Sunday, December 10, 2017
လင်မယားစကားများရာမှ ဓါးဖြင့်ခုတ်မှုဖြစ် လူသုံးဦးသေ တဦးဒဏ်ရာရ
လင်မယားစကားများရာမှ ဓါးဖြင့်ခုတ်မှုဖြစ် လူသုံးဦးသေ တဦးဒဏ်ရာ ခဲ့ကြောင်း တောင်ငူသတင်းထူး Facebook စာမျက်နှာတွင် ဒီဇင်ဘာ၊ ၂၀၁၇ နေစွဲဖြင့် မလင်းပပ(​မြောင်းမြ)မှ ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မြောင်းမြတောင်လေးကျေးရွာတွင်ကိုသန့်ဇော်နှင့်မတင်တင်စန်းတို့လင်မယားစကားများရာမှ ကိုသန့်ဇော်မှဇနီးအား ဝါးခုတ်သည့်ဓါးဖြင့်ခုတ်ရာ အော်သံကြားသဖြင့် တဖက်အိမ်နေ ဒေါ်ခင်ရီနှင့်မောင်လင်းလင်းတို့ မှာသွားရောက်ခဲ့ရာ ယောက္ခမဖြစ်သူဒေါ်ခင်ရီနှင့် အမျိုးတော်စပ်သူမောင်လင်းလင်းတို့အား ၎င်းဓါးဖြင့်အပိုင်းပိုင်းဆက်လက်ခုတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်းနှင့် ဓါးဖြင့်ခုတ်သူကိုသန့်ဇော်မှာသက်သေခံဓါးအားယူဆောင်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍မြောင်းမြရဲစခန်းမှထွက်ပြေးတိမ်းရှောင်နေသူကိုသန့်ဇော်အားလိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် တောင်ကလေး ရွာရှိ ဦးသန်းဇော် (၄၅ နှစ်) ၏ နေအိမ် တွင် ဇနီးဖြစ်သူ မတင်တင်စန်းနှင့်အတူ ကွမ်းရွက်များစီနေစဉ် လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ စကားများ ရန်ဖြ စ်ရာမှတစ်ဆင့် ဦးသန်းဇော်မှာ အနီးရှိဓားမဖြင့် မတင်တင်စန်းအား သေသည်အထိ ခုတ်ပိုင်းခဲ့ကြောင်း၊ မတင်တင်စန်းမှာ ဓားဖြင့်အခုတ်ခံနေရစဉ် အော်ဟစ် အကူအညီ တောင်းခံခဲ့သောကြောင့် မတင်တင်စန်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ရီမှ လာရောက်ခဲ့သည်ကို ဦးသန်းဇော်က ဒေါ်ခင်ရီကိုပါ ထပ်မံခုတ်ပိုင်းခဲ့ပြီး ဖျန်ဖြေရန် ထပ်မံလာရောက်ခဲ့သည့် ဒေါ်ခင်ရီ၏ ချွေးမတော်စပ်သူ မစန္ဒာဦးကိုပါ ထပ်မံ ဓားဖြင့်ခုတ်ပိုင်းခဲ့ကြောင်း၊ ယင်းနောက် နေအိမ်ခြံဝင်းအတွင်း၌ လာရောက်ဆော့ကစားနေသည့် တူတော်စပ်သူ မောင်လင်းလင်းထိုက်ကိုပါ ဓားမဖြင့် ထပ်မံခုတ်ပိုင်းခဲ့ကြောင်း၊ ဓားဖြင့် အခုတ်ခံရသူများအနက် မတင်တင်စန်း၊ ဒေါ်ခင်ရီနှင့် မောင်လင်းလင်းထိုက်တို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မစန္ဒာဦးမှာ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး မြောင်းမြ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံနေရကြောင်း သိရသည်။
This article first appears in တောင်ငူသတင်းထူး news on December 11, 2017 of တောင်ငူသတင်းထူး Facebook.
We acknowledged © of တောင်ငူသတင်းထူး and thus full credit given to တောင်ငူသတင်းထူး.
