Tuesday, October 24, 2017





ဆိုင်ကယ်ခိုးသူအား ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPSစနစ်ဖြင့် ရှာဖွေဖမ်းဆီးရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် အောက်တိုဘာ ၂၄၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ အောက်တိုဘာ ၂၄
၂၂-၁၀-၂၀၁၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်နေ ကိုနီစိုး ၃၅ နှစ်သည် ၄၂ယ/xxxxx Honda Click ဆိုင်ကယ်ဖြင့် အပြင်မှ ပြန်လာပြီး ဆိုင်ကယ်အား နေအိမ်တိုက်ခန်းအရှေ့မျက်နှာစာတွင် ဇက်သော့ခတ်ရပ် ထားခဲ့ရာ ၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် ၇ နာရီအချိန် ဆိုင်ကယ်အားကြည့်ရှုရာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဆိုင်ကယ်၌ GPSစက်တပ် ဆင်ထား၍ ကြည့်ရှုရာ ဆိုင်ကယ်မှာ စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာ အနီးရောက်ရှိနေသည်ကိုသိရှိရသဖြင့် ကိုနီစိုးမှ အောင်မြေသာစံမြို့မရဲစခန်းသို့ သွှားရောက် အကြောင်းကြား၍ ရဲတပ်ဖွှဲ့ဝင်များ၊ သက်သေများနှင့်အတူ ဆိုင်ကယ်ရောက်ရှိသည့် နေရာသို့ သွားရောက်ကြည့်ရှုခဲ့ရာ ၎င်းပျောက်ဆုံးသည့်ဆိုင်ကယ်နှင့်အတူ ၀င်းအောင် ၂၇ နှစ်၊ မတ္တရာမြို့နယ်နေသူအား တွေ့ရှိ၍ သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ၀င်းအောင်အား အောင်မြေသာစံ မြို့မရဲစခန်း(ပ)၄၆၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ)အရ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
ဆိုင်ကယ်ခိုးသူအား ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPSစနစ်ဖြင့် ရှာဖွေဖမ်းဆီးရမိ

မန္တလေး၊ အောက်တိုဘာ ၂၄

၂၂-၁၀-၂၀၁၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်နေ ကိုနီစိုး ၃၅ နှစ်သည် ၄၂ယ/××××× Honda Click ဆိုင်ကယ်ဖြင့် အပြင်မှ ပြန်လာပြီး ဆိုင်ကယ်အား နေအိမ်တိုက်ခန်းအရှေ့မျက်နှာစာတွင် ဇက်သော့ခတ်ရပ် ထားခဲ့ရာ ၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် ၇ နာရီအချိန် ဆိုင်ကယ်အားကြည့်ရှုရာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဆိုင်ကယ်၌ GPSစက်တပ်ဆင်ထား၍ကြည့်ရှုရာ ဆိုင်ကယ်မှာ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ အနီးရောက်ရှိနေသည်ကိုသိရှိရသဖြင့် ကိုနီစိုးမှ အောင်မြေသာစံမြို့မရဲစခန်းသို့ သွားရောက် အကြောင်းကြား၍ ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ ဆိုင်ကယ်ရောက်ရှိသည့် နေရာသို့ သွားရောက်ကြည့်ရှုခဲ့ရာ ၎င်းပျောက်ဆုံးသည့်ဆိုင်ကယ်နှင့်အတူ ဝင်းအောင် ၂၇ နှစ်၊ မတ္တရာမြို့နယ် နေသူအားတွေ့ရှိ၍ သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ဝင်းအောင်အား အောင်မြေသာစံမြို့မ ရဲစခန်း(ပ)၄၆၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ)အရ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on October 24, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 25/10/2017





၂၂ဘီးတွဲယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် အောက်တိုဘာ ၂၄၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ အောက်တိုဘာ ၂၄

၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် ယာဉ်များအား ရှာဖွေစစ်ဆေးရေးဆောင်ရွက်စဉ် မူဆယ်မှ မန္တလေးဘက်သို့ သောင်းနိုင် ၃၆ နှစ်၊ သက်ကယ်ချောင်း ရွာ၊ လယ်ဝေးမြိ့နယ်နေသူမောင်းနှင်လာသည့် 2L-xxxx (၂၂)ဘီးတွဲယာဉ်အား ရပ်တန့် စစ်ဆေးရာ သောင်းနိုင် လွယ်ထားသည့်ဘေးလွယ်အိတ်အတွင်း အီချိုင်းလိမ်းဆီ ဖန်ပုလင်းဖြင့်ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀ ပြား၊ အလေးချိန် ၁၃ဂရမ် (ဒေသပေါက်ဈေး တစ်ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၆၅၀၀၀၀ ကျပ်)အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် သောင်းနိုင်အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Unicode
၂၂ဘီးတွဲယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

