အဖီတဲအတွင်း၌ နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်း များ၊လောင်းကြေးငွေ နှင့် အတူတွေ့ရှိသိမ်းဆည်းရမိသဖြင့် မကျော့ကျော့ခိုင် အား မိတ္ထီလာမြို့မရဲစခန်း (ပ)၄၄၆/၂၀၁၇ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က) အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 15, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 16/11/2017

Sunday, November 12, 2017





မူးယစ်သတင်းအရ ရှာဖွေရာ ၀တ်ဆင်ထားသည့် အနွေးထည်အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၂၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၂

Unicode
မူးယစ်သတင်းအရ ရှာဖွေရာ ဝတ်ဆင်ထားသည့် အနွေးထည်အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
မန္တလေး၊ နိုဝင်ဘာ ၁၂
၁၁-၁၁-၂၀၁၇ ရက်နေ့ နံနက် ၅ နာရီ ၁၅ အချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ GTC ကျောင်းအနီး မြို့ပတ်လမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ကျော်မြင့်အောင် ၅၂ နှစ်၊ မိုးဟောက်ကျေးရွာ၊ မိုးမိတ်မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နေသူအားတွေ့ရှိ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည် အိတ်ကပ်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လျက် 88/1 စာတန်းပါပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၂၀၀)ပြားစီပါ (၂)ထုပ်၊ WY စာတန်းပါပန်း ရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၉၀) ပြားပါ (၁)ထုပ်၊ စုစုပေါင်း ဆေးပြား(၅၉၀)ပြား၊ အလေးချိန်(၅၉)ဂရမ်၊(ဒေသပေါက်ဈေး ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၂၉၅၀၀၀၀ ကျပ်ခန့်)အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ကျော်မြင့်အောင် အား ပုသိမ်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 12, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 12/11/2017





အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ၀ိုင်းဖွဲ့သောက်စားနေသူများအားအရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၂၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၂

Unicode
အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့သောက်စားနေသူများအားအရေးယူ
မန္တလေး၊ နိုဝင်ဘာ ၁၂
မန္တလေးခရိုင်အတွင်း အထူးစီမံချက်ရေးဆွဲ၍ လုံခြုံရေးနှင့် တရား ဥပေဒစိုးမိုးရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မြင့်ဦး ကြပ်မတ်ပြီး မန္တလေးခရိုင် ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး၊ ရဲမှူး သန်းအောင်၏ ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်အရံမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျုံးဘေးပတ်လည်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးတွင် အများပြည်သူ စိတ်ညိုငြင်စေပြီးအနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့ သောက်စား နေသူများအား အရေးယူဆောင်ရွက်ခဲ့ရာ ၁၁-၁၁-၂၀၁၇ ရက်နေ့ညပိုင်းတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ၇ ဦးအား အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိသည်။

This article first appears in Mandalay Police news on November 12, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 12/11/2017

Friday, November 10, 2017




မူးယစ်သတင်းအရ ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းသူ၏ အတွင်းခံဘောင်းဘီအတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၁၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၁၁