Reference Link: https://www.facebook.com/yoemay2010/posts/284778662044636
တောင်​ကြီးမြို့လယ်​​ခေါင်​တွင်​ ညအချိန်​အုပ်​စုဖွဲ့ရမ်းကား လူသတ်​မှုဖြစ်
တောင်​ကြီးမြို့လယ်​​ခေါင်​တွင်​ညအချိန်​အုပ်​စုဖွဲ့ရမ်းကား လူသတ်​မှုဖြစ် ခဲ့ကြောင်း Love or Life Facebook စာမျက်နှာတွင် ဒီဇင်ဘာ၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
တောင်​ကြီးမြို့သစ်​​တောရပ်​ကွက်​​ဇောတိကလမ်းဗိုလ်​ချုပ်​ပန်းခြံ​မြောက်​ဘက်​ဝင်​​ပေါက်​​ရှေ့တွင်ဒီဇင်ဘာလ်​၁၀ရက်နေ့ည ၁၀နာရီခွဲခန့်က လူငယ်​၅ဦးသည်ပလက်ဖောင်းပေါ်ထိုင်​​နေစဉ်​လူငယ်​တစ်​ဦး၏ ​ခြေ​ထောက်​နှင့့်​ခလုတ်​တိုက်​မိရာမှစတင်​ပြီးလူငယ်​ ၁၀ဦးခန်​နှင့်​ခိုက်​ရန်​ဖြစ် ပွားခဲ့ရာလင်းလင်းအမည်ရှိလူငယ်တစ်ဦးဒါးဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။
ထို့အပြင် သားအိုနှင့်​အီကိုမှာဒဏ်​ရာများရရှိခဲ့သဖြင့်​​တောင်​ကြီးမြို့မရဲစခန်း(ပ)၁၀၂၆./၁၇ ရာဇသတ်​ကြီးပုဒ်​မ၃၀၂/၃၂၆/၃၂၅/၁၁၄ဖြင့်​အမှူဖွင့်​​ဆောင်​ရွက်​ခဲ့ပါသည်​။
အခင်းဖြစ်​​နေရာသို့​တောင်​ကြီးခရိုင်​ရဲတပ်​ဖွဲ့မှူးဒုရဲမှူးကြီးရဲမြင့်​၊​ခေတ္တမြိုနယ်​ရဲတပ်​ဖွဲ့မှူးဒုရဲမှူးစိုး​အောင်​၊မြို့မစခန်းမှူးဒုရဲမှူးမျိုးဦး​တို့​ရောက်​ရှိစစ်​​ဆေး​ဆောင်​ရွက်​ခဲ့ပါသည်​။
အခင်းဖြစ်​​နေရာတွင်​ဂစ်​တာအကျိုးအပိုင်းအစများကျန်​ခဲ့မှုကိုအ​ခြေခံ၍ ဂစ်​တာတီးသူများအားခရိုင်​အထူးမှုခင်းနှိမ်နင်းေ​​​ရးအဖွဲ့၊မြို့မစခန်းမှနယ်​ထိန်းတပ်​ဖွဲဝင်​များ၊နယ် မြေစခန်းမှ နယ်ထိန်းတ​​​​ပ်​ဖွဲ့ဝင်​များပူး​ပေါင်း၍စုံစမ်းခဲ့ရာဂစ်​တာတီးသူစိုင်းဘိုဘိုပါ (၇)ဦးအား​သက်​​သေခံဒါးနှင့်​အတူညတွင်းချင်းဖမ်းဆီးရမိခဲ့ပြီးကျန်​ရှိတရားခံများအားဆက်​လက်​ဖမ်းဆီးရမိ​ရေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရှိရပါသည်​။
This article first appears in Love or Life news on December 11, 2017 of Love or Life Facebook.
We acknowledged © of Love or Life and thus full credit given to Love or Life.
Reference Link: https://www.facebook.com/permalink.php?story_fbid=195300161027496&id=139792603244919
မသင်္ကာတွေ့ရှိသူများအား စစ်မေးရာ ဆိုင်ကယ်ခိုးမှုနှင့် လက်ကိုင်အိတ်လုခဲ့မှုပေါ်ပေါက် ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  ဒီဇင်ဘာ ၈၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မန္တလေး၊ ဒီဇင်ဘာ ၈
၇-၁၂-၂၀၁၇ ရက်နေ့ ည ၈ နာရီခွဲအချိန် မိုးကုတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ကိစ္စကုတ်ရပ်မှ ရွှေကူ(၁၉)ရပ်ဘက်သို့ လမ်းလျှောက်လာသူ ရဲမွန်ထက်(ခ)အသား ၂၈ နှစ်၊ လီဆူကုန်းစံရွာ၊ချောင်းကြီးအုပ်စု၊ မိုးကုတ်မြို့နယ်နေသူအား မသင်္ကာတွေ့ရှိ စစ်မေးရာ ၎င်းသည် လွန်ခဲ့သော(၁)လခန့်က မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်၊ ပတ္တမြားဈေးအတွင်း ရပ်တန့် ထားသော နံပါတ်မပါ ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ကြောင်းသိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ရဲမွန်ထက်(ခ)အသားအား မိုးကုတ်မြို့မရဲစခန်း(ပ)၁၆၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ နေ့လည် ၂ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ အတွင်းလှည့်ကင်းဆောင်ရွက်နေစဉ်(င)ရပ်ကွက်၊ ၆၂ လမ်းပေါ်တွင် တောင်မှမြောက်သို့ စိုးသူ(ခ)စိုးသွင် ၃၁ နှစ်၊ အကွက်(၅၇၉)၊ သျှာဗလီဝန်း၊ ချမ်းအေးသာစံမြို့နယ်နေသူ အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာသော ၄ယ/xxxxx စူပါကပ်ဆိုင်ကယ်အား မသင်္ကာရပ်တန့်စစ်မေးစဉ် ၎င်းလက်တွင် POABA စာတမ်းပါ မိန်းမကိုင်ခေါက်ပိုက်ဆံအိတ် (၁)လုံးအား တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းသည် နေ့လည် ၂ နာရီအချိန်ခန့်တွင် ၆၂ လမ်းမပေါ် တောင်မှမြောက်သို့ အမျိုးသမီး(၂)ဦးမောင်းနှင်လာသည့် Scoopy ဆိုင်ကယ်မှ လုယူထွက်ပြေးခဲ့ကြောင်း သိရှိရသဖြင့် စိုးသူ(ခ) စိုးသွင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၁၀၃၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၅၄ အရ လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Unicode
မသင်္ကာတွေ့ရှိသူများအား စစ်မေးရာ ဆိုင်ကယ်ခိုးမှုနှင့် လက်ကိုင်အိတ်လုခဲ့မှုပေါ်ပေါက်
မန္တလေး၊ ဒီဇင်ဘာ ၈