မန္တလေး၊ အောက်တိုဘာ ၂၄

၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး စခန်းတွင် ယာဉ်များအားရှာဖွေစစ်ဆေးရေးဆောင်ရွက်စဉ် မူဆယ်မှ မန္တလေးဘက်သို့ သောင်းနိုင် ၃၆ နှစ်၊ သက်ကယ်ချောင်းရွာ၊ လယ်ဝေးမြို့နယ်နေသူမောင်းနှင်လာသည့် 2L-2960 (၂၂)ဘီးတွဲယာဉ်အား ရပ်တန့်စစ်ဆေးရာ သောင်းနိုင် လွယ်ထားသည့်ဘေးလွယ်အိတ်အတွင်းအီ ချိုင်းလိမ်းဆီဖန်ပု လင်းဖြင့်ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား ၁၃၀ ပြား၊ အလေးချိန် ၁၃ဂရမ် (ဒေသပေါက်စျေး တစ်ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၆၅၀၀၀၀ ကျပ်) အားတွေ့ရှိ သိမ်းဆည်းရမိသဖြင့် သောင်းနိုင်အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

This article first appears in Mandalay Police news on October 24, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 25/10/2017





နယ်မြေအတွင်း မသင်္ကာတွေ့ရှိသူများအား စစ်ဆေးအရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် အောက်တိုဘာ ၂၄၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ အောက်တိုဘာ ၂၄

၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ၄၉ လမ်း၌နယ်မြေသတင်းစုံစမ်းနေစဉ် ဟိန်းထက်ဦး(ခ)နေလင်းဦး ၂၂ နှစ်၊ ကံကြီးကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား CZI-125 ဆိုင်ကယ်နှင့်အတူ မသင်္ကာတွေ့ရှိစစ်ဆေးရာ ဆိုင်ကယ်နှင့် ပတ်သက်၍ ၎င်းပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံ ဆိုင်ကယ်အားသိမ်းဆည်းပြီး ဟိန်းထက်ဦး(ခ)နေလင်းဦးအား အုန်းချောနယ်မြေရဲစခန်း(ပ)၂၁၀/၂၀၁၇ ရာဇသတ် ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း၊ ညနေ ၃ နာရီခွဲအချိန် အုန်းချောနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ညဥ့်နက်လှည့်ကင်း ဆောင်ရွက်နေစဉ် မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ ကျောက်ချောရွာ အနီးရှိ Oriental Highway ကုမ္ပဏီပိုင်တိုးဂိတ်အနီးတွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ မသင်္ကာတွေ့ရှိသူ ခိုင်ဝင်း ၂၂ နှစ်၊ အမှတ်(၃)ရပ်ကွက်၊ အုန်းချောရွာနှင့် တစ်ရွာတည်းနေ သက်ထွန်းအောင် ၁၉ နှစ်၊ ဟိန်းဇံ ၁၉ နှစ်တို့ ၃ ဦးအား စစ်ဆေးရာ အဆိုပါဖုန်း ၂ လုံးအား ၎င်းတို့ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာပြသ ပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဖုန်း ၂ လုံးအား သိမ်းဆည်းပြီး ခိုင်ဝင်းပါ ၃ ဦးအား အုန်းချောနယ်မြေ ရဲစခန်း(ပ)၂၁၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း၊ ည ၉ နာရီ ၁၅ အချိန် အနီးစခန်းရဲကင်းစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ ဈေးကုန်းလမ်း ၀ဲဘက်ဈေးတန်း၌ အောင်ကျော်မြင့် ၂၁ နှစ်၊ ဆင်လမ်းရွာ၊ ပြင်ဦးလွင်မြို့နယ်နေသူသည် ၅၃ယ/xxxxx Thai Anbo-125 နီ/ညိုရောင်ဆိုင်ကယ်အား ငွေ ၁၀၀၀၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချနေသည်ကို မသင်္ကာတွေ့ရှိ စစ်ဆေးရာ ၎င်းပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အောင်ကျော်မြင့်အား ပြင်စာရဲကင်းစခန်း (ပ)၁၂၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း၊ ည ၉ နာရီခွဲအချိန် မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မိုးကုတ်မြို့၊ ဘော်ဗဒန်းရွာအပြင်၌ရပ်တန့် ထားသော ၂၇ယ/xxxxx Kenbo-125 ဆိုင်ကယ်၏ဘီးတွင် ခတ်ထားသည့် သံကြိုးအား အမျိုးသား ၂ ဦးမှာ ပလာယာနှင့် ကိုက်ဖြတ်နေသည်ကို မသင်္ကာတွေ့ရှိစစ်ဆေးရာ ထွန်းအေး ၂၄ နှစ်၊ ပင်ပေါ်ရွာ၊ မိုးကုတ်မြို့နှင့် တစ်ရွာတည်းနေ ဗျာဆား ၂၈ နှစ်တို့ဖြစ်ပြီး ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ထွန်းအေးနှင့်ဗျာဆားတို့အား မိုးကုတ်မြို့မရဲစခန်း(ပ)၁၄၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၅၄ အရ လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။

