ႏွစ္လံုးခ်ဲထီေလာင္းကစားသူမ်ားအား
အေရးယူခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ေဖေဖာ္၀ါရီ ၁၆၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ေဖေဖာ္၀ါရီ ၁၆
၁၅-၂-၂၀၁၈
ရက္ေန႔ နံနက္ ၁၁ နာရီခဲြအခ်ိန္ သာစည္ၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႔၀င္မ်ားသည္ ေလာင္းကစားသတင္းအရ
သက္ေသမ်ားႏွင့္အတူ သာစည္ၿမိဳ႕နယ္၊ လႈိင္းတက္ေက်းရြာေန ျမင့္ဦး ၄၉ ႏွစ္၏ ေနအိမ္အား
၀င္ေရာက္ရွာေဖြရာ ျမင့္ဦးအား၎၏ ေနအိမ္အဖီေအာက္ရိွ စားပဲြေပၚတြင္ ႏွစ္လံုး/ခ်ဲထီနွစ္လံုးေလာင္းကစားရာတြင္အသံုးျပဳသည့္
စာရြက္စာတမ္းမ်ား၊ ေလာင္းေၾကးေငြက်ပ္ႏွင့္ အတူ ေတြ႔ရိွ ဖမ္းဆီးရမိသျဖင့္ ျမင့္ဦးအား
သာစည္ၿမိဳ႕မရဲစခန္း(ပ)၃၁/၂၀၁၈၊ ေလာင္းကစားပုဒ္မ ၁၅(က)/ ၁၆(က) အရ လည္းေကာင္း၊ ၁၅-၂-၂၀၁၈
ရက္ေန႔ ညေန ၃ နာရီခဲြအခ်ိန္ အမွတ္(၇) နယ္ေျမရဲစခန္းမွ တပ္ဖဲြ႔၀င္မ်ားသည္ ေလာင္းကစားသတင္းအရ
သက္ေသမ်ားႏွင့္အတူ မဟာေအာင္ေျမ ၿမိဳ႕နယ္၊ စိန္ပန္းရပ္ကြက္၊ ေဂါ၀ိန္ဆိပ္ကမ္း၊ ကမ္းနားလမ္း၊
စားေသာက္ဆုိင္အနီး လမ္းမေပၚတြင္ မဇင္မာေအး ၃၆ ႏွစ္၊ ေဂါ၀ိန္က်ဴးတဲ၊စိန္ပန္းရပ္ကြက္၊
မဟာေအာင္ေျမၿမိဳ႕နယ္ေနသူအား ႏွစ္လံုး/ခ်ဲထီ ေလာင္းကစားရာတြင္ အသံုးျပဳသည့္စာရြက္စာတမ္းမ်ား၊
ေလာင္းေၾကးက်ပ္ႏွင့္အတူ ေတြ႔ရိွရမိသျဖင့္ မခင္မာေအး အား အမွတ္(၇)နယ္ေျမရဲစခန္း(ပ)၇၇/၂၀၁၈၊
ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က)အရ လည္းေကာင္း၊ ၁၅-၂-၂၀၁၈ ရက္ေန႔ ညေန ၃ နာရီခဲြအခ်ိန္ စက္မႈနယ္ေျမရဲစခန္းမွတပ္ဖဲြ႔၀င္မ်ားသည္
ေလာင္းကစားသတင္းအရ သက္ေသမ်ားႏွင့္အတူ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၅၂x၅၃ ၾကား၊ သခင္ဖုိးလွႀကီး
လမ္းေဘးရိွ ျမန္မာထမင္းဆုိင္တြင္ ေအာင္မ်ိဳးမင္း ၂၃ ႏွစ္၊ (ဇ)ရပ္ကြက္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေနသူအား
ႏွစ္လံုး/ခ်ဲထီေလာင္းကစားရာတြင္ အသံုးျပဳသည့္ စာရြက္စာတမ္းမ်ား၊ ေလာင္းေၾကးေငြ ၆၅၀၅၀
က်ပ္ႏွင့္အတူ ေတြ႔ရိွ ဖမ္းဆီးရမိသျဖင့္ ေအာင္မ်ိဳးမင္း အား စက္မႈနယ္ေျမရဲစခန္း(ပ)၇၅/၂၀၁၈၊
ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က) အရလည္းေကာင္း အသီးသီးအမႈဖြင့္ စစ္ေဆးေဆာင္ရြက္ လ်က္ရိွေၾကာင္း
သတင္းရရိွသည္။
Unicode
နှလုံးချဲထီလောင်းကစားသူများအား
အရေးယူ
မန္တလေး၊
ဖေဖော်ဝါရီ ၁၆
၁၅-၂-၂၀၁၈
ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် သာစည်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ
သက်သေများနှင့်အတူ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနေ မြင့်ဦး ၄၉ နှစ်၏ နေအိမ်အား
ဝင်ရောက်ရှာဖွေရာ မြင့်ဦးအား၎င်း၏ နေအိမ်အဖီအောက်ရှိ စားပွဲပေါ်တွင် နှစ်လုံး/ ချဲထီလောင်းကစားရာတွင်အသုံးပြုသည့်
စာရွက်စာတမ်းများ၊ လောင်းကြေးငွေကျပ်နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် မြင့်ဦးအား
သာစည်မြို့မရဲစခန်း(ပ)၃၁/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က) အရ လည်းကောင်း၊ ၁၅-၂-၂၀၁၈
ရက်နေ့ ညနေ ၃ နာရီခွဲအချိန် အမှတ်(၇) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ
သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝိန် ဆိပ်ကမ်း၊ ကမ်းနားလမ်း၊
စားသောက်ဆိုင်အနီး လမ်းမပေါ်တွင် မဇင်မာအေး ၃၆ နှစ်၊ ဂေါဝိန်ကျူးတဲ၊စိန်ပန်းရပ်ကွက်၊
မဟာအောင်မြေမြို့နယ်နေသူအား နှစ်လုံး/ချဲထီ လောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊
လောင်းကြေးကျပ်နှင့်အတူ တွေ့ရှိရမိသဖြင့် မခင်မာအေး အား အမှတ်(၇)နယ်မြေရဲစခန်း(ပ)၇၇/၂၀၁၈၊
လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ လည်းကောင်း၊ ၁၅-၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် စက်မှုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
လောင်းကစားသတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂x၅၃ ကြား၊ သခင်ဖိုးလှကြီး လမ်းဘေးရှိ
မြန်မာထမင်းဆိုင်တွင် အောင်မျိုးမင်း ၂၃ နှစ်၊ (ဇ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူအား
နှစ်လုံး/ချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်း များ၊ လောင်းကြေးငွေ ၆၅၀၅၀
ကျပ်နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် အောင်မျိုးမင်း အား စက်မှုနယ် မြေရဲစခန်း(ပ)၇၅/၂၀၁၈၊
လောင်းကစား ပုဒ်မ ၁၅(က)/၁၆(က) အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
This
article first appears in Mandalay Police news on February 16, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are
non-profits volunteers and we only retrieved this news to support all
communities from Myanmar who do not know how to get access the news and have no
luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 18/02/2018
No comments:
Post a Comment