၇-၁၂-၂၀၁၇ ရက်နေ့ ည ၈ နာရီခွဲအချိန် မိုးကုတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ကိစ္စကုတ်ရပ်မှ ရွှေကူ(၁၉)ရပ် ဘက်သို့ လမ်းလျှောက်လာသူ ရဲမွန်ထက်(ခ)အသား ၂၈ နှစ်၊ လီဆူကုန်းစံရွာ၊ချောင်းကြီးအုပ်စု၊ မိုးကုတ်မြို့နယ်နေသူအား မသင်္ကာတွေ့ရှိစစ်မေးရာ ၎င်းသည် လွန်ခဲ့သော(၁)လခန့်က မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်၊ ပတ္တမြားစျေးအတွင်း ရပ်တန့်ထားသော နံပါတ်မပါ ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ ကြောင်းသိရှိရသဖြင့် သက်သေ ခံဆိုင်ကယ်အား သိမ်းဆည်းပြီး ရဲမွန်ထက်(ခ)အသားအား မိုးကုတ်မြို့မရဲစခန်း(ပ)၁၆၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ နေ့လည် ၂ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ အတွင်းလှည့်ကင်းဆောင်ရွက်နေစဉ်(င)ရပ်ကွက်၊ ၆၂ လမ်းပေါ်တွင် တောင်မှမြောက်သို့ စိုးသူ(ခ) စိုးသွင် ၃၁ နှစ်၊ အကွက်(၅၇၉)၊ သျှာဗလီဝန်း၊ ချမ်းအေးသာစံမြို့နယ်နေသူ အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာသော ၄ယ/××××× စူပါကပ်ဆိုင်ကယ်အား မသင်္ကာ ရပ်တန့်စစ်မေးစဉ် ၎င်းလက်တွင် POABA စာတမ်းပါ မိန်းမကိုင်ခေါက်ပိုက်ဆံအိတ် (၁)လုံးအား တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းသည် နေ့လည် ၂ နာရီအချိန်ခန့်တွင် ၆၂ လမ်းမပေါ် တောင်မှ မြောက်သို့ အမျိုးသမီး(၂)ဦး မောင်းနှင်လာသည့် Scoopy ဆိုင်ကယ်မှ လုယူထွက်ပြေးခဲ့ကြောင်း သိရှိရသဖြင့် စိုးသူ(ခ) စိုးသွင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၁၀၃၀/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၅၄ အရ လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on December 8, 2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay Police.
We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 11/12//2017
မူးယစ်ဆေးဝါးသတင်းအရ ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ အနွေးထည် အင်္ကျီအိတ်ကပ်အတွင်းမှမူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  ဒီဇင်ဘာ ၉ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မန္တလေး၊ ဒီဇင်ဘာ ၉
၈-၁၂-၂၀၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များ၊ မိုးကုတ် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးကုတ်မြို့နယ်၊ အဖြူရောင်ရွာအနီး၊ မိုးကုတ်-မိုင်းလုံကားလမ်းတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် မိုင်းလုံမှ မိုးကုတ်ဘက်သို့ ရှိုင်းထက်ကို ၁၈ နှစ်၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့နယ်နေသူမောင်းနှင်ပြီး ဝေလင်းနိုင်(ခ)မိုဟာမက်ယူနွတ် ၂၄ နှစ်၊ လက်ပံလှရွာ၊ စဥ့်ကူးမြို့နယ်နေသူ နောက်ထိုင်လိုက်ပါလာသည့် နံပါတ်မပါ Yin Xian- 125 ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဝေလင်းနိုင်(ခ)မိုဟာမက်ယူနွတ် ၀တ်ဆင်ထားသော အနွေးထည် အင်္ကျီဝဲဘက် အိတ်ကပ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၈ ပြားစီပါ ၂ ထုပ်၊ စုစုပေါင်းဆေးပြား ၃၇၆ ပြား၊ အလေးချိန် ၃၃.၈၄ ဂရမ် (ဒေသပေါက်ဈေး တစ်ပြားလျင် ၃၀၀၀ ကျပ်နှုန်းဖြင့် ၁၁၂၈၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ရှိုင်းထက်ကိုနှင့် ဝေလင်းနိုင်(ခ)မိုဟာမက်ယူနွတ်တို့အား မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
မူးယစ်ဆေးဝါးသတင်းအရ ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ အနွေးထည်အင်္ကျီအိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
မန္တလေး၊ ဒီဇင်ဘာ ၉
၈-၁၂-၂၀၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များ၊ မိုးကုတ် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးကုတ်မြို့နယ်၊ အဖြူရောင်ရွာအနီး၊ မိုးကုတ်-မိုင်းလုံကားလမ်းတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် မိုင်းလုံမှ မိုးကုတ် ဘက်သို့ ရှိုင်းထက်ကို ၁၈ နှစ်၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့နယ်နေသူမောင်းနှင်ပြီး ဝေလင်းနိုင်(ခ) မိုဟာမက်ယူနွတ် ၂၄ နှစ်၊ လက်ပံလှရွာ၊ စဉ့်ကူးမြို့နယ်နေသူ နောက်ထိုင်လိုက်ပါလာသည့် နံပါတ်မပါ Yin Xian- 125 ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဝေလင်းနိုင်(ခ)မိုဟာမက်ယူနွတ် ဝတ်ဆင် ထားသော အနွေးထည်အင်္ကျီဝဲဘက် အိတ်ကပ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၈ ပြားစီပါ ၂ ထုပ်၊ စုစုပေါင်းဆေးပြား ၃၇၆ ပြား၊ အလေးချိန် ၃၃.၈၄ ဂရမ် (ဒေသပေါက်စျေး တစ်ပြားလျင် ၃၀၀၀ ကျပ်နှုန်းဖြင့် ၁၁၂၈၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ရှိုင်းထက်ကိုနှင့် ဝေလင်းနိုင်(ခ)မိုဟာမက်ယူနွတ် တို့အား မိုးကုတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
This article first appears in Mandalay Police news on December 9, 2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay Police.