၁၀-၁၁-၂၀၁၇ ရက်နေ့ ည ၇ နာရီ ၄၀ အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှ တပ်ဖွဲ့ဝင်များ၊ မိုးကုတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တို့နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မိုးကုတ်မြို့၊ မိုးကုတ်-မိုင်းလုံကားလမ်း၊ အဖြူရောင်ရွာအနီး၌ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မိုင်းလုံမှ မိုးကုတ်ဘက်သို့ ရဲလင်းစိုး(ခ)ချင်းလေးမောင် ၂၃ နှစ်၊ သဖန်းပင်ရပ်၊ မိုးကုတ်မြို့နေသူမောင်းနှင်ပြီး တစ်ရပ်တည်းနေ သက်ပိုင်ဦး(ခ)မောင်မောင် ၂၀ နှစ်၊ နောက်ထိုင်လိုက်ပါလာသည့် ၄၄ယ/xxxxx TVS ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ရဲလင်းစိုး(ခ) ချင်းလေးမောင်ဝတ်ဆင်ထားသည့် အတွင်းခံဘောင်းဘီအတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်လျက် 88/1 စာ တန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ ပြား၊အလေးချိန် ၁၈ ဂရမ်(ဒေသပေါက်ဈေး တစ်ပြားလျင် ၃၀၀၀ ကျပ်နှုန်းဖြင့် ၅၄၀၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Unicode
မူးယစ်သတင်းအရ ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းသူ၏ အတွင်းခံဘောင်းဘီအတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ နိုဝင်ဘာ ၁၁
၁၀-၁၁-၂၀၁၇ ရက်နေ့ ည ၇ နာရီ ၄၀ အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှ တပ်ဖွဲ့ဝင်များ၊ မိုးကုတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တို့နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မိုးကုတ်မြို့၊ မိုးကုတ်-မိုင်း လုံကားလမ်း၊ အဖြူရောင်ရွာအနီး၌ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မိုင်းလုံမှ မိုးကုတ်ဘက်သို့ ရဲလင်းစိုး(ခ)ချင်းလေးမောင် ၂၃ နှစ်၊ သဖန်းပင်ရပ်၊ မိုးကုတ်မြို့နေသူမောင်းနှင်ပြီး တစ်ရပ်တည်းနေ သက်ပိုင်ဦး(ခ)မောင်မောင် ၂၀ နှစ်၊ နောက်ထိုင်လိုက်ပါလာသည့် ၄၄ယ/××××× TVS ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ရဲလင်းစိုး(ခ)ချင်းလေးမောင်ဝတ်ဆင်ထားသည့် အတွင်းခံဘောင်း ဘီအတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် 88/1 စာ တန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ ပြား၊အလေးချိန် ၁၈ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၃၀၀၀ ကျပ်နှုန်းဖြင့် ၅၄၀၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 11, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 11/11/2017

Tuesday, November 7, 2017




နှစ်လုံးချဲထီ လောင်းကစားနေသူများအား အရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၇