Unicode

နယ်မြေအတွင်း မသင်္ကာတွေ့ရှိသူများအား စစ်ဆေးအရေးယူ

မန္တလေး၊ အောက်တိုဘာ ၂၄

၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ၄၉ လမ်း၌နယ်မြေသတင်းစုံစမ်းနေစဉ် ဟိန်းထက်ဦး (ခ)နေလင်းဦး ၂၂ နှစ်၊ ကံကြီးကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား CZI-125 ဆိုင်ကယ် နှင့်အတူ မသင်္ကာတွေ့ရှိစစ်ဆေးရာ ဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံ တစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အားသိမ်းဆည်းပြီး ဟိန်းထက်ဦး(ခ) နေလင်းဦးအား အုန်းချောနယ်မြေရဲစခန်း(ပ)၂၁၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ လည်းကောင်း၊ ညနေ ၃ နာရီခွဲအချိန် အုန်းချောနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ညဉ်နက်လှည့်ကင်း ဆောင်ရွက်နေစဉ် မန္တလေး-ပြင်ဦးကားလမ်း၊ ကျောက်ချော ရွာ အနီးရှိ Oriental Highway ကုမ္ပဏီပိုင်တိုးဂိတ်အနီးတွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ မသင်္ကာတွေ့ရှိသူ ခိုင်ဝင်း ၂၂ နှစ်၊ အမှတ်(၃)ရပ်ကွက်၊ အုန်းချောရွာနှင့် တစ်ရွာတည်းနေ သက်ထွန်းအောင် ၁၉ နှစ်၊ ဟိန်းဇံ ၁၉ နှစ်တို့ ၃ ဦးအားစစ်ဆေးရာ အဆိုပါဖုန်း ၂ လုံးအား ၎င်းတို့ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဖုန်း ၂ လုံး အား သိမ်းဆည်းပြီး ခိုင်ဝင်းပါ ၃ ဦးအား အုန်းချောနယ်မြေရဲစခန်း(ပ)၂၁၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း၊ ည ၉ နာရီ ၁၅ အချိန် အနီးစခန်းရဲကင်းစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ စျေးကုန်းလမ်း ဝဲဘက်စျေးတန်း၌ အောင်ကျော်မြင့် ၂၁ နှစ်၊ ဆင်လမ်းရွာ၊ ပြင်ဦးလွင်မြို့နယ်နေသူသည် ၅၃ယ/××××× Thai Anbo-125 နီ/ညိုရောင်ဆိုင်ကယ်အား ငွေ ၁၀၀၀၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချနေသည်ကို မသင်္ကာတွေ့ရှိ စစ်ဆေးရာ ၎င်းပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အောင်ကျော်မြင့် အား ပြင်စာရဲကင်းစခန်း (ပ)၁၂၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း၊ည ၉ နာရီခွဲ အချိန် မိုးကုတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မိုးကုတ်မြို့၊ ဘော်ဗဒန်းရွာအပြင်၌ရပ်တန့် ထားသော ၂၇ယ/××××× Kenbo-125 ဆိုင်ကယ်၏ဘီးတွင် ခတ်ထားသည့်သံကြိုးအား အမျိုးသား ၂ ဦးမှာ ပလာယာနှင့် ကိုက်ဖြတ် နေသည်ကို မသင်္ကာတွေ့ရှိစစ်ဆေးရာ ထွန်းအေး ၂၄ နှစ်၊ ပင်ပေါ်ရွာ၊ မိုးကုတ်မြို့နှင့် တစ်ရွာတည်းနေ ဗျာဆား ၂၈ နှစ်တို့ဖြစ်ပြီး ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြသ ပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ထွန်းအေးနှင့်ဗျာဆားတို့အား မိုးကုတ်မြို့မ ရဲစခန်း(ပ)၁၄၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၅၄ အရ လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on October 24, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 25/10/2017

ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းခြိမ်းခြောက်တောင်းယူသူအား မန္တလေး အမှတ်(၂)နယ်မြေရဲစခန်းမှ အရေးယူ




ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းခြိမ်းခြောက်တောင်းယူသူအား အရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် အောက်တိုဘာ ၂၄၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ အောက်တိုဘာ ၂၄
၂၃-၁၀-၂၀၁၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ကိုနိုင်ကိုကို ၂၀ နှစ်သည် တစ်ဩးတည်း Scoopyi အနက်ရောင်ဆိုင်ကယ်ဖြင့် ၁၂ လမ်းအတိုင်းအရှေ့ဘက်သို့ မောင်းနှင်လာရာ အမည်မသိအမျိုးသားတစ်ဦးမှာ ဆိုင်ကယ်ဖြင့် ဘေးမှလိုက်ပါလာပြီး ၁၂x၇၆ လမ်းဆုံအရောက်တွင် ၎င်းင်းအမျိုးသားမှ ဆိုင်ကယ်နှင့်ရှေ့မှပိတ်ရပ်၍ ရပ်တန့်စဉ် ဆိုင်ကယ်နှင့်ဖုန်းအား ထားခဲ့ရန် ခြိမ်းခြောက်တောင်းယူသဖြင့် ဆိုင်ကယ်အားထားခဲ့ပြီး ရဲလှည့်ကင်း ကားနှင့် တွေ့ဆုံ၍အကူအညီတောင်းခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှသွားရောက်ဖမ်းဆီးခဲ့ရာ ကိုနိုင်ကိုကို၏ သက်သေခံ ဆိုင်ကယ်နှင့်အတူ ကျော်စောဝင်း ၁၉ နှစ်၊ အကွက်(၅၀)၊ ပွဲစားဝန်း၊ အောင်မြေသာစံမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသဖြင့် ကျော်စောဝင်းအား အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၇၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode

ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းခြိမ်းခြောက်တောင်းယူသူအား အရေးယူ

မန္တလေး၊ အောက်တိုဘာ ၂၄

၂၃-၁၀-၂၀၁၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ကိုနိုင်ကိုကို ၂၀ နှစ်သည် တစ်ဦးတည်း Scoopyi အနက်ရောင်ဆိုင်ကယ်ဖြင့် ၁၂ လမ်းအတိုင်းအရှေ့ဘက် သို့မောင်းနှင်လာရာ အမည်မသိအမျိုးသားတစ်ဦးမှာဆိုင်ကယ်ဖြင့်ဘေးမှလိုက်ပါလာပြီး ၁၂x၇၆ လမ်း ဆုံအရောက်တွင် ၎င်းအမျိုးသားမှ ဆိုင်ကယ်နှင့်ရှေ့မှပိတ်ရပ်၍ ရပ်တန့်စဉ် ဆိုင်ကယ်နှင့်ဖုန်းအား ထားခဲ့ရန် ခြိမ်းခြောက်တောင်းယူသဖြင့် ဆိုင်ကယ်အားထားခဲ့ပြီး ရဲလှည့်ကင်းကားနှင့် တွေ့ဆုံ၍အကူအညီတောင်းခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှသွားရောက်ဖမ်းဆီးခဲ့ရာ ကိုနိုင်ကိုကို၏ သက်သေ ခံဆိုင်ကယ်နှင့်အတူ ကျော်စောဝင်း ၁၉ နှစ်၊ အကွက်(၅၀)၊ ပွဲစားဝန်း၊ အောင်မြေသာစံမြို့နယ် နေသူအား ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသဖြင့် ကျော်စောဝင်းအား အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၇၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on October 24, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 25/10/2017

Monday, October 23, 2017





သစ်အရောင်းဆိုင်မှ တရားမဝင်သစ်များဖမ်းဆီးရမိ ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook စာမျက်နှာ တွင် အောက်တိုဘာ ၂၁ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မကွေး၊ အောက်တိုဘာ ၂၁


Unicode

သစ်အရောင်းဆိုင်မှ တရားမဝင်သစ်များဖမ်းဆီးရမိ

မကွေး၊ အောက်တိုဘာ ၂၁

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများသည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ် (၁၂)ရပ်ကွက်ရှိ ဦးကျော်အောင်(၅၁)နှစ်၏ သစ်အရောင်းဆိုင်အား ဝင်ရောက်ရှာဖွေရာ တရားမဝင် ကျွန်းသစ်ခွဲသား(၅၁)ချောင်း၊ အင်သစ်ခွဲသား(၂၀)ချောင်း၊ သရက်ခွဲသား(၇)ချောင်း၊ စုစုပေါင်း (၀.၄၈၉၂)တန် တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ ၎င်းအား ပခုက္ကူ မြို့မရဲစခန်း(ပ)၂၂၃၂/၂၀၁၇၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ news on October 21, 2017 of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook.

We acknowledged © of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ and thus full credit given to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့.


