Thursday, February 8, 2018

ရှေ့နေဦးကိုနီလုပ်ကြံခံရမှုအတွက် သေနတ်သမားကြည်လင်း အပေါင်းအပါများကို သေဒဏ်ထိုက်သည့် အမှုဖြင့် စွဲချက်တင်အမိန့်​ချ



ရှေ့နေဦးကိုနီလုပ်ကြံခံရမှု သေနတ်သမားကြည်လင်း အပေါင်းအပါများကို သေဒဏ်ထိုက်သည့် အမှုဖြင့် စွဲချက်တင်အမိန့်​ချ ခဲ့ကြောင်း The Irrawaddy နှင့် Mizzima သတင်းများက ဖေဖော်ဝါရီလ ရက်၂၀၁၈ နေစွဲဖြင့်  ဖေါ်ပြထားကြပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီလ ၉ ။             ။ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊   အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ‌ယနေ့ ဖေဖော်ဝါရီလ ၉ ရက်၊ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ​စွဲချက်တင် အမိန့်ချလိုက်ကြောင်းသိရှိရပါသည်။

ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုး တို့ ၃ ဦးကို လူသတ်ရန် ကြိုတင် ပူးပေါင်းကြံစည်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) /၃၄ ဖြင့် စွဲချက်တင်ခဲ့ပြီး ဇေယျာဖြိုးကို ကားဖြင့် ခေါ်ယူပေးခဲ့သော အောင်ဝင်းထွန်း ကို တရားခံကို လက်ခံမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၂ ဖြင့် စွဲချက် တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းထွန်းကို အား​ပေးကူညီမှု ပုဒ်​မဖြစ်​သည့်​ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ- ၂၁၂ ဖြင့်​ စွဲချက်​တင်​အမိန့်ချခဲ့ပြီး အမှုမှ လွတ်ေ​မြာက်​​နေသည့်​ ​အောင်​ဝင်းခိုင်​ကို ရာဇဝတ်​ကျင့်​ထုံဥပ​ဒေပုဒ်​မ- ၈၈ အရ တရားခံ​ပြေးအဖြစ်​ အမိန့်​ ချလိုက်​သည်​။

ရာဇဝတ်​ကျင့်​ထုံးဥပ​ဒေပုဒ်​မ- ၈၈ အရ တရားခံ​ပြေးအဖြစ်​အမိန့်​ချပြီး​နောက်​ ​အောင်​ဝင်းခိုင်​ကို အများပြည်​သူ မည်​သူမဆို ဖမ်းဆီးခွင့်​ရှိ​​ကြောင်းလည်း သိရှိရသည်​။

သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးကို ၄၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ခရိုင်တရားသူကြီးက စွဲချက်တင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

" ဒီဟာက လူသတ်​မှုကို တင်​ကူးကြံရွယ်​ပြီး​တော့ ပူး​ပေါင်းကြံရွယ်​တာဖြစ်​တဲ့အတွက်​ ဒီဟာနဲ့ပတ်​သက်​ပြီး ပြစ်​မှုထင်​ရှားရင်​ ​သေဒဏ်​ပါ ခင်​ဗျာ "ဟု တရားလွှတ်​​တော်​​ရှေ့​နေ ဦးခင်​​မောင်​​ဌေးက ​ပြောပြီး သေနတ်သမားကြည်လင်းက တရားခွင်တွင် တရားကို နတ်စောင့်လိမ့်မည်ဟု ပြောဆိုခဲ့သလို ဇေယျာဖြိုးကလည်း ခိုင်လုံတဲ့ သက်သေ အထောက်အထား မရှိဘဲ စွဲချက်တင်လိုက်တာပါ။ ကျနော့မှာ အပြစ်မရှိပါဘူးဟု တရားရုံးအထွက်တွင် ဟစ်အော် ပြောဆိုသွားကြောင်းလည်း သိရှိရသည်။ 


အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည် လင်းက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။


ယင်းအမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် ကြည်လင်းအားစွဲဆိုထားသော လက်နက်မှုနှင့် ကြည်လင်းအပါအဝင် ၄ ဦးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂/၃၄/၂၁၂ အတွက် တရားလိုပြသက်သေများ အားလုံးကို မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။

References: The Irrawaddy နှင့် Mizzima News

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...