We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 11/12/2017
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
ရန်ကုန်၊ ဒီဇင်ဘာ ၉
(Unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူများကိုရန်ကုန်ရဲအက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်း ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ စိတ်အေးချမ်းမြေ့စွာဖြင့် လူမှုကိစ္စများအဆင်ပြေစွာဆောင်ရွက်နိုင်စေရေး အတွက် အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာ ပန်းခြံများ၊ လမ်းဆုံလမ်းခွများ၊ တံတားများနှင့် လူသွားစင်္ကြန်များပေါ်တို့တွင် ဝိုင်းဖွဲ့၍ အရက်သေစာသောက်စားမူးယစ်သူများကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ပညာပေးကာလ တစ်လသတ်မှတ်၍ လိုက်လံဟောပြောပညာပေးခဲ့ပြီး နောက် ပညာပေးကာလတစ်လပြည့် မြောက်သည့် အောက်တိုဘာ ၃၀ ရက်နေ့မှစ၍ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင်ဝိုင်းဖွဲ့ကာ အရက်သေစာသောက်စားမူးယစ်သူများကို အရေးယူဆောင်ရွက်လျက် ရှိပါသည်။ယင်းသို့ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံ၊ လမ်းဘေးပလပ်ဖောင်း၊ ကန်ဘောင်၊ လမ်းဆုံလမ်းခွ၊ ဂုံးကျော်တံတားများစသည့်နေရာများ၌ အရက်သေစာဝိုင်းဖွဲ့သောက်စားသူများကို အရေးယူဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၅၁၆)ဦးအား အမှုပေါင်း (၄၂၂)မှုဖြင့် လည်းကောင်း၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၉၀၆)ဦးအားအမှုပေါင်း(၄၀၃)မှုဖြင့်လည်းကောင်း၊ တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၁၄၅)ဦး အားအမှုပေါင်း(၁၀၈)မှုဖြင့် လည်းကောင်း၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှစုစုပေါင်း(၄၄၈)ဦး အား အမှုပေါင်း(၄၁၂)မှုဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးကာ တရားစွဲ တင်ပို့ခဲ့ပြီး ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
This article first appears in Yangon Police news on December 9, 2017 of Yangon Police Facebook.
We acknowledged © of Yangon Police and thus full credit given to Yangon Police.
We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/yangonpolice/posts/1341407325988531
Retrieved Date: 11/12/2017
Tuesday, December 5, 2017
သံဃာတစ်ပါးအား ရိုက်နှက်သည့် ပြစ်မှုကျူးလွန်သူ ၂ ဦး အနက် ၁ ဦးမှာ လူဝတ်လဲ ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်
ထောက်ကြန့်တွင်ဖြစ်ပွားခဲ့သော သံဃာတစ်ပါးအား ရိုက်နှက်သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ(၂) ဦး အနက် ၁ ဦးမှာ လူဝတ်လကျောင်းထိုင်ဆရာတော်တစ်ပါးဖြစကြောင်း Yangon Police Facebook စာမျက်နှာ တွင် ယနေ့နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
ရန်ကုန်၊ ဒီဇင်ဘာ ၅
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၃.၁၂.၂၀၁၇ ရက်နေ့ ၁၃၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ အောင်မိုး (၄၅)နှစ်အားဖမ်းဆီးရမိခဲ့ပြီး မြင့်ကျော်မှာ တိမ်းရှောင်နေသဖြင့် ၎င်းလိပ်စာပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာ၊ အောင်မြေတောရ ကျောင်းတိုက်တွင် မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရ (၄၃ )နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။
Full Credit to Yangon Police
သတင်း အပြည့်အစုံဖတ်ရန်
http://truecrimemyanmar.blogspot.com.au/2017/12/blog-post_5.html
(Unicode)
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင်ဖြစ်ပွားခဲ့သော သံဃာတစ်ပါးအား
ရိုက်နှက်သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ(၂) ဦးအား ဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၅
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၃.၁၂.၂၀၁၇ ရက်နေ့ ၁၃၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ အောင်မိုး (၄၅)နှစ်အားဖမ်းဆီးရမိခဲ့ပြီး မြင့်ကျော်မှာ တိ်မ်းရှောင်နေသဖြင့် ၎င်းလိပ်စာပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာ၊ အောင်မြေတောရ ကျောင်းတိုက်တွင် မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရ (၄၃ )နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။
မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရမှာ ခမုံရွာမ၊ ခမုံကျေးရွာအုပ်စု၊ အေးမြစံပျော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်ပြီး လူမှုရေးကိစ္စများ၊ အရက်သေစာသောက်စားခြင်းများ မကြာခဏပြုလုပ်တတ်၍ကျေးရွာနှင့် အဆင်မပြေသော ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ယခု ပြစ်မှုကျူးလွန်ရာ နေရာသို့လည်း Facebookမှ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ထောက်ကြန့်လမ်းဆုံရှိ လမင်း သာ(၂) စားသောက်ဆိုင်သို့ရောက်ရှိ သောက်စားနေစဉ် ယခုပြစ်မှုအား ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် ပါသည်။ ၎င်းမှာ ပြစ်မှုကျူးလွန်ပြီးနောက် လက်ပံတန်းသို့ ပြန်သွားပြီး သင်္ဃန်းပြန်ဝတ်ကာ အေးမြစံ ပျော်ကျောင်းတွင် ဟန်မပျက်နေထိုင်ခဲ့ပြီးနောက် Facebook၌ ထောက်ကြန့်ရှိ ဘီယာဆိုင်တွင် ဘုန်းကြီး တစ်ပါးအား ရိုက်နှက်နေသည့် ဖြစ်စဉ်များ လိုင်းပေါ်တက်နေ၍ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် အောင်လံကုန်းရွာ၊ အောင်မြေတောရကျောင်းတိုက်တွင် တိမ်းရှောင်နေစဉ် ၅.၁၂.၂၀၁၇ ရက်နေ့ နံနက် ၆နာရီအချိန် တွင် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိပြီး အဆိုပါ ကျောင်းတိုက်ဆရာတော် ဥူးဝဇီရာနန္ဒထံတွင် သိက္ခာချလူဝတ်လဲ ခဲ့ပါသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူ အောင်မိုးနှင့် မြင့်ကျော်(ခ)မြင့်သိန်း (ခ)ဥူးပညာသာရတို့ နှစ်ဦးအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
This article first appears in Yangon Police news on December 5, 2017 of Yangon Police Facebook.
