Friday, March 23, 2018






ခရမ်းမြို့နယ်၌ ဗီယက်နမ်နိုင်ငံသား ၂ ဦးခိုက်ရန်ဖြစ်ပွားရာမှ ဓားဖြင့်ခုတ်၍ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့ကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

နေပြည်တော်၊ မတ် ၂၃


Unicode

ခရမ်းမြို့နယ်၌ ဗီယက်နမ်နိုင်ငံသား ၂ ဦးခိုက်ရန်ဖြစ်ပွားရာမှ ဓားဖြင့်ခုတ်၍ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား
နေပြည်တော်၊ မတ် ၂၃
၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ည ၉ နာရီချိန် ခရမ်းမြို့နယ်၊ (၁၂)ရပ်ကွက်၊ စက်သစ်ပိုင်းရှိ မိုင်တဲလ်ကုမ္ပဏီမှ ငှားရမ်းထားသည့် နေအိမ်၌ ဗီယက်နမ်နိုင်ငံသား Nguyen Tri Tam(၃၀)နှစ် ကေဘယ်ကြိုးဆွဲလုပ်သား(မိုင်တဲလ်ကုမ္ပဏီ)နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁)ရပ်ကွက်နေ Tran Van Toan(၃၇)နှစ် ကေဘယ်ကြိုးဆွဲလုပ်သား(မိုင်တဲလ်ကုမ္ပဏီ)နှင့် Tran Hoai Han (၃၃)နှစ် ကေဘယ်ကြိုးဆွဲလုပ်သား (မိုင်တဲလ်ကုမ္ပဏီ)တို့သည် ကေဘယ်ကြိုးဆွဲလုပ်ငန်းဆောင်ရွက်ပြီး၍ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ပြန်ရန် လာကြိုသည့်ကားအား စောင့်ဆိုင်းနေစဉ် အရက်သောက်ကြရာမှ စကားများရန်ဖြစ်ခဲ့ရာ Nguyen Tri Tam က Tran Van Toan အား အရိုးအသွား ၁၃ လက်မ ခန့်ရှိ ဓားမဖြင့်ခုတ်သောကြောင့် Tran Van Toan တွင် ယာပါးပြတ်ရှဒဏ်ရာ ၁ ချက်ရရှိ သောကြောင့် Nguyen Tri Tam အား ခရမ်းမြို့မရဲစခန်း(ပ)၂၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in ရဲဇာနည် Facebook news on March 23, 2018 of ရဲဇာနည် Facebook Page.

We acknowledged © of ရဲဇာနည် and thus full credit given to ရဲဇာနည်.


Reference Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
                                     
Retrieved Date: 23/03/2018






ဒလမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၉ ရွက်၊ ၅,၀၀၀ ကျပ်တန် ၁ ရွက် သိမ်းဆည်းအရေးယူ ခဲ့ကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

နေပြည်တော်၊ မတ် ၂၃


Unicode

ဒလမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၉ ရွက်၊ ၅,၀၀၀ ကျပ်တန် ၁ ရွက် သိမ်းဆည်းအရေးယူ