၆-၁၁-၂၀၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ အချိန် မဟာအောင်မြေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ မြင်း ၀န်မင်းကြီးကျောင်းတိုက်၊ ဥယျာဉ်ကျောင်းအတွင်းဝင်ရောက် စစ်ဆေးရာ သိန်းထွန်းဦး ၄၂ နှစ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ မဟာအောင်မြေ မြို့နယ်နေသူအား နှစ်လုံး/ချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၆၂၀၀၀ ကျပ်နှင့် အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် သိန်းထွန်းဦးအား မဟာအောင်မြေမြို့မရဲစခန်း (ပ)၇၁၂/၂၀၁၇ လောင်းကစားပုဒ်မ ၁၅ (က)/၁၆(က)အရ လည်းကောင်း၊ ညနေ ၃ နာရီ ၁၅ အချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူလောင်း ကစားသတင်းအရ ပြည်ကြီးတံခွန် မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၅x ကနောင်မင်းသားကြီးလမ်းထောင့်ရှိ မရီရီချို(ခ)မချို ၃၉ နှစ်၊ စည်ပင်ရွာ၊ အမရပူရမြို့နယ် နေသူ၏ကွမ်းယာဆိုင်သို့ဝင်ရောက်စစ်ဆေးရာ ၎င်း အား နှစ်လုံးထီ/ဘောလုံး လောင်းကစားရာတွင် အသုံးပြုသည့် စာရံက်စာတမ်းများ၊ လောင်းကြေးငွေ ၇၇၇၅၀ ကျပ်၊ လက်ကိုင် ဖုန်း ၁ လုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် မရီရီချို (ခ)မချိုအား စက်မှုနယ်မြေရဲစခန်း (ပ)၇၇/၂၀၁၇ လောင်းကစားပုဒ်မ ၁၅ (က)/၁၆(က)အရလည်းကောင်း၊ နံနက် ၁၁ နာရီအချိန် မိတ္ထီလာ၊ အမှတ်-၂ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်စဉ် မိတ္ထီလာမြို့၊ ၀န်ဇင်းရပ်ကွက်၊ နယ်မြေ(၁၆)လမ်းတွင် လောင်းကစားပြုလုပ်ကြောင်းသတင်းရရှိထားသူ ၎င်းရပ်ကွက် နေ မစန်းမြင့် ၅၄ နှစ်အား တွေ့ရှိရှာဖွေစစ်ဆေးရာ ၎င်းထံမှ နှစ်လုံးထီလောင်းကစားရာ တွင်အသုံးပြုသည့်စာရွက် စာတမ်းများ၊လောင်းကြေးငွေ ၃၆၆၅၀ ကျပ်တို့အားသိမ်းဆည်းရမိသဖြင့် မစန်းမြင့်အား အမှတ်-၂ နယ်မြေရဲစခန်း (ပ)၂၇၈/၂၀၁၇ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
နှစ်လုံးချဲထီ လောင်းကစားနေသူများအား အရေးယူ
မန္တလေး၊ နိုဝင်ဘာ ၇
၆-၁၁-၂၀၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ အချိန် မဟာအောင်မြေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ မြင်း ဝန်မင်းကြီးကျောင်းတိုက်၊ ဥယျာဉ်ကျောင်းအတွင်းဝင်ရောက် စစ်ဆေးရာ သိန်းထွန်းဦး ၄၂ နှစ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ မဟာအောင်မြေ မြို့နယ်နေသူအား နှစ်လုံး/ချဲထီလောင်းကစားရာတွင်အသုံးပြု သည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၆၂၀၀၀ ကျပ်နှင့် အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် သိန်းထွန်းဦးအား မဟာအောင်မြေမြို့မရဲစခန်း (ပ)၇၁၂/၂၀၁၇ လောင်းကစားပုဒ်မ ၁၅ (က)/၁၆(က)အရလည်းကောင်း၊ ညနေ ၃ နာရီ ၁၅ အချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူလောင်း ကစားသတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊ ၅၅x ကနောင်မင်းသားကြီးလမ်းထောင့်ရှိ မရီရီချို(ခ)မချို ၃၉ နှစ်၊ စည်ပင်ရွာ၊ အမရပူရမြို့နယ် နေသူ၏ကွမ်းယာဆိုင်သို့ဝင်ရောက်စစ်ဆေးရာ ၎င်း အား နှစ်လုံးထီ/ဘောလုံးလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၇၇၇၅၀ ကျပ်၊ လက်ကိုင် ဖုန်း ၁ လုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် မရီရီချို (ခ)မချိုအား စက်မှုနယ်မြေရဲစခန်း (ပ)၇၇/၂၀၁၇ လောင်းကစား ပုဒ်မ ၁၅ (က)/၁၆(က)အရလည်းကောင်း၊ နံနက် ၁၁ နာရီအချိန် မိတ္ထီလာ၊ အမှတ်-၂ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်စဉ် မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ နယ်မြေ(၁၆)လမ်းတွင် လောင်းကစားပြုလုပ်ကြောင်းသတင်းရရှိထားသူ ၎င်းရပ်ကွက် နေ မစန်းမြင့် ၅၄ နှစ်အား တွေ့ရှိရှာဖွေစစ်ဆေးရာ ၎င်းထံမှ နှစ်လုံးထီလောင်းကစားရာ တွင်အသုံးပြုသည့်စာရွက် စာတမ်းများ၊လောင်းကြေးငွေ ၃၆၆၅၀ ကျပ်တို့အားသိမ်းဆည်းရမိသဖြင့် မစန်းမြင့်အား အမှတ်-၂ နယ်မြေရဲစခန်း (ပ)၂၇၈/၂၀၁၇ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 7, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/posts/975720849234338

Retrieved Date: 8/11/2017

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...