မူးယစ္သတင္းရရိွထားသူအား
ရွာေဖြစစ္ေဆးရာ ၀တ္ဆင္ထားသည့္ အေႏြးထည္အက်ႌ အိတ္ကပ္အတြင္းမွ မူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း
Mandalay Police
Facebook စာမ်က္နွာတြင္ ေဖေဖာ္၀ါရီ ၇ ၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ေဖေဖာ္၀ါရီ ၇
၆-၂-၂၀၁၈
ရက္ေန႔ ည ၈ နာရီ ၁၀ အခ်ိန္ မူးယစ္တပ္ဖဲြ႕စု (၁၈)မွ တပ္ဖဲြ႕၀င္မ်ား၊ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွ
တပ္ဖဲြ႕တင္တုိ႔ပါ၀င္ေသာပူးေပါင္းအဖဲြ႕သည္ သက္ေသမ်ားႏွင့္အတူ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊
သင္ပန္းကုန္းရပ္ကြက္၊ ၅၉xမင္းႀကီးရန္ေနာင္လမ္းေထာင့္ရိွ စားေသာက္ဆုိင္တြင္ မူးယစ္ေဆး၀ါးသတင္းအရသြားေရာက္ခဲ့ရာ
သတင္းရရိွထားသူ ေအာင္စုိးမုိး(ခ)စုိးမုိး ၂၁ ႏွစ္၊ (စ)ရပ္ကြက္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေနသူမွာ
ဆုိင္အတြင္းထုိင္ ေနသည္ကုိေတြ႕ရိွရ၍ ရွာေဖြရာ ၎၀တ္ဆင္ထားသည့္ အေႏြးထည္အက်ႌ၀ဲဘက္အိတ္ကပ္အတြင္းမွ
အျပာေရာင္ကပ္ခြာအိတ္ျဖင့္ထည့္လ်က္ 88/1 စာတန္းပါ ပန္းေရာင္စိတ္
ၾကြရူးသြပ္ေဆးျပား ၁၉၆ ျပားစီပါ ၅ ထုပ္၊ စုစုေပါင္းေဆးျပား ၉၈၀ ျပား၊ အေလးခ်ိန္ ၉၈
ဂရမ္(ေဒသေပါက္ေစ်း တစ္ျပားလ်င္ ၅၀၀၀ က်ပ္ႏႈန္းျဖင့္ ၄၉၀၀၀၀၀ က်ပ္)အားေတြ႕ရိွသိမ္းဆည္းရ
မိခဲ့သျဖင့္ ေအာင္စုိးမုိး(ခ)စုိးမုိးအား ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္
စိတ္ကုိေျပာင္းလဲ ေစေသာ ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရအမႈဖြင့္ အေရးယူထားေၾကာင္း သတင္းရရိွသည္။
Unicode
မူးယစ်သတင်းရရှိထားသူအား
ရှာဖွေစစ်ဆေးရာ ဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီ အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
မန္တလေး၊
ဖေဖော်ဝါရီ ၇
၆-၂-၂၀၁၈
ရက်နေ့ ည ၈ နာရီ ၁၀ အချိန် မူးယစ်တပ်ဖွဲ့စု (၁၈)မှ တပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ
တပ်ဖွဲ့တင်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊
သင်ပန်းကုန်းရပ်ကွက်၊ ၅၉xမင်းကြီးရန်နောင်လမ်းထောင့်ရှိ စားသောက်ဆိုင် တွင် မူးယစ်ဆေးဝါးသတင်းအရသွားရောက်ခဲ့ရာ
သတင်း ရရှိထားသူ အောင်စိုးမိုး(ခ)စိုးမိုး ၂၁ နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း(ဘ) ဦးအောင်ဝင်း၊
(စ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူမှာ ဆိုင်အတွင်းထိုင် နေသည်ကိုတွေ့ရှိရ၍ ရှာဖွေရာ
၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီဝဲဘက်အိတ်ကပ်အတွင်းမှ အပြာ ရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက်
88/1 စာတန်းပါပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား ၁၉၆ ပြားစီပါ ၅
ထုပ်၊ စုစုပေါင်းဆေးပြား ၉၈၀ ပြား၊ အလေးချိန် ၉၈ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၅၀၀၀
ကျပ်နှုန်းဖြင့် ၄၉၀၀၀၀၀ ကျပ်)အားတွေ့ရှိသိမ်းဆည်းရ မိခဲ့သဖြင့် အောင်စိုးမိုး(ခ)စိုးမိုးအား
ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ
ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on February 7, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 10/02/2018
No comments:
Post a Comment