Reference Link: https://www.facebook.com/magway.div.polmedia/

Retrieved Date: October 23, 2017

ကားမှ လမ်းဖြတ်ကူးသူအား တိုက်မိသဖြင့် လမ်းဖြတ်ကူးသူ ဒဏ်ရာရ




ကားမှ လမ်းဖြတ်ကူးသူအား တိုက်မိသဖြင့် ဒဏ်ရာရ ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook စာမျက်နှာ တွင် အောက်တိုဘာ ၂၁ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မကွေး၊ အောက်တိုဘာ ၂၁

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုကားလမ်း၊ မိုင်တိုင်အမှတ်(၂/၆)၊ မြို့သစ်ရပ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရေစကြိုဘက်မှ ပခုက္ကူဘက်သို့ ပခုက္ကူမြို့၊ စက်မှုဇုန်ရပ်နေ ဦးဌေးဝင်း (၅၆)နှစ်မောင်းနှင်လာသော HIJET ယာဉ်သည် လမ်းဖြတ်ကူးနေသည့် မြိုင်မြို့နယ်၊ ရွှေလင်းဆွဲ ကျေးရွာနေ ဦးဖိုးနွယ်(၆၇)နှစ်အား တိုက်မိခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မောင်း ဦးဌေးဝင်းအား ပခုက္ကူမြို့မရဲစခန်းယာဉ်(ပ)၁၇၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Unicode

ကားမှ လမ်းဖြတ်ကူးသူအား တိုက်မိသဖြင့် ဒဏ်ရာရ

မကွေး၊ အောက်တိုဘာ ၂၁

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက်ကူ-ရေစကြိုကားလမ်း၊ မိုင်တိုင်အမှတ်(၂/၆)၊ မြို့သစ်ရပ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရေစကြိုဘက်မှ ပခုက္ကူဘက်သို့ ပခုက္ကူမြို့၊ စက်မှုဇုန်ရပ်နေ ဦးဌေးဝင်း (၅၆)နှစ်မောင်းနှင်လာသော HIJET ယာဉ်သည် လမ်းဖြတ်ကူးနေသည့် မြိုင်မြို့နယ်၊ ရွှေလင်းဆွဲ ကျေးရွာနေ ဦးဖိုးနွယ်(၆၇)နှစ်အား တိုက်မိခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မောင်း ဦးဌေးဝင်းအား ပခုက္ကူမြို့မရဲစခန်းယာဉ်(ပ)၁၇၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ news on October 21, 2017 of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook.

We acknowledged © of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ and thus full credit given to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့.


Reference Link: https://www.facebook.com/magway.div.polmedia/

Retrieved Date: October 23, 2017





အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ်တိမ်းမှောက်၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook စာမျက်နှာ တွင် အောက်တိုဘာ ၂၂ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မကွေး၊ အောက်တိုဘာ ၂၂


Unicode
အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ်တိမ်းမှောက်၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး
မေကြး၊ အောက်တိုဘာ ၂၂
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူး-စကုကားလမ်းတွင် ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်း အရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၄) ရပ်ကွက်နေ ညီညီအေး(၂၈)နှစ်သည် ကန်ဘို-၁၁၀ ဆိုင်ကယ်အား တစ်ဦးတည်းမောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်သို့ လဲကျတိမ်းမှောက်ခဲ့ပြီး ၎င်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရှိရသောကြောင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ ညီညီအေး အား မင်းဘူးမြို့မရဲစခန်း ယာဉ်(ပ)၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ news on October 22, 2017 of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook.

We acknowledged © of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ and thus full credit given to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့.


Reference Link: https://www.facebook.com/magway.div.polmedia/

Retrieved Date: October 23, 2017

Friday, October 20, 2017

လက်နက်ခဲယမ်းများ၊ ဆက်သွယ် ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များ နှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်



ရားမဝင် လက်ဝယ်ထားရှိသော လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ် ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့ မှူးရုံးများသို့အမြန်ဆုံး လာရောက်အပ်နှံကြပါရန်နှင့် လာရောက်အပ်နှံခြင်း မပြုဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ်ရရှိပါကအရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အသိပေးကြေညာထားကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook စာမျက်နှာ တွင် အောက်တိုဘာ ၁၉ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိ သော လက်နက်ကိုင်ဆောင်ရေး မူအရ လေသေနတ်၊
လုပ်သေနတ်အပါအဝင် လက်နက်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုသဖြင့်
လိုင်စင်ဖြင့်ကိုင်ဆောင်ခွင့်ရရှိရန် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ထဲရေး
ဝန်ကြီးဌာန(လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် ပါမစ်စိစစ်ရေးအဖွဲ့)သို့ တင်ပြ
လျှောက်ထားမှုအပေါ် စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိပါသည်။

အလားတူ ဆက်သွယ်ရေးစက်များကိုလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့
ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထား၍ လိုင်စင်ရရှိမှ သာ ကိုင်ဆောင်ခွင့်ရှိပါသည်။