နေပြည်တော်၊ မတ် ၂၃

၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဒလမြို့နယ်၊ ဗိုလ်ရန်ပြေ ရပ်ကွက်နေ ဦးစိုးမိုး(ခ)ဦးစိုး(၅၁)နှစ်သည် မတ်လ ၂၁ ရက်တွင် ရေခဲသေတ္တာဝယ်စဉ်ငွေပေးချေရာ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၉ ရွက်တွေ့ရှိ၍ ဒလမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လွန်ခဲ့သော ၇ ရက်ခန့်က ဒလမြို့၊ မြို့မ(၄)ရပ်ကွက်နေ ကျော်လေး(၃၈)နှစ်ထံမှ ဆိုင်ကယ်ပြင်ခ ငွေကျပ် ၂ သိန်း (၁၀,၀၀၀ ကျပ်တန်ငွေစက္ကူ ၂၀ ရွက်) ရရှိခဲ့ရာ အဆိုပါငွေများတွင် ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူ အတု ၉ ရွက်ပါရှိခြင်းဖြစ်ကြောင်း သိရှိရ၍ ကျော်လေး အား ခေါ်ယူစစ်မေးရာ လွန်ခဲ့သော ၇ ရက်ခန့်က တွံတေးမြို့နယ် သံဖြူရုံကျေးရွာရှိ နာရေးအိမ်၌ ဖဲရိုက်လောင်းကစားစဉ်က ၅၆၀,၀၀၀ ကျပ် အနိုင်ရရှိခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ ညွှန့်ဝင်း မှ ဦးစိုးမိုး(ခ)ဦးစိုးထံတွင် ဆိုင်ကယ်ပြင်ထား၍ ပြင်ဆင်ခပေးရန် ငွေ ၂ သိန်းကျပ် အကူအညီ တောင်းခံသဖြင့် ၎င်းမှ ဦးစိုးမိုး(ခ)ဦးစိုးထံ ပေးချေခဲ့ကြောင်း၊ ကျန်ငွေများသုံးစွဲ၍ ကုန်သွားကြောင်း ထွက်ဆိုခဲ့ပြီး ကျော်လေး၏ ပိုက်ဆံအိတ်အတွင်းမှ ၅,၀၀၀ ကျပ်တန်ငွေစက္ကူ အတု ၁ ရွက် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ကျော်လေး အား ဒလမြို့မရဲစခန်း(ပ)၂၆၉/၂၀၁၈၊ ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in ရဲဇာနည် Facebook news on March 23, 2018 of ရဲဇာနည် Facebook Page.

We acknowledged © of ရဲဇာနည် and thus full credit given to ရဲဇာနည်.


Reference Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
                                     
Retrieved Date: 23/03/2018






တရားမဝင်သစ်များ စုပုံထားသူအား အရေးယူထား ခဲ့ကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

နေပြည်တော်၊ မတ် ၂၃


Unicode

တရားမဝင်သစ်များ စုပုံထားသူအား အရေးယူထား

နေပြည်တော်၊ မတ် ၂၃

၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဗန်းမောက်မြို့နယ်၊ လေးသီကျေးရွာအနီး ဥသျှစ်တောအတွင်းအတွင်သို့ သွားရောက်စစ်ဆေးခဲ့ရာ စုပုံထားသည့် တရားမဝင်ကျွန်းသစ်(၅၀)လုံး(၁၇.၁၇)တန်အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိပြီး ပိုင်ရှင်အား စုံးစမ်းခဲ့ရာ အင်းတော်မြို့နယ်၊ တုံးတော်ကျေးရွာနေ ဦးသန်းထွန် ဖြစ်ကြောင်း သိရှိ၍ အရေးယူပေးရန်တိုင်တန်းချက်အရ ဦးသန်းထွန်းအား ဗန်းမောက်မြို့မရဲစခန်း(ပ)၂၄/၂၀၁၈၊ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

This article first appears in ရဲဇာနည် Facebook news on March 23, 2018 of ရဲဇာနည် Facebook Page.

We acknowledged © of ရဲဇာနည် and thus full credit given to ရဲဇာနည်.


Reference Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
                                     
Retrieved Date: 23/03/2018






အရက်သောက်စားမူးယစ်၍ ကြိမ်းမောင်းပြောဆိုပြီး ဓားဖြင့်ထိုးရာမှ လူသေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

နေပြည်တော်၊ မတ် ၂၃


Unicode

အရက်သောက်စားမူးယစ်၍ ကြိမ်းမောင်းပြောဆိုပြီး ဓားဖြင့်ထိုးရာမှ လူသေဆုံးမှုဖြစ်ပွား
နေပြည်တော်၊ မတ် ၂၃
၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးမင်းနောင်(၄၈)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ အောင်ထွန်းမင်း (ခ)ဖိုးခွေ(၂၅)နှစ်မှာ အရက်သောက်စားမူးယစ်၍ ရောက်ရှိလာပြီး ဦးမင်းနောင်၏ သားမက်ဖြစ်သူ မောင်ခိုင်(၂၃)နှစ် ဆိုင်ကယ်ပြင်နေသည့်နေရာသို့ သွားရောက်ပြီး ကြိမ်းမောင်းပြောဆို၍ ဓါးဖြင့်ထိုးခဲ့ရာ မောင်ခိုင် တွင် ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိခဲ့သဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ အောင်ထွန်းမင်း(ခ)ဖိုးခွေ အား မြင်းခြံမြို့မရဲစခန်း (ပ)၁၉၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူဆောင်ရွက်နေစဉ် မောင်ခိုင် မှာ မြင်းခြံပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွား သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။


This article first appears in ရဲဇာနည် Facebook news on March 23, 2018 of ရဲဇာနည် Facebook Page.

