Tuesday, January 23, 2018

မြစ်ကြီးနားမြို့၊ မြို့မဈေး ကမ္ဘောဇဘဏ် လက်နက်များဖြင့် ခြိမ်းခြောက်၊ ငွေကျပ်သိန်း (၉ ၂၀) ကျော် လုယူခံရ



၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ၊ ၂၃ ရက်နေ့ ဘဏ်ပိတ်ချိန်နောက်ပိုင်း မွန်းလွဲ (၃) နာရီကျော်ခန့် တွင် မြစ်ကြီးနားမြို့၊ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့ လူ (၄) ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ ၀န်ထမ်းများအား အသင့်ယူဆောင်လာသော လက်နက်များဖြင့် ခြိမ်းခြောက်ကာ ဘဏ်မှ ငွေကျပ် သိန်း (၉ ၂၀) ကျော်ကို လုယူထွက်ပြေးသွား ခဲ့ကြောင်း KBZ BANK Facebook စာမျက်နှာတွင် ဇန်န၀ါရီ ၂၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်အနေဖြင့် မြစ်ကြီးနားမြို့၊ အမှတ် (၁) ရဲစခန်းသို့ ဥပဒေနှင့်အညီ အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်ကြောင်း၊ လုယက်သွားသူများအား အလျင်အမြန် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ရဲဌာနမှ ကြိုးပမ်းဆောင်ရွက်နေကြာင်း သိရှိရပါသည်။

Friday, January 19, 2018





မူးယစ်သတင်းအရ လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသူအား မသင်္ကာစစ်ဆေးရာ ၀တ်ဆင်ထားသည့် အင်္ကျီ အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးသိမ်းဆည်းရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဇန်န၀ါရီ ၁၂၀၁ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဇန်န၀ါရီ ၁၇

၁၆-၁-၂၀၁၈ ရက်နေ့ ည ၉ နာရီ ၄၀ အချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁)နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်၊ ၆၂ လမ်း၊ အရိုးကုဆေးရုံဝန်းအတွင်းရှိ ကဖေးနှင့်အအေးဆိုင် အတွင်းထိုင်နေသူ ဝေါ်တာ(ခ)စောထက် ၅၅ နှစ်၊ အောင်မြရွာ၊ မိုးမိတ်မြို့နေသူ၊ တင်သန်းဇော်(ခ)အီမို ၂၃နှစ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံ မြို့နယ် နေသူနှင့် သက်စိုးခိုင်(ခ)ဖိုးသား ၃၂ နှစ်၊ မင်းတဲအီကင်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ် နေသူတို့ ၃ ဦးအား ရှာဖွေရာ ဝေါ်တာ(ခ)စောထက် ၀တ်ဆင်ထားသည့် အနွေးအင်္ကျီလက်ရှည် ၀ဲဘက်အောက် အိပ်ကပ် အတွင်းမှအနက်ရောင် ကြွှပ်ကြွှပ်အိတ်ဖြင့်ထားသော အပြာရောင်ကပ်ခွှာအိတ် ၁ အိတ်လျင် 88/1 စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၈ ထုပ်၊ ၁၆၀၀ ပြား၊ ၁၆၅ ပြားပါ ၁ ထုပ်၊ ပေါင်း ၁၇၆၅ ပြား၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ စုစုပေါင်းဆေးပြား ၁၉၅၆ ပြား၊ အလေးချိန် ၁၉၆.၅ဂရမ် (ဒေသပေါက်ဈေး ၁ ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၉၈၂၅၀၀၀ ကျပ်ခန့်)အား သိမ်းဆည်းရမိသဖြင့် ဝေါ်တာ(ခ)စောထက်ပါ၃ ဦးအား အမှတ်(၁၁)နယ်မြေရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း သတင်းရှိသည်။

Unicode
မူးယစ်သတင်းအရ လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသူအား မသင်္ကာစစ်ဆေးရာ ဝတ်ဆင်ထားသည့် အင်္ကျီအိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးသိမ်းဆည်းရမိ

မန္တလေး၊ ဇန်နဝါရီ ၁၇

၁၆-၁-၂၀၁၈ ရက်နေ့ ည ၉ နာရီ ၄၀ အချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁) နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၂ လမ်း၊ အရိုးကုဆေးရုံဝန်းအတွင်းရှိ ကဖေးနှင့်အအေးဆိုင် အတွင်းထိုင်နေသူ ဝေါ်တာ(ခ)စောထက် ၅၅ နှစ်၊ အောင်မြရွာ၊ မိုးမိတ်မြို့နေသူ၊ တင်သန်းဇော် (ခ)အီမို ၂၃ နှစ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ် နေသူနှင့် သက်စိုးခိုင်(ခ)ဖိုးသား ၃၂ နှစ်၊ မင်းတဲအီကင်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ် နေသူတို့ ၃ ဦးအား ရှာဖွေရာ ဝေါ်တာ(ခ)စောထက် ဝတ်ဆင်ထားသည့် အနွေးအင်္ကျီလက်ရှည် ဝဲဘက်အောက် အိပ်ကပ် အတွင်းမှအနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထားသော အပြာရောင်ကပ်ခွာအိတ် ၁ အိတ်လျင် 88/1 စာတန်းပါ နီညိုရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၈ ထုပ်၊ ၁၆၀၀ ပြား၊ ၁၆၅ ပြားပါ ၁ ထုပ်၊ ပေါင်း ၁၇၆၅ ပြား၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ စုစုပေါင်းဆေးပြား ၁၉၅၆ ပြား၊ အလေးချိန် ၁၉၆.၅ဂရမ်(ဒေသပေါက်စျေး ၁ ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၉၈၂၅၀၀၀ ကျပ်ခန့်)အား သိမ်း ဆည်းရမိသဖြင့် ဝေါ်တာ(ခ)စောထက်ပါ၃ ဦးအား အမှတ်(၁၁)နယ်မြေရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေး ယူထားကြောင်း သတင်း ရရှိသည်။