လိုင်စင်မဲ့ စီးနင်း၊ကိုင်ဆောင်လျက်ရှိသော ယာဉ်၊ လက်နက်၊ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ
နှင့် တရားမဝင် ဆက်သွယ်ရေး ပစ္စည်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အစဉ်တစိုက်
စုံစမ်းဖော်ထုတ်အရေး ယူလျက်ရှိရာ အောက်တိုဘာ ၁၅ ရက် ညနေတွင် နေပြည်တော်မှ
ရန်ကုန်သို့ MNA လေကြောင်းလိုင်းဖြင့်လိုက်ပါမည့် ခရီးသည်သုံးဦး၏ ခရီးဆောင်
အိတ်များအတွင်းမှ ပစ္စတိုနှစ်လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်သုံးလုံးနှင့် ဆက်စပ်
ပစ္စည်းများကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ နေပြည်တော်နှင့်ရန်ကုန်ရှိ ၎င်းတို့နေသည့် နေရာများအား စစ်ဆေးရှာဖွေ
ခဲ့ရာ နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည့် အရေအတွက်အပါအဝင် စုစုပေါင်း
ပစ္စတိုသေနတ် ၁၃ လက်၊ ရိုင်ဖယ်သေနတ်ခြောက်လက်၊ Gas ဖြင့် ဘောစေ့ထည့်
ပစ်ခတ်သော ရိုင်ဖယ်တစ်လက်၊ ပစ္စတိုသုံးလက်၊ ဆက်သွယ်ရေးစက် ၃၄ လုံး၊ ခဲယမ်းများ
အပါအဝင် ဆက်စပ်ပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ်တစ်စီးကို သိမ်းဆည်းရမိခဲ့၍ ဥပဒေနှင့်
အညီ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများကိုလည်း ဆက်လက်
ဖော်ထုတ် ဖမ်းဆီးအရေးယူလျက်ရှိပါသည်။

တရားမဝင်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုများနှင့် ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်များ
အက်ဥပဒေ ပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ထက်မနည်း ခုနစ်နှစ်ထက်
မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အလားတူ ၁၉၅၁ ခုနှစ် လက်နက်
များ(ယာယီ)ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်
ထက်မနည်း ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

၂၀၁၃ ခုနှစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ ဆက်သွယ်ရေးစက်များကို လိုင်စင်မရှိဘဲ
တရားမဝင် ကိုင်ဆောင်လက်ဝယ်ထားရှိ(သို့မဟုတ်) အသုံးပြုပါ က တစ်နှစ်ထက်မပိုသော
ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း
ထားသည်။ ၂၀၁၂ ခုနှစ် ပို့ကုန်^သွင်းကုန် ဥပဒေပုဒ်မ ၈ အရ မော်တော်ယာဉ်များကို လိုင်စင်
မရှိဘဲ တရားမဝင် လက်ဝယ်ထားရှိ(သို့မဟုတ်) အသုံးပြုပါက သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊
ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ တရားမဝင် လက်ဝယ်ထားရှိသော လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ် ရေးစက်
များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့ မှူးရုံးများသို့ အမြန်ဆုံး
လာရောက်အပ်နှံကြပါရန်နှင့် လာရောက်အပ်နှံခြင်း မပြုဘဲ လက်ဝယ်ထားရှိကြောင်း
စုံစမ်းဖော်ထုတ်ရရှိပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး
ကြေညာအပ်ပါသည်။

(ပြည်ထဲရေးဝန်ကြီးဌာန)

Full Credit to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
Reference Link: https://www.facebook.com/magway.div.polmedia/posts/1952783548319707
Retrieved Date: October 20, 2017


Thursday, October 19, 2017

မီးရထားပေါ်မှ လူတဦးပြုတ်​ကျ သေဆုံးခဲ့




မကွေးတိုင်း အောက်တိုဘာ ၁၈ ရက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအနီးမှာ အောက်တိုဘာ ၁၈ ရက်က မီးရထားပေါ်က လူတဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့သစ်မြို့မ ရဲစခန်း တာဝန်မှူး ဒုရဲအုပ် ဝင်းကျော်က ပြောကြောင်းသတင်းရရှိပါတယ်။

သတင်းအပြည့်အစုံမှာ--

ဖြစ်စဉ်မှာ နေပြည်တော်ကနေ ချောက်ကို မောင်းနှင်လာတဲ့ မီးရထား စက်ခေါင်းအမှတ် DF-1239 စက်ခေါင်းမောင်း စက်ဗိုလ် ထွန်းထွန်းဝင်း မောင်းနှင်လာတဲ့ စာပို့ရထားဟာ မြို့သစ်ဘူတာက ထွက်လာခဲ့ မိုင်တိုင်အမှတ် (၃၁၀)-(၁၀/၁၁) ကြားအရောက်မှာ ဦးတင်မောင်ဦးဟာ မီးရထားစက်ခေါင်းတွဲကနေ အထူးတန်းခရီးသည်တင်တွဲပေါ်ကို ဖြတ်ကူးစဉ် ခြေချော်ကာပြုတ်ကျခဲ့ပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာပါ။