We acknowledged © of Yangon Police and thus full credit given to Yangon Police.
We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/yangonpolice/posts/1337707296358534
Retrieved Date: 05/12/2017
Saturday, December 2, 2017
ထောက်ကြံ့လမ်းဆုံ လမင်းသာဆိုင်တွင်ဘုန်းတော်ကြီးကို ပါးရိုက်ထိုးကြိတ်သူများပြဿနာ ပိုမိုရှုပ်ထွေးလာ
ထောက်ကြံ့လမ်းဆုံ လမင်းသာဆိုင်တွင်ဘုန်းတော်ကြီးကို ပါးရိုက်ထိုးကြိတ်သူများပြဿနာ ပိုမိုရှုပ်ထွေးလာ ခဲ့ကြောင်း မှုခင်း နှင့် အထူးသတင်းများ Facebook စာမျက်နှာတွင်  ၃၊၁၁၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
ပထမ ဘုန်းကြီးအတုဝတ်အလှူခံ၍ဟုဆိုပြီး ထိုးကြိတ်ပါးရိုက်နှိပ်စက်ကြပြီး မြို့နယ်သံဃနာယကရောက်မှအမှုပိုကြီးအောင် အရက်သောက် ၍ဟု စွပ်စွဲကာ ဖိအား ပေးခြိမ်းခြောက်ခံရမှုကြောင့် သံဃနာယကဆရာတော်ထံတွင် နောင်အရက်မသောက်ပါဟု ယခုလည်းမသောက်ဘဲ လက်မှတ်ထိုးခဲ့ရသောဆရာတော် ဦးဣန္ဒက ၏လက်ဆွဲအိပ်ပါ ငွေ ၅ သိန်းကျပ် မှာပျောက်ဆုံးနေကြောင်းသိရ၍ အမှုမှာပိုမိုရှုပ်ထွေးလာ ကြောင်း သိရသည်။
ဆရာတော်မှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျက်သရေရွာကျောင်းထိုင်ဆရာတော်နှင့် သာသ နဓဇဓမ္မာစရိယဘွဲ့ရကမ္မဋ္ဌာန်းနည်းပြဆရာတော်ဖြစ်ပြီး တရားစာအုပ်များကိုလည်းပြုစုရေးသားသူ ဓမ္မစာပေ ပညာရှင်တစ်ဦးဖြစ်သည်။
ယခုအခါ လှည်းကူးမြို့နယ်တွင် မိမိကျောင်းဖြင့်အေးချမ်းစွာ သီတင်းသုံးနေထိုင်လျက်ရှိသည်။ သို့သော် အနေအထိုင် အလွန်ရိုးကာ ရောင့်ရဲစွာနေထိုင်တတ်သောကြောင့် အထင်ကြီးစရာမမြင်သော လူ့ဗာလများက ဆေးသောက်ရန် ရေ နွေးအလှူခံသည်ကို ရုပ်ရည်ကြည့်၍ဘုန်းကြီးအတုဟုစွပ်စွဲကာ ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားခြင်းကို ဝဋ်ကြွေးဆပ်ကာ ခံခဲ့ရခြင်းဖြစ်သည်။
ယခုအခါ ထိုနေ့ကဖြစ်စဉ်ကို အကျဉ်းရေးသားဖြေရှင်းထားသောစာတစ်စောင်ကို ရမ်းဗြဲနယ်ရွာနီးချင်းမှ ရန်ကုန်နေ ဒကာတစ်ဦးဖြစ်သော သမ္မတိုက်သင်္ကန်းတိုက်ပိုင်ရှင်ထံ ပေးအပ်ခဲ့ပြီး အရက်ဆိုင်မိသားစုများက အမှုမကြေအေးပေးလျင် အသက်ရန်ရှာမည်ဟု ကြိမ်းဝါးသော ကြောင့်ဒကာများက ပင့်ဆောင်ထားခြင်းဖြစ်သည်။
အရက်ဆိုင်ဘေးမှ ကမ္ဘောဇဘဏ်တွင် ငွေ ၂ သိန်းအပ်နှံပြီးနောက် အရက်ဆိုင်မှန်းမသိဘဲ ရေနွေးတောင်းခံစဉ် ဆိုင်ပိုင်ရှင်နှင့်နောက်တစ်ဦးက ရဟန်းတုဟုဆိုကာဆရာတော်အားရိုက်နှက် ပြီးနောက် သံဃနာယကထံခေါ်ဆောင်သွားရာတွင် ငွေ ၅ သိန်းပါသောမိမိအိပ်ကိုတခြားသူများက သိမ်းဆည်းထားပြီး ပြန်ရသောအခါထိုငွေအားလုံး မရှိတော့ဟုသိရသည်။
ယခုအခါ အရက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးထားပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေသေးသည်။ ဆက်လက်၍ငွေ ၅ သိန်းပျောက်ဆုံးမှုကိုလည်း စစ်ဆေးရဦးမည်။
ထိုဘာသာ သာသနာစော်ကားသော အမှုနှင့်ပတ်သက် ၍ ရမ်းဗြဲမြို့နယ်အသင်းနှင့် အခြားဘာသာရေးအသင်းအဖွဲ့များ ဆရာတော်ကို ကြည်ညိုကာကရုဏာသက်ဝင် သူများက ဆက်လက် ဆောင်ရွက်သင့်သည်များကိုတိုင်ပင်ဆွေးနွေးလျက်ရှိကြသည်။.....
