နွစ္လံုးခ်ဲထီေလာင္းကစားသူမ်ားအား
ဖမ္းဆီးအေရးယူ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ေဖေဖာ္၀ါရီ ၂၃၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ေဖေဖာ္၀ါရီ ၂၃
၂၁-၂-၂၀၁၈
ရက္ေန႔နံနက္ ၁၁ နာရီ ၁၅ အခ်ိန္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္ရပ္ကြက္၊ ေျမာက္ဥယ်ာဥ္ရပ္ရွိ
ကြမ္းယာဆိုင္တြင္ ကြမ္းယာဆိုင္တြင္ ေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းအရ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ေဒၚျမၿငိမ္း ၅၂ နွစ္၊ ရတနာပံုဘုန္းႀကီးေက်ာင္း၀န္း၊
ေျမာက္ဥယ်ာဥ္ရပ္၊ တံခြန္တုိင္ရပ္ကြက္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ေနသူ၏ ကြမ္းယာဆိုင္အား
ရွာေဖြရာ ႏွစ္လံုး/သံုးလံုးထီေလာင္းကစားရာတြင္ အသံုးျပဳသည့္ စာရႊက္ စာတမ္းမ်ား၊ ေလာင္းေၾကးေငြ
၁၀၁၅၀၀ က်ပ္တုိ႔ႏွင့္အတူ ေတြ႔ရိွဖမ္းဆီးရမိ သျဖင့္ ေဒၚျမၿငိမ္းအား အား ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္း(ပ)
၁၀၅/၂၀၁၈၊ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က)အရလည္းေကာင္း၊ ၂၂-၂-၂၀၁၈ ရက္ေန႔ ညေန ၃ နာရီခဲြအခ်ိန္
မဟာေအင္ေျမၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ေလာင္းကစားသတင္းအရ
မဟာေအာင္ေျမၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ေျမာက္ ရပ္ကြက္ေန မထား(ခ)မထားထားလိႈင္ ၄၁ ႏွစ္၏ေနအိမ္အား၀င္ေရာက္စစ္ေဆးရာ
၎အား ႏွစ္လံုးထီေလာင္းကစားရာတြင္အသံုးျပဳသည့္ စာရြက္စာတန္းမ်ား၊ေလာင္းေၾကးေငြ ၉၅၁၅၀
က်ပ္၊ လက္ကုိင္ဖုန္း ၁ လံုးတုိ႕ႏွင့္ အတူေတြ႕ရိွ သိမ္းဆည္းရမိသျဖင့္ မထား(ခ) မထားထားလိႈင္အား
မဟာေအာင္ေျမၿမိဳ႕မရဲစခန္း (ပ)၁၁၅/၂၀၁၈ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က)အရ လည္းေကာင္း၊ အဆုိပါေန႔
ညေန ၃ နာရီ ၄၀ အခ်ိန္ စက္မႈနယ္ေျမရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ေလာင္းကစားသတင္းအရ
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ်)ရပ္ကြက္၊ ၆၉x၇၀ လမ္းၾကား၊ ဧ၀ရက္လမ္းေဘးရိွ ေအာင္ႏိုင္ထူး(ခ)လူသစ္ ၃၉ ႏွစ္၊ စည္ပင္ရြာ၊ အမရပူရၿမိဳ႕နယ္ေနသူ၏
ကြမ္းယာဆုိင္အား၀င္ေရာက္ စစ္ေဆးရာ ကြမ္းယာဆုိင္ေနာက္ တြင္အသင့္ေတြ႕ရိွၿပီး ၎၀တ္ဆင္
ထားသည့္ ရွပ္အက်ႌအိတ္ကပ္အတြင္းမွ ႏွစ္လံုးထီေလာင္းကစားရာတြင္အသံုးျပဳသည့္ စာရြက္ စာတန္းမ်ား၊
ေလာင္းေၾကးေငြ ၆၂၁၅၀ က်ပ္တုိ႔ႏွင့္အတူေတြ႕ရိွ သိမ္းဆည္းရမိသျဖင့္ ေအာင္ႏုိင္ထူး (ခ)လူသစ္အား
စက္မႈနယ္ေျမရဲစခန္း (ပ)၈၈/၂၀၁၈ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က)အရ လည္းေကာင္း အသီးသီးအမႈဖြင့္စစ္ေဆး
ေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
နှစ်လုံးချဲထီလောင်းကစားသူများအား
ဖမ်းဆီးအရေးယူ
မန္တလေး၊
ဖေဖော်ဝါရီ ၂၃
၂၁-၂-၂၀၁၈
ရက်နေ့ နံနက် ၁၁ နာရီ ၁၅ အချိန် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မြောက်ဥယျာဉ်ရပ်ရှိ
ကွမ်းယာဆိုင်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြည်ကြီး တံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဒေါ်မြငြိမ်း ၅၂ နှစ်၊ ရတနာပုံဘုန်းကြီးကျောင်းဝန်း၊
မြောက်ဥယျာဉ်ရပ်၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် နေသူ၏ ကွမ်းယာဆိုင်အားရှာဖွေရာ
နှစ်လုံး/သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများ၊ လောင်းကြေးငွေ
၁၀၁၅၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ဒေါ်မြငြိမ်း အား ပြည်ကြီးတံခွန်မြို့မရဲစခန်(ပ)၁၀၅/၂၀၁၈၊
လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း၊ ၂၂-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မဟာအေင်မြေမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်
ရပ်ကွက်နေ မထား(ခ)မထားထားလှိုင် ၄၁ နှစ်၏နေအိမ်အားဝင်ရောက်စစ်ဆေးရာ ၎င်းအား နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့်
စာရွက်စာတန်း များ၊လောင်းကြေးငွေ ၉၅၁၅၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့် အတူတွေ့ရှိ
သိမ်းဆည်းရမိသဖြင့် မထား(ခ) မထားထားလှိုင်အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၁၁၅/၂၀၁၈
လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း၊ အဆိုပါနေ့ ညနေ ၃ နာရီ ၄၀ အချိန် စက်မှုနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊
၆၉x၇၀ လမ်း ကြား၊
ဧဝရက်လမ်းဘေးရှိ အောင်နိုင်ထူး(ခ)လူသစ် ၃၉ နှစ်၊ စည်ပင်ရွာ၊ အမရပူရမြို့နယ်နေသူ၏ ကွမ်းယာဆိုင်အားဝင်ရောက်စစ်ဆေးရာ
ကွမ်းယာဆိုင်နောက် တွင်အသင့်တွေ့ရှိပြီး ၎င်းဝတ်ဆင် ထားသည့် ရှပ်အင်္ကျီအိတ်ကပ်အတွင်းမှ
နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက် စာတန်းများ၊ လောင်းကြေးငွေ ၆၂၁၅၀ ကျပ်တို့နှင့်အတူတွေ့ရှိ
သိမ်းဆည်းရမိသဖြင့် အောင်နိုင်ထူး (ခ)လူသစ်အား စက်မှုနယ်မြေရဲစခန်း (ပ)၈၈/၂၀၁၈ လောင်းကစားပုဒ်မ
၁၅(က)/၁၆(က)အရ လည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on February 23, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/posts/1033328856806870
Retrieved
Date: 24/02/2018
No comments:
Post a Comment