မြို့သစ်ရဲစခန်းက ဒုရဲအုပ်ဝင်းကျော်နဲ့အတူ တလုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သက်၊ ဆယ်အိမ်မှူး ဦးခင်မောင်ရွှေတို့နဲ့ သတင်းအရ သွားရောက်စစ်ဆေးပြီး အခင်းဖြစ်ရထားပေါ်ပါ မီးရထားရဲတပ်ဖွဲ့က သန်းထိုက် ပါ (၂) ဦးတို့နဲ့အတူ သေဆုံးသူ ဦးတင်မောင်ဦးရဲ့ အလောင်းကို မြို့သစ်ပြည်သူဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့သစ်မြို့မရဲစခန်းက ဦးတင်မောင်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဖို့ သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၇) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


Full credit to သားကြီး (တောင်တွင်းကြီး) ဒီဗွီဘီ





အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ၀ိုင်းဖွဲ့သောက်စားနေသူများအားအရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် အောက်တိုဘာ ၁၈ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ အောက်တိုဘာ ၁၈
မန္တလေးခရိုင်အတွင်း အထူးစီမံချက်ရေးဆွဲ၍ လုံခြုံရေးနှင့် တရားဥပေဒစိုးမိုးရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦး ကြပ်မတ်ပြီး မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်၏ ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်အရံမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျုံးဘေး ပတ်လည်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အ၀ိုင်းအနီးတွင် အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက် အောင် အရက်ဝိုင်းများ ၀ိုင်းဖွဲ့သောက်စားနေသူများအား အရေးယူ ဆောင်ရွက်ခဲ့ရာ ၁၇-၁၀-၂၀၁၇ ရက်နေ့ညပိုင်းတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ၅ ဦးအား အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

Unicode
အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့သောက်စားနေသူများအားအရေးယူ

မန္တလေး၊ အောက်တိုဘာ ၁၇

မန္တလေးခရိုင်အတွင်း အထူးစီမံချက်ရေးဆွဲ၍ လုံခြုံရေးနှင့် တရား ဥပေဒစိုးမိုးရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မြင့်ဦး ကြပ်မတ်ပြီး မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး မျိုးအောင်၏ ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်အရံမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျုံးဘေး ပတ်လည်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးတွင် အများပြည်သူ စိတ်ညိုငြင်စေပြီးအနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့ သောက်စားနေသူများအား အရေးယူဆောင်ရွက်ခဲ့ရာ ၁၆-၁၀-၂၀၁၇ ရက်နေ့ညပိုင်းတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ၅ ဦးအား အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိသည်။

This article first appears in Mandalay Police news on October 18, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 19/10/2017

မသင်္ကာတွေ့ရှိသူများအား စစ်မေးရာ ခိုးမှုပေးပေါ်ပေါက်




မသင်္ကာတွေ့ရှိသူများအား စစ်မေးရာ ခိုးမှုပေးပေါ်ပေါက် ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် အောက်တိုဘာ ၁၉ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ အောက်တိုဘာ ၁၉

၁၈-၁၀-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈လမ်းနှင့် မင်းကြီးရန်နောင် လမ်းထောင့်တွင် ခိုးမှုများကျူးလွန်ထားသည်ဟု သတင်း ရရှိထားသူ မျိုးစံ ၂၁ နှစ်၊ ၀ါးခယ်မမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်ရပ်တည်းနေ သန့်ဇင်ဦး ၁၇ နှစ်တို့ ၂ ဦးအား တွေ့ရှိစစ်မေးရာ ၎င်းတို့သည် ၁၅-၁၀-၂၀၁၇ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့် မဟာအောင်မြေမြို့နယ်၊ မနော်ရမ္မံပန်းခြံ၊ ဗိုလ်ချုပ်ရုတ်ထု အနောက်ဘက် ၆၃ လမ်းတွင် ရပ်ထားသော New Anbo-125 ဆိုင်ကယ်အား ခိုးယူခဲ့ပြီး စီးနင်းအသုံးပြုနေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး မျိုးစံနှင့် သန့်ဇင်ဦးတို့အား မဟာအောင်မြေမြို့မရဲစခန်း(ပ)၆၆၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ နံနက် ၂ နာရီခွဲအချိန် လက်ပန်လှရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် စဥ့်ကူးမြို့နယ်၊ လက်ပန်လှ-စဥ့်ကူးကားလမ်း၊ လက်ပန်လှပင်မဓါတ်အားခွဲရုံအနီး၌ အောင်ထက်ကို(ခ)ကတုံး ၁၈ နှစ်၊ ချောင်းကြီး ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူအား Canda-125 အနက်ရောင်ဆိုင်ကယ်နှင့်အတူ မသင်္ကာ တွေ့ရှိစစ်မေးရာ အဆိုပါဆိုင်ကယ်အား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသ ပြောဆို နိုင်ခြင်း မရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အောင်ထက်ကို(ခ)ကတုံး အား လက်ပန်လှ ရဲကင်းစခန်း(ပ)၂၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ လည်းကောင်း၊ နံနက် ၃ နာရီအချိန် သပိတ်ကျင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ရွှေချောင်းကြီး ကုမ္ပဏီ(အောက်ဆိုက်) ခြံစည်းရိုး အနီး၌ ဖိုးကျော် ၂၅ နှစ်၊ ကျောက်ချောင်းကျေးရွာ၊ စဥ့်ကူးမြို့နယ်နေသူအား ဆာလာအိတ်ဖြင့် ထည့်ထားသည့် ရွှေပါသည်ဟုယူဆရသော မြေခဲ(အရပ်ခေါ်ဗြုန်းအိတ်) အလေးချိန် ၁၀ ပိဿာခန့်နှင့်အတူ မသင်္ကာတွေ့ရှိ စစ်မေးရာ ၎င်းပိုင်ဆိုင် ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံပစ္စည်းအား သိမ်းဆည်းပြီး ဖိုးကျော် အား သပိတ်ကျင်းမြို့မ ရဲစန်း(ပ)၂၂၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅ အရ လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
မသင်္ကာတွေ့ရှိသူများအားစစ်ဆေးရာ ခိုးမှုများပေါ်ပေါက်

