မသကၤာဖြယ္ေတြ႔ရိွသူမ်ားအား
စစ္ေမးရာ ၀ါယာႀကိဳး၊ လက္ကုိင္ဖုန္းခုိးယူခဲ့မႈမ်ားေပၚေပါက္ ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္ ေဖေဖာ္၀ါရီ ၂၃၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ေဖေဖာ္၀ါရီ ၂၃
၂၁-၂-၂၀၁၈
ရက္ေန႔ ညေန ၃ နာရီအခ်ိန္ တုိင္းရဲအကူတပ္ဖဲြ႔ခြဲမွတပ္ဖြဲ႕၀င္မ်ားသည္ သက္ေသ မ်ားႏွင့္အတူ
နယ္ေျမအတြင္း ခုိး/ဆုိး/ႏႈိက္သတင္း စံုစမ္းေနစဥ္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၃၅x၃၆ လမ္းၾကား ေရနီေျမာင္းေဘးတြင္
ပစၥည္းမ်ားထည့္ထားေသာ ဆာလာအိတ္ ၁ လံုး ႏွင့္အတူ မသကၤာ ေတြ႔ရွိသူ လွမုိး ၁၇ႏွစ္၊ ဦးဖုိးသာ၀န္း၊
ကဥၥနမဟီရပ္ကြက္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ႏွင့့္ မ်ိဳးမင္းဦး (ခ)ေအာင္ပင္လယ္ ၃၉ ႏွစ္၊
ကံႀကီးကုန္းရြာ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေနသူတုိ႔ ၂ ဦးအား ေတြ႔ရိွစစ္ေဆးရာ ၂၁-၂-၂၀၁၈
ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳ႕(၁)ရပ္ကြက္၊ ၆၅ လမ္း ေပၚရွိ
ေနအိမ္တစ္ခုသုိ႔ သြယ္တန္းထားေသာ ၀ါယာႀကိဳအား လွမုိးမွ ပလာယာ ျဖင့္ျဖတ္၍ ခုိးယူခဲ့ျပီး
မ်ိဳးမင္းဦး(ခ)ေအာင္ပင္လယ္ႏွင့္အတူ ေၾကးနန္းႀကိဳးမ်ား ထုတ္ယူၿပီး ေရာင္းခ်ရန္ သယ္ေဆာင္လာျခင္း
ျဖစ္ေၾကာင္း သိရွိရသျဖင့္ လွမုိး ႏွင့္မ်ိဳးမင္းဦး(ခ)ေအာင္ပင္လယ္တို႔အား မဟာေအာင္ေျမၿမိဳ႕မရဲစခန္း
(ပ)၁၀၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄ အရ လည္းေကာင္း၊ ၂၁-၂-၂၀၁၈ ရက္ေန႔ ညေန ၅ နာရီအခ်ိန္
တုိင္းရဲအကူတပ္ဖဲြ႔ခြဲမွတပ္ဖြဲ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္း ခိုး/ဆိုး/ႏႈိက္သတင္းစံုစမ္းေနစဥ္
ခုိးမႈမ်ားက်ဴးလြန္ထားသည္ဟုႀကိဳတင္သတင္းရရွိထားသူ သီဟ၀င္း(ခ) မုိးမုိး ၂၉ႏွစ္၊ ေဒး၀န္းအေနာက္ရပ္ကြက္၊
ခ်မ္းေအးသာစံၿမိဳ႕နယ္ေနသူအား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၄၉ လမ္းႏွင့္မင္းႀကီးရန္ေနာင္
လမ္းေထာင့္တြင္ ေတြ႔ ရိွ သျဖင့္ စစ္ေမးရာ ၎သည္ ၁၆-၂-၂၀၁၈ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ခန္႔က
ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မေနာ္ဟရီလမ္းႏွင့္ ၆၂လမ္းေထာင့္၊ မီးပြိဳင့္ အေရွ႕ဘက္မုန္႔ဆိုင္ေရွ႕ရပ္ထားေသာ
နံပါတ္မမွတ္မိ 125 ဆုိင္ကယ္ေရွ႕ အံခြက္အတြင္းထည့္ထားသည့္ MI
လက္ကုိင္ဖုန္း ၁ လံုးအား ခုိးယူခဲ့ေၾကာင္းေပၚေပါက္သျဖင့္ သက္ေသခံဖုန္းအား
သိမ္းဆည္းျပီး သီဟ၀င္း(ခ)မုိးမုိးအား အမွတ္(၁၁)နယ္ေျမရဲစခန္း(ပ) ၈၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ
၃၇၉/၅၄အရ လည္းေကာင္း အသီးသီး အမႈဖြင့္စစ္ေဆးေဆာင္ရြက္ လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
မသင်္ကာဖွယ်တွေ့ရှိသူများအား
စစ်ဆေးရာ ဝါယာကြိုး၊ လက်ကိုင်ဖုန်းခိုးယူခဲ့မှုများ ပေါ်ပေါက်
မန္တလေး၊
ဖေဖော်ဝါရီ ၂၃
၂၁-၂-၂၀၁၈
ရက်နေ့ ညနေ ၃ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ
နယ်မြေအတွင်း ခိုး/ဆိုး/နှိုက်သတင်း စုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ၃၅x၃၆ လမ်းကြား ရေနီမြောင်းဘေးတွင်
ပစ္စည်းများထည့်ထားသော ဆာလာအိတ် ၁ လုံး နှင့်အတူ မသင်္ကာ တွေ့ရှိသူ လှမိုး ၁၇နှစ်၊
ဦးဖိုးသာဝန်း၊ ကဉ္စနမဟီရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် မျိုးမင်းဦး (ခ)အောင်ပင်လယ်
၃၉ နှစ်၊ ကံကြီးကုန်းရွာ၊ ချမ်းမြသာစည်မြို့နယ်နေသူတို့ ၂ ဦးအား တွေ့ရှိစစ်ဆေးရာ ၂၁-၂-၂၀၁၈
ရက်နေ့ နံနက် ၁၀ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၅ လမ်းပေါ်ရှိ
နေအိမ်တစ်ခုသို့ သွယ်တန်းထားသော ဝါယာကြိုးအား လှမိုးမှ ပလာယာ ဖြင့်ဖြတ်၍ ခိုးယူခဲ့ပြီး
မျိုးမင်းဦး(ခ)အောင်ပင်လယ်နှင့်အတူ ကြေးနန်းကြိုး များထုတ်ယူပြီး ရောင်းချ ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း
သိရှိရသဖြင့် လှမိုး နှင့် မျိုးမင်းဦး(ခ) အောင်ပင်လယ်တို့အား မဟာအောင်မြေမြို့မရဲစခန်း(ပ)၁၀၉/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ ၂၁-၂-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ နယ်မြေအတွင်း ခိုး/ဆိုး/နှိုက်သတင်းစုံစမ်းနေစဉ် ခိုးမှုများကျူးလွန်ထားသည်ဟုကြိုတင်
သတင်းရရှိ ထားသူ သီဟဝင်း(ခ)မိုးမိုး ၂၉နှစ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်
နေသူအား ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉ လမ်းနှင့်မင်းကြီးရန်နောင် လမ်းထောင့် တွင် တွေ့ရှိ
သဖြင့် စစ်မေးရာ ၎င်းသည် ၁၆-၂-၂၀၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ချမ်းမြသာစည် မြို့နယ်၊
မနော်ဟရီလမ်းနှင့် ၆၂လမ်းထောင့်၊ မီးပွိုင့်အရှေ့ဘက်မုန့်ဆိုင်ရှေ့ရပ်ထားသော နံပါတ်မမှတ်မိ
125 ဆိုင်ကယ်ရှေ့ အံခွက်အတွင်းထည့်ထားသည့် MI လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သက်သေခံဖုန်းအား
သိမ်းဆည်းပြီး သီဟဝင်း(ခ)မိုးမိုးအား အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ
၃၇၉/၅၄အရ လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on February 23, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 24/02/2018
No comments:
Post a Comment