This article first appears in Mandalay Police news on January 17, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 19/01/2018





အများပြည်သူစိတ်ညိုငြင်စေပြီးအနှောင့်အယှက်ဖြစ်လောက်အောင်အရက်ဝိုင်းများဝိုင်းဖွဲ့သောက်စားနေသူများအားအရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဇန်န၀ါရီ ၁၂၀၁ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဇန်န၀ါရီ ၁၇

Unicode
အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့သောက်စားနေသူများအားအရေးယူ

မန္တလေး၊ ဇန်နဝါရီ ၁၇

မန္တလေးခရိုင်အတွင်း အထူးစီမံချက်ရေးဆွဲ၍ လုံခြုံရေးနှင့် တရား ဥပေဒစိုးမိုးရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မြင့်ဦး ကြပ်မတ်ပြီး မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး မျိုးအောင်၏ ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်အရံမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျုံးဘေးပတ်လည်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးတွင် အများပြည်သူ စိတ်ညိုငြင်စေပြီးအနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့ သောက်စားနေသူများအား အရေးယူဆောင်ရွက်ခဲ့ရာ ၁၆-၁-၂၀၁၈ ရက်နေ့ညပိုင်းတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ၃ ဦးအား အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိသည်။

This article first appears in Mandalay Police news on January 17, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 19/01/2018

ကားမွန္အား ခြဲ၍ ပုိက္ဆံအိတ္လုယူသြားသူအား အေရးယူ




ကားမှန်အား ခွဲ၍ ပိုက်ဆံအိတ်လုယူသွားသူအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဇန်န၀ါရီ ၁၈၂၀၁ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဇန်န၀ါရီ ၁၈

၁၇-၁-၂၀၁၈ ရက်နေ့ နံနက် ၂ နာရီခွှဲအချိန် အမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ညဥ့်နက်လှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ လမ်း ၆၀၊ ၃၁x၃၂ လမ်းကြားရှိ လမ်းအရှေ့ဘက်တွင် ရပ်ထားသော မော်တော်ယာဉ်တစ်စီးအနီးတွင် အမျိုးသားတစ်ဦးအား ၃၄ယ/xxxxx New ANBO-125 ဆိုင်ကယ်နှင့်အတူ မသင်္ကာတွေ့ရှိစစ်မေးရာ ၎င်းသည် ဝေဖြိုး(ခ)ဂူးဂူး ၂၄ နှစ်၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်အား ရှာဖွေရာ အင်္ကျီအိတ်ကပ်အတွင်းမှ ဆိုင်ကယ်ပလပ်ခေါင်းများအား ထုချေကာကြွေသီးမှုန့်များထည့်ထားသော အထုပ်(၁)ထုပ်အား တွေ့ရှိ စစ်မေးရာ ၎င်းသည် ၁၆-၁-၂၀၁၈ ရက်နေ့ ည ၉ နာရီအချိန် ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၂x၆၀ လမ်းထောင့်၊ ရတနာတိုင်းပြည် တိုက်ခန်းရှေ့တွင် ရပ်ထားသော မော်တော်ယာဉ်တစ်စီး၏ မှန်တံခါးအားကြွေသီးမှုန့်များဖြင့် ပစ်ပေါက် ဖျက်ဆီးပြီး ယာဉ်အတွင်းမှအမျိုးသားကိုင်လယ်သာပိုက်ဆံအိတ်(၁)ခုအားခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ဝေဖြိုး(ခ)ဂူးဂူးအား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Unicode
ကားမှန်အား ခွဲ၍ ပိုက်ဆံအိတ်လုယူသွားသူအား အရေးယူ

မန္တလေး၊ ဇန်နဝါရီ ၁၈

၁၇-၁-၂၀၁၈ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် အမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ညဉ့်နက်လှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ် ကွက်၊ လမ်း ၆၀၊ ၃၁x၃၂ လမ်းကြားရှိ လမ်းအရှေ့ဘက်တွင် ရပ်ထားသော မော်တော်ယာဉ်တစ်စီး အနီးတွင် အမျိုးသားတစ်ဦးအား ၃၄ယ/×××××New ANBO-125 ဆိုင်ကယ်နှင့်အတူ မသင်္ကာ တွေ့ရှိစစ်မေးရာ ၎င်းသည် ဝေဖြိုး(ခ)ဂူးဂူး ၂၄ နှစ်၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ် နေသူဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်အားရှာဖွေရာ အင်္ကျီအိတ်ကပ်အတွင်းမှ ဆိုင်ကယ်ပလပ်ခေါင်းများအား ထုချေ ကာကြွေသီးမှုန့်များထည့်ထားသော အထုပ်(၁)ထုပ်အားတွေ့ရှိ စစ်မေးရာ ၎င်းသည် ၁၆-၁-၂၀၁၈ ရက်နေ့ ည ၉ နာရီအချိန် ပြည် ကြီးမျက်ရှင်ရပ်ကွက်၊ ၃၂x၆၀ လမ်းထောင့်၊ ရတနာတိုင်းပြည် တိုက်ခန်းရှေ့တွင်ရပ်ထားသော မော်တော်ယာဉ်တစ်စီး၏မှန်တံခါးအားကြွေသီးမှုန့်များဖြင့် ပစ်ပေါက် ဖျက်ဆီးပြီး ယာဉ်အတွင်း မှအမျိုးသားကိုင်လယ်သာပိုက်ဆံအိတ်(၁)ခုအားခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ဝေဖြိုး (ခ)ဂူးဂူး အား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on January 18, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 19/01/2018

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...