We acknowledged © of ရဲဇာနည် and thus full credit given to ရဲဇာနည်.


Reference Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
                                     
Retrieved Date: 23/03/2018






နိုင်ငံခြားဖြစ်အရက်အတုများ ပြုလုပ်ရောင်းချသူ၏ ထွက်ဆိုချက်အရ ဆိုင်တင်ရောင်းချနေသော အရက်တုများ ဖမ်းဆီးရမိ ခဲ့ကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၊၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----


နေပြည်တော်၊ မတ် ၂၃


Unicode

နိုင်ငံခြားဖြစ်အရက်အတုများ ပြုလုပ်ရောင်းချသူ၏ ထွက်ဆိုချက်အရ ဆိုင်တင်ရောင်းချနေသော အရက်တုများ ဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်း(ပ)၁၇၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၈၆ အမှုမှ တရားခံ (၅)ရပ်ကွက်နေ တင်ထွန်း(၅၂)နှစ်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်နေ သက်ထွန်းနိုင်(ခ)ကိုသက်(၄၇)နှစ်တို့(၂)ဦးအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ စစ်ဆေးရာ ဖမ်းဆီးရမိသော နိုင်ငံခြားဖြစ်အရက်အတုများအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်ရှိ လသာမြို့နယ်၊ (၇)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်(၅၉)နှစ်၏ စားသောက်ကုန်နှင့် ယမကာ ရောင်းဝယ်ရေးဆိုင်တွင် တင်ပို့ရောင်းချထားကြောင်း စစ်ဆေးသိရှိရသဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းမှ အရက်အတုဟု ယူဆရသော HIGH COMMISSIONET(1.5 Liter) (၆)လုံး ပါ(၁)ဖာ၊ HIGH COMMISSIONET(70 CL) (၁၂)လုံးပါ (၅)ဖာ၊ (၁၀)လုံးပါ(၁)ဖာ၊ (၉)လုံးပါ(၁)ဖာ၊ DUNFIFE(70 CL)(၁၂)လုံးပါ (၆)ဖာ၊ DUNFIFE (35 CL) ပုလင်းပြား(၂၄)ပြား ပါ(၁)ဖာ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တင်ထွန်း၊ သက်ထွန်းနိုင်(ခ)ကိုသက် နှင့် ဒေါ်စန်းစန်းမော်တို့ (၃)ဦးအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၁၇၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in ရဲဇာနည် Facebook news on March 23, 2018 of ရဲဇာနည် Facebook Page.

We acknowledged © of ရဲဇာနည် and thus full credit given to ရဲဇာနည်.


Reference Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
                                     
Retrieved Date: 23/03/2018






ဖဲလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

နေပြည်တော်၊ မတ် ၂၃

Unicode

ဖဲလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ မတ် ၂၃
၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်ရပ်ကွက်ရှိ လူမနေသည့် နေအိမ်အလွတ်တွင် ဖဲလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ စက်ဆန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ဝါးရုံဆိပ်ရပ်ကွက်နေသူများဖြစ်သည့် ဟန်တင်(၄၅)နှစ်၊ အောင်ငြိမ်းချမ်း (ခ)ဖိုးအောင်(၂၅)နှစ်၊ ပိုင်ဦးဇော်(ခ)ခေါင်းရှည်(၂၁)နှစ်၊ မသန်းသန်းအေး(၂၇)နှစ်နှင့် မကြည်ဝင်း (၂၆)နှစ်တို့(၅)ဦးအား ဖဲလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ်(၉၈,၅၀၀)တို့နှင့်တူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဟန်တင် ပါ(၅)ဦးတို့အား စက်ဆန်းနယ်မြေရဲစခန်း(ပ)၇၇/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in ရဲဇာနည် Facebook news on March 23, 2018 of ရဲဇာနညFacebook Page.

We acknowledged © of ရဲဇာနညand thus full credit given to ရဲဇာနည.


