မူးယစ္သတင္းအရ
ဆုိင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ေက်ာပုိးအိတ္အတြင္း မူးယစ္ေဆး၀ါမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း
Mandalay Police
Facebook စာမ်က္နွာတြင္ ေဖေဖာ္ဝါရီလ ၁၄ ရက္၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
မႏၲေလး၊
ေဖေဖာ္၀ါရီ ၁၃
၁၁-၂-၂၀၁၈
ရက္ေန႔ ညေန ၅ နာရီ ၄၅အခ်ိန္ မူးယစ္တပ္ဖဲြ႔စု(၁၆)မွတပ္ဖဲြ႔၀င္မ်ား၊ မုိးကုတ္ၿမိဳ႕မရဲစခန္းမွ
တပ္ဖဲြ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ မူးယစ္သတင္းအရ မိုးကုတ္ၿမိဳ႕နယ္၊ ပန္းမထိပ္ေက်းရြာ၊
မုိးကုတ္-မုိးမိတ္သြားကားလမ္းမေပၚတြင္ ပိတ္ဆို႔ရွာေဖြေဆာင္ရြက္ေနစဥ္ မုိင္းလံုဘက္မွ
မုိးကုတ္ ဘက္သုိ႔ စုိင္းဟန္လူး ၂၀ ႏွစ္၊ ဟုိစန္ေက်းရြာ၊ မုိင္းလံုၿမိဳ႕နယ္ေနသူ နယ္ေနသူ
ေမာင္းႏွင္ၿပီး စုိင္းအံုး ၂၉ ႏွစ္၊ မန္းမရြာ၊ တန္႔ယန္းၿမိဳ႕နယ္ေနသူ ေနာက္ထုိင္လုိက္ပါလာသည့္
နံပါတ္ မပါ Canda
CZI-125 ဆုိင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ၎တို႔ ၂ ဦးၾကားရွိ ေက်ာပုိးအိတ္ထဲမွ
ပလပ္စတစ္ဆပ္ျပာခြက္အတြင္း အျဖဴေရာင္ပလပ္စတစ္အိတ္ျဖင့္ ထည့္ထားေသာ ဘိန္းျဖဴဟုယူ ဆရသည့္
ျဖဴ/၀ါေရာင္အမႈန္႔အေလးခ်ိန္ ၁၁ ဂရမ္ခန္႔ပါ ဆပ္ျပာခြက္ ၁၂ ခြက္၊ ေပါင္းအေလးခ်ိန္ ၁၃၂
ဂရမ္ႏွင့္ M-150 အခ်ိဳရည္ပုလင္းအတြင္းမွ ဘိန္းျဖဴဟု ယူဆရေသာ
ျဖဴ/၀ါေရာင္အမႈန္႔ ၄ ဂရမ္ခန္႔၊ စုစုေပါင္း ၁၃၆ ဂရမ္(တန္ဖုိး ၁၃၆ သိန္းက်ပ္ခန္႔)အား
ေတြ႔ရိွသိမ္းဆည္းရမိသျဖင့္ စုိင္းဟန္လူးႏွင့္ စုိင္းအံုးတို႔အား မုိးကုတ္ၿမိဳ႕မရဲစခန္းတြင္
မူးယစ္ေဆး၀ါးနွင့္ စိတ္ကုိေျပာင္းလဲေစေသာေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရအမႈဖြင့္အေရးယူထားေၾကာင္း
သတင္း ရရိွသည္။
Unicode
မူးယစ်သတင်းအရ
ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ကျောပိုးအိတ်အတွင်း မူးယစ်ဆေးဝါများ သိမ်းဆည်းရမိ
မန္တလေး၊
ဖေဖော်ဝါရီ ၁၃
၁၁-၂-၂၀၁၈
ရက်နေ့ ညနေ ၅ နာရီ ၄၅ အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှတပ်ဖွဲ့ဝင်များ၊ မိုးကုတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ မူးယစ်သတင်းအရ မိုးကုတ်မြို့နယ်၊ ပန်းမထိပ်ကျေးရွာ၊ မိုးကုတ်-မိုးမိတ်သွားကားလမ်းမပေါ်တွင်
ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မိုင်းလုံဘက်မှ မိုးကုတ် ဘက်သို့ စိုင်းဟန်လူး ၂၀ နှစ်၊
ဟိုစန်ကျေးရွာ၊ မိုင်းလုံမြို့နယ်နေသူ မောင်းနှင်ပြီး စိုင်းအုံး ၂၉ နှစ်၊ မန်းမရွာ၊
တန့်ယန်းမြို့နယ်နေသူ နောက်ထိုင်လိုက်ပါလာသည့် နံပါတ် မပါ Canda CZI-125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ
၎င်းတို့ ၂ ဦးကြားရှိ ကျောပိုးအိတ်ထဲမှ ပလပ်စတစ်ဆပ်ပြာခွက်အတွင်း အဖြူရောင်ပလပ်စတစ်အိတ်ဖြင့်
ထည့်ထားသော ဘိန်းဖြူဟုယူ ဆရသည့် ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၁၁ ဂရမ်ခန့်ပါ ဆပ်ပြာ
ခွက် ၁၂ ခွက်၊ ပေါင်းအလေးချိန် ၁၃၂ ဂရမ်နှင့် M-150 အချို ရည်ပုလင်းအတွင်းမှ
ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့် ၄ ဂရမ်ခန့်၊ စုစုပေါင်း ၁၃၆ ဂရမ်(တန်ဖိုး ၁၃၆
သိန်းကျပ်ခန့်) အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် စိုင်းဟန်လူးနှင့် စိုင်းအုံးတို့အား
မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာ
ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on February 13, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are
non-profits volunteers and we only retrieved this news to support all
communities from Myanmar who do not know how to get access the news and have no
luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 15/02/2018
No comments:
Post a Comment