မန္တလေး၊ အောက်တိုဘာ ၁၉

၁၈-၁၀-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈လမ်းနှင့် မင်းကြီး ရန်နောင် လမ်းထောင့်တွင် ခိုးမှုများကျူးလွန်ထားသည်ဟု သတင်း ရရှိထားသူ မျိုးစံ ၂၁ နှစ်၊ ဝါးခယ်မမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်ရပ်တည်းနေ သန့်ဇင်ဦး ၁၇ နှစ်တို့ ၂ ဦးအား တွေ့ရှိစစ်မေးရာ ၎င်းတို့သည် ၁၅-၁၀-၂၀၁၇ ရက်နေ့ ည ၈ နာရီခွဲအချိန် ခန့် မဟာအောင်မြေမြို့နယ်၊ မနော်ရမ္မံပန်းခြံ၊ ဗိုလ်ချုပ်ရုတ်ထု အနောက်ဘက် ၆၃ လမ်းတွင်ရပ်ထားသော New Anbo-125 ဆိုင်ကယ်အား ခိုးယူခဲ့ပြီး စီးနင်းအသုံးပြုနေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်း ပြီး မျိုးစံ နှင့် သန့်ဇင်ဦး တို့အား မဟာအောင်မြေမြို့မရဲစခန်း(ပ)၆၆၃/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ နံနက် ၂ နာရီခွဲအချိန် လက်ပန်လှရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် စဉ့်ကူးမြို့နယ်၊ လက်ပန်လှ-စဉ့်ကူးကားလမ်း၊ လက်ပန်လှပင်မဓါတ်အားခွဲရုံအနီး၌ အောင်ထက်ကို(ခ)ကတုံး ၁၈ နှစ်၊ ချောင်းကြီး ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူအား Canda-125 အနက်ရောင်ဆိုင်ကယ်နှင့်အတူ မသင်္ကာ တွေ့ရှိစစ်မေးရာ အဆိုပါဆိုင်ကယ်အား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသ ပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အောင်ထက်ကို (ခ)ကတုံး အား လက်ပန်လှရဲကင်းစခန်း(ပ)၂၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ လည်းကောင်း၊ နံနက် ၃ နာရီအချိန် သပိတ်ကျင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ရွှေချောင်းကြီး ကုမ္ပဏီ (အောက်ဆိုက်)ခြံစည်းရိုး အနီး၌ ဖိုးကျော် ၂၅ နှစ်၊ ကျောက်ချောင်းကျေးရွာ၊ စဉ့်ကူးမြို့နယ် နေသူအား ဆာလာအိတ်ဖြင့်ထည့်ထားသည့် ရွှေပါသည်ဟုယူဆရသော မြေခဲ(အရပ်ခေါ်ဗြုန်းအိတ်) အလေးချိန် ၁၀ ပိဿာခန့်နှင့်အတူ မသင်္ကာတွေ့ရှိ စစ်မေးရာ ၎င်းပိုင်ဆိုင် ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံပစ္စည်းအား သိမ်း ဆည်းပြီး ဖိုးကျော် အား သပိတ်ကျင်းမြို့မရဲစခန်း(ပ)၂၂၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅ အရ လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on October 19, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 19/10/2017

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...