Reference Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
Retrieved Date: 23/03/2018






နှစ်လုံး/ချဲထီလောင်းကစားပြုလုပ်သူအား အရေးယူထား ခဲ့ကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

နေပြည်တော်၊ မတ် ၂၃

Unicode
နှစ်လုံး/ချဲထီလောင်းကစားပြုလုပ်သူအား အရေးယူထား
နေပြည်တော်၊ မတ် ၂၃
ယမန်နေ့ ညနေ ၃ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ ရပ်ကွက်(၃)နေ အောင်ကျော်ဦး (၄၆)နှစ်၏ နေအိမ်တွင် နှစ်လုံး/ချဲထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ရာ နေအိမ်၌ အောင်ကျော်ဦး အား နှစ်လုံး/ချဲထီ လောင်းကစားရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား မလှိုင်မြို့မရဲစခန်း (ပ)၄၀/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အရေး ယူထားကြောင်း သတင်းရရှိသည်။

This article first appears in ရဲဇာနည် Facebook news on March 23, 2018 of ရဲဇာနညFacebook Page.

We acknowledged © of ရဲဇာနညand thus full credit given to ရဲဇာနည.


Reference Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
Retrieved Date: 23/03/2018






ဆိုင်ကယ်(၁)စီးနှင့် မသင်္ကာဖွယ်တွေ့ရှိသူအား စစ်ဆေးရာက ဆိုင်ကယ်ခိုးမှုဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

နေပြည်တော်၊ မတ် ၂၃

Unicode

ဆိုင်ကယ်(၁)စီးနှင့် မသင်္ကာဖွယ်တွေ့ရှိသူအား စစ်ဆေးရာက ဆိုင်ကယ်ခိုးမှုဖော်ထုတ်နိုင်
နေပြည်တော်၊ မတ် ၂၃
ယမန်နေ့ ညနေ ၃ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက် နေစဉ် ဟေ/အနောက်ရပ်ကွက်၊ အောက်ကမ်းနားလမ်းနှင့် (၆၂)လမ်းထောင့်အရောက် ဆိုင်ကယ် (၁)စီးနှင့် မသင်္ကာဖွယ်သူတစ်ဦးအား တွေ့ရှိစစ်ဆေးခဲ့ရာ မဟာအောင်မြေမြို့နယ်၊ သာသနာပိုင် ရပ်ကွက်နေ ဟန်လင်းဦး(၂၃)နှစ်ဖြစ်ပြီး အဆိုပါဆိုင်ကယ်အား လွန်ခဲ့သော(၁၀)ရက်ခန့်က မဟာအောင်မြေမြို့နယ်၊ သာသနာပိုင်ရပ်ကွက်နေ အောင်စိုးမိုး(၂၈)နှစ်နှင့်အတူ နန်း/အနောက် ရပ်ကွက်၊ (၈၅)လမ်း၊ (၃၀×၃၁)လမ်းကြား၌ ရပ်တန့်ထားသည့်နေရာမှ ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် သက်သေခံ ဆိုင်ကယ်အား သိမ်းဆည်းပြီး ဟန်လင်းဦးနှင့် အောင်စိုးမိုးတို့(၂)ဦးအား အမှတ်(၆)နယ်မြေရဲစခန်း (ပ)၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in ရဲဇာနည် Facebook news on March 23, 2018 of ရဲဇာနညFacebook Page.

We acknowledged © of ရဲဇာနညand thus full credit given to ရဲဇာနည.


Reference Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
Retrieved Date: 23/03/2018

Wednesday, March 14, 2018






နှစ်လုံးချဲထီလောင်းကစားသူအား ဖမ်းဆီးအရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် မတ် ၁၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ မတ် ၁၀

၉-၃-၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် မဟာအောင်မြေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေမြို့ အရှေ့ရပ်ကွက်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ အကွက်(၅၁၈)ရှိ ဦးသိန်းကို ၅၅ နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဦးသိန်းကိုနှင့် ဖြိုးဇော်ဦး ၃၂နှစ်၊ မြို့သစ်(၅)၊ ချမ်းမြသာစည်မြို့နယ်နေသူတို့အား နှစ်လုံး/ချဲထီလောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၁၇၃၄၀၀ ကျပ်နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဦးသိန်းကိုနှင့်ဖြိုဇော်ဦးတို့အား မဟာအောင်မြေမြို့မရဲစခန်း(ပ) ၁၅၀/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
နှစ်လုံးချဲထီလောင်းကစားသူအား ဖမ်းဆီးအရေးယူ

