ပိတ္ဆုိ႔ရွာေဖြေဆာင္ရြက္ေနစဥ္ ေမာ္ေတာ္ယာဥ္အားရပ္တန္႔စစ္ေဆးရာ
ယာဥ္၏ေရွ႕/ေနာက္ခန္းတံခါး ၄ ခုအတြင္းမွ မူးယစ္ေဆး၀ါးမ်ားသိမ္းဆည္းရမိ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ နုိဝင္ဘာ
၁၅၊ ၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ႏုိ၀င္ဘာ ၁၅
၁၄-၁၁-၂၀၁၇ ရက္ေန႔ ညေန ၅ နာရီခဲြအခ်ိန္ မုိးကုတ္ၿမိဳ႕မရဲစခန္းမွ
တပ္ဖဲြ႕၀င္မ်ား၊ လယ္ႀကီးရဲကင္းမွဴးႏွင့္အဖဲြ႕တုိ႕ပါ၀င္ေသာပူးေပါင္းအဖဲြ႕သည္ မုိးကုတ္ၿမိဳ႕နယ္၊
လယ္ႀကီးရဲကင္းေရွ႕၌ သက္ေသမ်ားႏွင့္အတူ ပိတ္ဆုိ႔ရွာေဖြေဆာင္ရြက္ေနစဥ္ မုိင္းလံုမွ မုိးကုတ္ဘက္သုိ႔
စုိးလွမုိး ၁၉ ႏွစ္၊ ေစ်းသစ္ရပ္၊ ဟားခါးၿမိဳ႕၊ ခ်င္းျပည္နယ္ ေနသူေမာင္းႏွင္လာသည့္ YGN4D-xxxx
Landcruiser အနက္ ေရာင္ယာဥ္အားရပ္တန္႔စစ္ေဆးရာ ယာဥ္၏ေရွ႕/ေနာက္ခန္းတံခါး
၄ ခုအတြင္းမွ ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴ၀ါေရာင္အမႈန္႔အေလး ခ်ိန္ ၁၁ ဂရမ္ခန္႔စီပါေရာင္စံုဆပ္ျပာခြက္
၃၀ ခြက္၊ အေလးခ်ိန္ ၃၃၀ ဂရမ္ခန္႔(တန္ဖုိး ၃၃၀၀၀၀၀၀ က်ပ္ခန္႔)အား ေတြ႕ရိွသိမ္းဆည္းရမိခဲ့သျဖင့္
စုိးလွမုိးအား မုိးကုတ္ၿမိဳ႕မရဲစခန္တြင္ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိ ေျပာင္းလဲေစေသာ
ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရိွသည္။
Unicode
ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရာ
ယာဉ်၏ရှေ့/နောက်ခန်းတံခါး ၄ ခုအတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ နိုဝင်ဘာ ၁၅
၁၄-၁၁-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မိုးကုတ်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များ၊ လယ်ကြီးရဲကင်းမှူး)နှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊
လယ်ကြီးရဲကင်းရှေ့၌ သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မိုင်းလုံမှ မိုးကုတ်ဘက်သို့
စိုးလှမိုး ၁၉ နှစ်၊ စျေးသစ်ရပ်၊ ဟားခါးမြို့၊ ချင်းပြည်နယ် နေသူမောင်းနှင်လာသည့် YGN4D-××××
Landcruiser အနက် ရောင်ယာဉ်အားရပ်တန့်စစ်ဆေးရာ ယာဉ်၏ရှေ့/နောက်ခန်းတံခါး
၄ ခုအတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့်အလေး ချိန် ၁၁ ဂရမ်ခန့်စီပါရောင်စုံဆပ်ပြာခွက်
၃၀ ခွက်၊ အလေးချိန် ၃၃၀ ဂရမ်ခန့်(တန်ဖိုး ၃၃၀၀၀၀၀၀ ကျပ်ခန့်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
စိုးလှမိုးအား မိုးကုတ်မြို့မရဲစခန်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ
ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on November
15,
2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 16/11/2017
No comments:
Post a Comment