ဓမ္မစက္ကဖောင်ဒေးရှင်း - သတင်းဋ္ဌာန
This article first appears in မှုခင်း နှင့် အထူးသတင်းများ news on December 3, 2017 of မှုခင်း နှင့် အထူးသတင်းများ Facebook Page.
We acknowledged © of မှုခင်း နှင့် အထူးသတင်းများ and thus full credit given to မှုခင်း နှင့် အထူးသတင်းများ.
Reference Link: https://www.facebook.com/groups/1908477172762794/permalink/2057749084502268/
Retrieved Date: 03/12/2017
မူးယစ်သတင်းအရ စားသောက်ဆိုင်သို့လာရောက်သူအား ရှာဖွေရာ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  ယနေ့ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မန္တလေး၊ ဒီဇင်ဘာ ၂
၃၀-၁၁-၂၀၁၇ ရက်နေ့ ည ၈ နာရီ ၄၅ အချိန် မြင်းခြံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ် မှ တပ်ဖွဲ့ဝင်များ၊ မြင်းခြံ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ပါ ၀င်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာရှိ စားသောက်ဆိုင်အခန်းအမှတ်(၂)သို့ ဆိုင်မန်နေဂျာနှင့်အတူဝင် ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဇော်လှိုင်ဖြိုး(ခ)ကိုဖြိုး ၂၁ နှစ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြင်းခြံမြို့နေသူအား တွေ့ရှိပြီး ၎င်းစားသောက်နေသည့် စားပွဲပေါ်၌ 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၃ ပြား၊ အစိမ်းရောင် ဆေးပြား ၂ ပြား၊ စုစုပေါင်း ၂၀၅ ပြား၊ အလေးချိန် ၂၀.၅ ဂရမ် (ဒေသပေါက်ဈေးတစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၇၁၇၅၀၀ ကျပ်)၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ဇော်လှိုင်ဖြိုး(ခ)ဝေဖြိုး၏ထွက်ဆိုချက်အရ မြင်းခြံမြို့၊ အမှတ်(၁၆)ရပ်ကွက်နေ သူရဇံ ၂၉ နှစ်မှာလည်း စိတ်ကြွရူးသွပ်ဆေးပြားများအား ရောင်းဝယ်/သုံးစွဲလျက်ရှိကြောင်းသိရှိရ၍ သူရဇံ၏နေအိမ်အား ၀င်ရောက်စစ်ဆေးရာ ၎င်း၏နေအိမ်အတွင်း အမြင့်(၁)ပေခန့်ရှိ ပလပ်စတစ်ပုံးအတွင်းထည့်လျက် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ပြား၊ အစိမ်းရောင် ၁ ပြား၊ ပေါင်း ၁၄ ပြား၊ အလေးချိန် ၁.၄ ဂရမ်(ဒေသ ပေါက်ဈေး တစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၄၉၀၀၀ ကျပ်)၊ Signal သွားတိုက်ဆေးဘူး (အသေး)ဖြင့် ထည့်လျက် 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈၆ ပြား၊ အစိမ်းရောင် ၃ ပြား၊ ပေါင်း ၈၉ ပြား၊ အလေးချိန် ၈.၆ ဂရမ်(ဒေသပေါက်ဈေး တစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၃၁၁၅၀၀ ကျပ်)၊ Ra Thermoseal သွားတိုက်ဆေးဘူး (အသေး)ဖြင့် ထည့်လျက် 88/1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြား၊ အလေး ချိန် ၃.၅ ဂရမ်(ဒေသပေါက်ဈေးတစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၁၂၂၅၀၀ ကျပ်)၊ ပလပ်စတစ်ဘူးငယ်ဖြင့် ထည့်လျက် 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ပြား၊ အလေးချိန် ၆.၀ ဂရမ်(ဒေသပေါက်ဈေး တစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၂၁၀၀၀၀ ကျပ်)၊ စုစုပေါင်းဆေးပြား ၁၉၈ ပြား၊ အလေးချိန် ၁၉.၈ ဂရမ်(ဒေသပေါက်ဈေး တစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၆၉၃၀၀၀ ကျပ်)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မြင်းခြံမြို့မရဲစခန်းနှင့် မြင်းခြံနယ်မြေရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
Unicode
မူးယစ်သတင်းအရ စားသောက်ဆိုင်သို့လာရောက်သူအား ရှာဖွေရာ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ ဒီဇင်ဘာ ၂
၃၀-၁၁-၂၀၁၇ ရက်နေ့ ည ၈ နာရီ ၄၅ အချိန် မြင်းခြံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ် မှ တပ်ဖွဲ့ဝင်များ၊ မြင်းခြံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ပါ ဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာရှိ စားသောက်ဆိုင်အခန်းအမှတ်(၂)သို့ ဆိုင်မန်နေဂျာ နှင့်အတူဝင် ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဇော်လှိုင်ဖြိုး(ခ)ကိုဖြိုး ၂၁ နှစ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြင်းခြံမြို့နေသူအားတွေ့ရှိပြီး ၎င်းစားသောက်နေသည့်စားပွဲပေါ်၌ 88/1 စာတန်းပါပန်းရောင် စိတ်ကြွဆေးပြား ၂၀၃ ပြား၊ အစိမ်းရောင် ဆေးပြား ၂ ပြား၊ စုစုပေါင်း ၂၀၅ ပြား၊ အလေးချိန် ၂၀.