မန္တလေး၊ မတ် ၁၀

၉-၃-၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် မဟာအောင်မြေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လောင်းကစား သတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အရှေ့ရပ်ကွက်၊ အကွက်(၅၁၈)ရှိ ဦးသိန်းကို ၅၅ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးသိန်းကိုနှင့် ဖြိုးဇော်ဦး ၃၂ နှစ်၊ မြို့သစ်(၅)၊ ချမ်းမြသာစည် မြို့နယ်နေသူတို့အား နှစ်လုံး/ချဲထီလောင်းကစားရာ တွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၁၇၃၄၀၀ ကျပ်နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဦးသိန်းကိုနှင့်ဖြိုးဇော်ဦးတို့အား မဟာအောင်မြေမြို့မရဲစခန်း(ပ) ၁၅၀/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိ သည်။
This article first appears in Mandalay Police news on March 10, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/?ref=br_tf
Retrieved Date: 14/03/2018






ဆိုင်ကယ်တစ်စီးနှင့်မသင်္ကာသူအား စစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် မတ် ၁၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ မတ် ၁၀

၉-၃-၂၀၁၈ရက်နေ့ နေ့လည် ၂နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ခိုး/ဆိုး/နှိုက် သတင်းစုံစမ်းနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်းနှင့် ၅၆လမ်းထိပ်တွင် ကြိုတင်သတင်းရရှိထားသူ လှထွန်းအောင်(ခ)လှထွန်း ၂၂နှစ်၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူအား တွေ့ရှိစစ်မေးရာ ၎င်းသည် လွန်ခဲ့သော (၂)လခန့် နံနက် ၅ နာရီ အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၆x၅၇လမ်း၊ မင်းကြီးရန်နောင် လမ်းအနီး လမ်းဘေးတွင်ရပ်ထားသော V Anbo-125 ဆိုင်ကယ်အား ကျော်နိုင်ဝင်း ၂၂ နှစ်၊ ကျန်စစ်သားလမ်း၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နေသူနှင့်အတူ ခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သက်သေခံ ဆိုင်ကယ်အားသိမ်းဆည်းပြီး လှထွန်းအောင်(ခ)လှထွန်းနှင့် ကျော်နိုင်ဝင်းတို့အား ပြည်ကြီးတံခွန် မြို့မရဲစခန်း(ပ)၁၃၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
ဆိုင်ကယ်တစ်စီးနှင့်မသင်္ကာသူအား စစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်

မန္တလေး၊ မတ် ၁၀

၉-၃-၂၀၁၈ရက်နေ့ နေ့လည် ၂နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ခိုး/ဆိုး/နှိုက် သတင်းစုံစမ်းနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင် လမ်းနှင့်၅၆လမ်းထိပ်တွင် ကြိုတင်သတင်းရရှိထားသူ လှထွန်းအောင်(ခ)လှထွန်း ၂၂ နှစ်၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူအား တွေ့ရှိစစ်မေးရာ ၎င်းသည် လွန်ခဲ့သော (၂)လခန့် နံနက် ၅ နာရီ အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၆x၅၇လမ်း၊ မင်းကြီးရန်နောင် လမ်းအနီး လမ်းဘေးတွင်ရပ်ထားသော V Anbo-125 ဆိုင်ကယ်အား ကျော်နိုင်ဝင်း ၂၂ နှစ်၊ ကျန်စစ်သားလမ်း၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူနှင့် အတူ ခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သက်သေခံဆိုင်ကယ်အားသိမ်းဆည်းပြီး လှထွန်းအောင်(ခ) လှထွန်းနှင့် ကျော်နိုင်ဝင်းတို့အား ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၁၃၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on March 10, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/?ref=br_tf
Retrieved Date: 14/03/2018






ဆိုင်ကယ်၊ ၀ါယာကြိုးများခိုးယူသူများအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် မတ် ၁၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ မတ် ၁၂

၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် အမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ချမ်းအေးသာစံမြို့နယ်၊ ၅၉လမ်း၊ ၃၀x ၃၂လမ်းကြားတွင် ခရီးဆောင်အိတ် ၁ လုံးအား တင်ဆောင်မောင်းနှင်လာသည့် နံပါတ်မပါ ဆိုင်ကယ် ၁ စီးနှင့်အတူ အောင်ကိုကို ၂၅ နှစ်၊ ဟ-၁၁ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူနှင့် အောင်ရဲကျော် ၁၉နှစ်၊ ကံကြီးကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူတို့အား တွေ့ရှိရှာဖွေရာစစ်ဆေးရာ ခရီးဆောင်အိတ်အတွင်းမှ ၀ါယာကြိုးခွေ ၁၂၅ ပေခန့်အား သိမ်းဆည်းရမိစစ်မေးရာ ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသည့်အပြင် အထက(၅)ကျောင်းရှေဓါတ်တိုင်မှ နေအိမ်တစ်အိမ်သို့ သွယ်တန်းထားသော ၀ါယာကြိုးများအား ဖြတ်တောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကိုကိုနှင့် အောင်ရဲကျော်တို့အား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၄၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ ၁၁-၃-၂၀၁၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ပြင်ဦးလွင်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ပြင်ဦးလွင် မြို့၊ ရပ်ကွက်ကြီး(၁၀) တရ၀တ်လမ်းပေါ်တွင် နံပါတ်မပါ Yinanbo CZI-125 ဆိုင်ကယ်နှင့်မသင်္ကာ တွေ့ရှိသူ အောင်ဆန်းလင်း(ခ)ပေါက်စ ၂၁ နှစ်၊ ရပ်ကွက်ကြီး(၈)၊ ပြင်ဦးလွင်မြို့နေသူအား စစ်ဆေးရာ အဆိုပါ ဆိုင်ကယ်အား လွန်ခဲ့သော ၁၅ ရက်ခန့်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီ(၁၀)၊ မန္တလေး-လားရှိုး လမ်းဘေး တပ်ဦးဘုန်းကြီးကျောင်းအနီးရှိ အမည်မသိလက်ဖက်ရည်ဆိုင်ရှေတွင် ရပ်ထားစဉ် ခိုးယူလာခြင်း ဖြစ်ကြောင်း သိရှိရ၍ သက်သေခံဆိုင်ကယ်အားသိမ်းဆည်းပြီး အောင်ဆန်းလင်း(ခ)ပေါက်စ အား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် အမှတ်(၁)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ သရက်ကုန်းကွက်သစ်အနီး မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးမှောင်ရိပ်တွင် မသင်္ကာတွေ့ရှိသူ ဇော်ထက်နိုင်(ခ)ငရဲ ၁၇ နှစ်၊ ထုံးဘိုရပ်ကွက်၊ စစ်ကိုင်းမြို့နေသူနှင့် ထွန်းထွန်း(ခ)နေရဲ ၁၇ နှစ်၊ နာရီစင် အနီး၊ ၀က်လက်မြို့နေသူတို့ ၂ ဦးအား စစ်ဆေးရာ ၎င်းတို့ ၂ ဦးသည် ၂၀၁၈ ခုနှစ် မတ်လ(နေ့ရက်/ အချိန်)မမှတ်မိက ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့်မြို့ပတ်လမ်းထောင့်ရှိ နေအိမ်ခြံဝန်းအတွင်းမှ နေအိမ်အနောက် ဘက်တံစက်မြိတ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးအား ခိုးယူခဲ့ကြောာင်း ဇော်ထက်နိုင်(ခ)ငရဲနှင့်ထွန်းထွန်း(ခ)နေရဲတို့အား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Unicode
ဆိုင်ကယ်၊ ဝါယာကြိုးများခိုးယူသူများအား အရေးယူ