၅ ဂရမ် (ဒေသပေါက်စျေးတစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၇၁၇၅၀၀ ကျပ်)၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ဇော်လှိုင်ဖြိုး(ခ)ဝေဖြိုး၏ထွက်ဆိုချက်အရ မြင်းခြံမြို့၊ အမှတ်(၁၆) ရပ်ကွက်နေ သူရဇံ ၂၉ နှစ်မှာလည်း စိတ်ကြွရူးသွပ် ဆေးပြားများအား ရောင်းဝယ်/သုံးစွဲလျက်ရှိကြောင်းသိရှိရ၍ သူရဇံ၏နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ၎င်း၏နေအိမ်အတွင်း အမြင့်(၁)ပေခန့်ရှိ ပလပ်စတစ်ပုံး အတွင်းထည့်လျက် 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ပြား၊ အစိမ်းရောင် ၁ ပြား၊ ပေါင်း ၁၄ ပြား၊ အလေးချိန် ၁.၄ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၄၉၀၀၀ ကျပ်)၊ Signal သွားတိုက်ဆေးဘူး (အသေး)ဖြင့်ထည့်လျက် 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူး သွပ်ဆေးပြား ၈၆ ပြား၊ အစိမ်းရောင် ၃ ပြား၊ ပေါင်း ၈၉ ပြား၊ အလေးချိန် ၈.၆ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၃၅၀၀ ကျပ် နှုန်းဖြင့် ၃၁၁၅၀၀ ကျပ်)၊ Ra Thermoseal သွားတိုက်ဆေးဘူး(အသေး) ဖြင့် ထည့်လျက် 88/1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြား၊ အလေးချိန် ၃.၅ ဂရမ်(ဒေသပေါက်စျေးတစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၁၂၂၅၀၀ ကျပ်)၊ ပလပ်စတစ်ဘူးငယ်ဖြင့် ထည့်လျက် 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူး သွပ်ဆေးပြား ၆၀ ပြား၊ အလေးချိန် ၆ဒ၀ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၂၁၀၀၀၀ ကျပ်)၊ စုစုပေါင်း ဆေးပြား ၁၉၈ ပြား၊ အလေးချိန် ၁၉ဒ၈ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၃၅၀၀ ကျပ်နှုန်းဖြင့် ၆၉၃၀၀၀ ကျပ်)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မြင်းခြံမြို့မရဲစခန်းနှင့် မြင်ခြံနယ်မြေရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on December 2, 2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay Police.
We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 02/12/2017
မော်တော်ယာဉ် အားရပ်တန့်ရှာဖွေရာ တူးဘောက်တွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  ယနေ့ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ နံနက် ၄နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မူဆယ်မှမန္တလေးဘက်သို့ ယာဉ်မောင်း သက်ခိုင်လင်း ၃၂ နှစ်၊ ဂန္ဓာရုံလမ်း၊ တရုတ်တန်းရပ်၊ တောင်မြို့၊ အမရပူရမြို့နယ် နေသူမောင်းနှင်ပြီး တစ်ရပ်တန်းနေ ခိုင်ကိုဦး ၂၀နှစ်နှင့် ၀င်းထက်အောင် ၁၈ နှစ်စွယ်တော်ဘုရား အနောက်ပေါက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ အမရပူရမြို့နယ်နေသူတို့ လိုက်ပါလာသည့် SHN L/xxxx Crown ယာဉ်အား ရပ်တန့်စစ်ဆေးရာ သက်ခိုင်လင်း ထိုင်သည့်ခုံဝဲဘက်ဘေးရှိ တူးဘောက်အတွင်းမှ ရှပ်အင်္ကျီလက်ရှည်အိပ်ကပ်အတွင်း ထည့်လျက် အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် 88/1စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား၊ အလေးချိန် ၃ . ၇ ဂရမ် (ဒေသ ပေါက်ဈေး ဆေးပြား ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၁၈၅၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် သက်ခိုင်လင်းပါ ၃ ဦးအား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Unicode
မော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာ တူးဘောက်တွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ နံနက် ၄နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာ အုပ်စု၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ယာဉ်များအားရှာဖွေစစ်ဆေးနေစဉ် မူဆယ်မှမန္တလေးဘက်သို့ ယာဉ်မောင်း သက်ခိုင်လင်း ၃၂ နှစ်၊ ဂန္ဓာရုံလမ်း၊ တရုတ်တန်းရပ်၊ တောင်မြို့၊ အမရပူရမြို့နယ် နေသူမောင်းနှင်ပြီး တစ်ရပ်တန်းနေ ခိုင်ကိုဦး ၂၀နှစ်နှင့် ဝင်းထက်အောင် ၁၈ နှစ်စွယ်တော်ဘုရား အနောက်ပေါက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ အမရပူရမြို့နယ်နေသူတို့ လိုက်ပါလာသည့် SHN L/×××× Crown ယာဉ်အား ရပ်တန့် စစ်ဆေးရာ သက်ခိုင်လင်း ထိုင်သည့်ခုံဝဲဘက်ဘေးရှိ တူးဘောက်အတွင်းမှ ရှပ်အင်္ကျီလက်ရှည်အိပ်ကပ် အတွင်း ထည့်လျက် အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် 88/1စာတမ်း ပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား၊ အလေးချိန် ၃ . ၇ ဂရမ် (ဒေသပေါက်စျေး ဆေးပြား ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၁၈၅၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် သက်ခိုင်လင်းပါ ၃ ဦးအား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on December 2, 2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay Police.
We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 02/12/2017
ဘီယာဆိုင်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူများအားရှာဖွေရာ သားရေဂျာကင် အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ နှစ်လုံးထီလောင်းကစားနေသူအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  ယနေ့ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူမူးယစ်သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ ၅၈x၅၉ လမ်းကြား၊ သင်ပန်းကုန်းရပ်ကွက်၊ ဘီယာဆိုင်တွင် စောင့်ဆိုင်း နေစဉ် အောင်ကျော်ကျော်(ခ)ဗိုက်ပူ ၂၅ နှစ်၊ လမ်း(၅)ခွ၊ ဈေးချိုရပ်ကွက်၊ အမရပူရမြို့နယ်နေသူမောင်းနှင်လာသည့် ၃၄ယ/xxxxx New Anb- CZI-125 ဆိုင်ကယ်နှင့် ကျော်စိန်သွင်(ခ)ဇော်ဇော်(ခ)ငစိုင်း ၃၂ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူမောင်းနှင်လာသော နံပါတ်မပါThai Anbo CZI-125 ဆိုင်ကယ်တို့အတူ ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ထိုင်စဉ် စစ်ဆေးရာ အောင်ကျော်ကျော်(ခ)ဗိုက်ပူ ၀တ်ဆင်ထားသည့် သားရေဂျာကင်အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၉ ပြား၊ အလေးချိန် ၁၄. ၉ ဂရမ်(ဒေသပေါက်ဈေး ဆေးပြား ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၇၄၅၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်ကျော်ကျော်နှင့် ကျော်စိန်သွင်(ခ)ဇော်ဇော်(ခ)ငစိုင်းတို့အား ပြည်ကြီး တံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Unicode
ဘီယာဆိုင်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူများအားရှာဖွေရာ သားရေဂျာကင်အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူမူးယစ်သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ ၅၈x၅၉ လမ်းကြား၊ သင်ပန်းကုန်းရပ်ကွက်၊ ဘီယာဆိုင်တွင် စောင့်ဆိုင်း နေစဉ် အောင်ကျော်ကျော်(ခ)ဗိုက်ပူ ၂၅ နှစ်၊ လမ်း(၅)ခွ၊ စျေးချိုရပ်ကွက်၊ အမရပူရ မြို့နယ်နေသူမောင်းနှင်လာသည့် ၃၄ယ/××××× New Anb- CZI-125 ဆိုင်ကယ်နှင့် ကျော်စိန်သွင်(ခ)ဇော်ဇော်(ခ)ငစိုင်း ၃၂ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူမောင်းနှင်လာသော နံပါတ်မပါThai Anbo CZI-125 ဆိုင်ကယ်တို့ အတူ ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ထိုင်စဉ် စစ်ဆေးရာ အောင်ကျော်ကျော်(ခ)ဗိုက်ပူ ဝတ်ဆင်ထားသည့် သားရေဂျာကင်အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၄၉ ပြား၊ အလေးချိန် ၁၄. ၉ ဂရမ်(ဒေသပေါက်စျေး ဆေးပြား ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၇၄၅၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်ကျော်ကျော်နှင့် ကျော်စိန်သွင်(ခ) ဇော်ဇော်(ခ)ငစိုင်းတို့အား ပြည်ကြီး တံခွန်မြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on December 2, 2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay Police.
We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 02/12/2017
နှစ်လုံးထီလောင်းကစားနေသူအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  ယနေ့ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မန္တလေး၊ ဒီဇင်ဘာ ၂
Unicode
နှစ်လုံးထီလောင်းကစားနေသူအား အရေးယူ
မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် အမှတ်(၄)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရှိ မဇင်မာဝင်း ၂၆ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်ဘုရားခန်း၌ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မဇင်မာဝင်း အား အမှတ်(၄)နယ်မြေရဲစခန်း (ပ)၃၄၃/၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရအမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on December 2, 2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay Police.
We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 02/12/2017
အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး
အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...