မန္တလေး၊ မတ် ၁၂

၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် အမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ချမ်းအေးသာစံမြို့နယ်၊ ၅၉လမ်း၊ ၃၀x ၃၂လမ်းကြားတွင်ခရီးဆောင်အိတ် ၁ လုံးအား တင်ဆောင်မောင်းနှင်လာသည့် နံပါတ်မပါ ဆိုင်ကယ် ၁ စီးနှင့်အတူ အောင်ကိုကို ၂၅ နှစ်၊ ဟ-၁၁ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် နေသူနှင့် အောင်ရဲကျော် ၁၉နှစ်၊ ကံကြီးကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူတို့အား တွေ့ရှိရှာဖွေ စစ်ဆေးရာ ခရီးဆောင်အိတ်အတွင်းမှ ဝါယာကြိုး ခွေ ၁၂၅ ပေခန့်အား သိမ်းဆည်းရမိစစ်မေးရာ ၎င်းတို့ပိုင်ဆိုင် ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိသည့်အပြင် အထက(၅) ကျောင်းရှေ့ ဓာတ်တိုင်မှ နေအိမ်တစ်အိမ်သို့ သွယ်တန်းထားသော ဝါယာကြိုးများအား ဖြတ်တောက် ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကိုကိုနှင့် အောင်ရဲကျော်တို့အား အမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၄၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ ၁၁-၃-၂၀၁၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ပြင်ဦးလွင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ တရဝတ်လမ်းပေါ်တွင်နံပါတ်မပါ Yinanbo CZI-125 ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူ အောင်ဆန်းလင်း(ခ)ပေါက်စ ၂၁ နှစ်၊ ရပ်ကွက်ကြီး(၈)၊ ပြင်ဦးလွင်မြို့နေသူအား စစ်ဆေးရာ အဆိုပါဆိုင်ကယ်အား လွန်ခဲ့သော ၁၅ရက်ခန့် က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ မန္တလေး-လားရှိုး လမ်းဘေး တပ်ဦးဘုန်းကြီး ကျောင်းအနီးရှိ အမည်မသိလက်ဖက်ရည်ဆိုင်ရှေ့တွင်ရပ်ထားစဉ် ခိုးယူလာခြင်းဖြစ်ကြောင်း သိရှိရ၍ သက်သေခံ ဆိုင်ကယ်အားသိမ်းဆည်းပြီး အောင်ဆန်းလင်း(ခ)ပေါက်စအား ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် အမှတ်(၁)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ သရက်ကုန်းကွက်သစ် အနီး မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး မှောင်ရိပ်တွင် မသင်္ကာတွေ့ရှိသူ ဇော်ထက်နိုင် (ခ)ငရဲ ၁၇ နှစ်၊ ထုံးဘိုရပ်ကွက်၊ စစ်ကိုင်းမြို့နေသူနှင့် ထွန်းထွန်း(ခ)နေရဲ ၁၇ နှစ်၊ နာရီစင်အနီး၊ ဝက်လက်မြို့နေသူတို့ ၂ ဦးအား စစ်ဆေးရာ ၎င်းတို့ ၂ ဦးသည် ၂၀၁၈ ခုနှစ် မတ်လ(နေ့ရက်/အချိန်)မမှတ်မိက ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် မြို့ပတ် လမ်းထောင့်ရှိ နေအိမ်ခြံဝန်းအတွင်းမှ နေအိမ်အနောက် ဘက်တံစက်မြိတ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးအား ခိုးယူခဲ့ကြောင်း ဇော်ထက်နိုင်(ခ)ငရဲ နှင့် ထွန်းထွန်း(ခ)နေရဲ တို့အား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on March 12, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/posts/1043043222502100
Retrieved Date: 14/03/2018






နှစ်လုံးထီလောင်းကစားသူအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် မတ် ၁၃၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ မတ် ၁၃

၁၂-၃-၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် မြစ်သားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ လောင်းကစားသတင်းအရ မြစ်သားမြို့နယ်၊ မြို့ကုန်းကြီးကျေးရွာအထွက်တွင် စောင့်ဆိုင်း နေစဉ် နံပါတ်မပါကျေးရွာအထွက်တွင် စောင့်ဆိုင်းနေစဉ် နံပါတ်မပါ KENBO-125 ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ ၎င်းရွာနေ ဒေါ်သန်းလှ ၄၈ နှစ်အား ရပ်တန့်ရှာဖွေရာ အပေါ်အင်္ကျီယာဘက်အိတ် အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးငွေနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် မြစ်သားမြို့မရဲစခန်း(ပ) ၆၅/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရ လည်းကောင်း၊ ၄၄ယ/xxxxx Scoopy ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ ဒေါ်ရီစန်း ၄၃ နှစ်၊ ပွဲလုံးကျော် ကျေးရွာနေသအူအား ရပ်တန့်ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်အတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးငွေနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ သဖြင့် ဒေါ်ရီစန်းအား မြစ်သားမြို့မရဲစခန်း(ပ)၆၆/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က)အရ လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Unicode
နှစ်လုံးထီလောင်းကစားသူအား အရေးယူ

မန္တလေး၊ မတ် ၁၃

၁၂-၃-၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် မြစ်သားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူလောင်းကစားသတင်းအရ မြစ်သားမြို့နယ်၊ မြို့ကုန်းကြီး ကျေးရွာအထွက်တွင် စောင့်ဆိုင်းနေစဉ် နံပါတ်မပါ KENBO-125 ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ ၎င်းရွာနေ ဒေါ်သန်းလှ ၄၈ နှစ်အား ရပ်တန့်ရှာဖွေရာ အပေါ်အင်္ကျီယာဘက်အိတ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊လောင်းကြေးငွေနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် မြစ်သားမြို့မ ရဲစခန်း(ပ)၆၅/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရ လည်းကောင်း၊ ၄၄ယ/××××× Scoopy ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ ဒေါ်ရီစန်း ၄၃ နှစ်၊ ပွဲလုံးကျော် ကျေးရွာနေသူအား ရပ်တန့်ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်အတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးငွေနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ရီစန်း အား မြစ်သားမြို့မရဲစခန်း(ပ)၆၆/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က)အရလည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on March 13, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/?ref=br_tf
Retrieved Date: 14/03/2018

Friday, March 2, 2018

ဆိုင်ကယ်အား မသင်္ကာဖွယ်ယ်လိုက်လံရောင်းချနေသူအား စစ်မေးရာမှ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်





ဆိုင်ကယ်အား မသင်္ကာဖွယ်ယ်လိုက်လံရောင်းချနေသူအား စစ်မေးရာမှ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၈၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဖေဖော်ဝါရီ ၂၈

Unicode
ဆိုင်ကယ်အား မသင်္ကာဖွယ်လိုက်လံရောင်းချနေသူအား စစ်မေးရာမှ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်

မန္တလေး၊ ဖေဖော်ဝါရီ ၂၈

၂၇-၂-၂၀၁၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မန္တလေးခရိုင် မှုခင်း နှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်း စုံစမ်းနေစဉ် ပြည်ကြီးတံခွန် မြို့နယ်၊ ၅၈ လမ်း၊ ပျူစောထီးလမ်း နှင့် ကျန်စစ်သားလမ်းကြားတွင် Cyclone ဆိုင်ကယ် အား လိုက်လံရောင်းချနေသူ ကျော်မင်းထက်(ခ) ကျော်ကြီး ၂၃ နှစ်၊ ၆၆x၆၇ လမ်းကြား၊ ၃၉x၄၀ လမ်းကြား၊ မဟာမြိုင်ဘုန်းကြီးကျောင်း၊ မဟာအောင်မြေမြို့နယ်နေသူအား မသင်္ကာတွေ့ရှိ စစ်ဆေးရာ ၎င်းသည် လွန်ခဲ့သော(၁၀)ရက်ခန့် နေ့လည် ၁၂ နာရီအချိန်ခန့်က အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာ၊ ရတနာပုံတက္ကသိုလ် အနောက်ပေါက်၊ ဆိုင်ကယ်စတန်း၌ ရပ်ထားသော အဆိုပါဆိုင်ကယ်အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ကျော်မင်းထက် (ခ)ကျော်ကြီးအား အမရပူရမြို့မရဲစခန်း (ပ)၇၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 28, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news, have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 02/03/2018






နှစ်လုံးချဲထီလောင်းကစားနေသူအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၈၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဖေဖော်ဝါရီ ၂၈

Unicode
နှစ်လုံးချဲထီလောင်းကစားနေသူအား အရေးယူ

မန္တလေး၊ ဖေဖော်ဝါရီ ၂၈

၂၇-၂-၂၀၁၈ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန် မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် မဌေးဌေးအောင် ၃၈ နှစ်၊ မြို့သစ်(၅)ရပ်ကွက်၊ချမ်းမြသာစည် မြို့နယ်နေသူသည် ၎င်း၏အစ်မဖြစ်သူ၏ နေအိမ်တွင်လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ သက်သေများ နှင့်အတူသွားရောက်ရှာဖွေရာ မဌေးဌေးအောင်အား နေအိမ်ကပ်လျက် အဖီတဲတွင် နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၁၉၀၀၀၀ ကျပ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် မဌေးဌေးအောင် အား အမှတ်-၁၁ နယ်မြေရဲစခန်း (ပ)၉၇/၂၀၁၈၊ လောင်း ကစားပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on February 28, 2018 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 02/03/2018

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...