လုိင္စင္မဲ့ယာဥ္ျဖင့္
ေျမြမ်ားသယ္ေဆာင္လာသူအား အေရးယူ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ေဖေဖာ္၀ါရီ ၇ ၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ဇန္န၀ါရီ ၇
၆-၂-၂၀၁၈
ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္ ယာဥ္ထိန္းရဲတပ္ဖဲြ႕စု (၉၂)မွ တပ္ဖဲြ႕၀င္မ်ား၊ ၿမိဳ႕နယ္ယာဥ္လုိင္းမ်ားႀကီးၾကပ္
ေရးေကာ္မတီမွ တာ၀န္ရိွသူတုိ႔ပါ၀င္ေသာပူး ေပါင္းစစ္ေဆးေရး အဖဲြ႕သည္ ေက်ာက္ဆည္ၿမိဳ႕၊
ရန္ကုန္-မႏၲေလးကားလမ္း၊ လက္ျပတုိင္မီးပြိဳင့္၌ စည္းကမ္းပ်က္ ယာဥ္မ်ားအားစစ္ေဆး ေဆာင္ရြက္ေနစဥ္
စုိင္းဆုိင္လင္း ၂၄ ႏွစ္၊ ေျမာက္ရပ္ကြက္၊ မူဆယ္ၿမိဳ႕ ေနသူေမာင္းႏွင္သည့္ 3J-xxxx WISH အနက္ေရာင္ယာဉ္အားစစ္ေဆးရာ
ယာဥ္ႏွင့္ပတ္သက္သည့္ သက္ေသခံအေထာက္အထား တင္ျပႏုိင္ျခင္း မရိွသည့္အျပင္ ယာဥ္အားဆက္လက္စစ္ေဆးရာ
ယာဥ္ေပၚတြင္ ပလပ္စတစ္အိတ္ ၆ အိတ္၊ ေကာ္ျခင္း ၁၆ ျခင္းျဖင့္ထည့္လာေသာ ေျမြမ်ိဳးစံု ၂၂၂
ေကာင္ ခန္႔တုိ႔အား စစ္ေဆးေတြ႕ရိွရ၍ ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္းတြင္အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္
ရိွေၾကာင္း သတင္းရရိွသည္။
Unicode
လိုင်စင်မဲ့ယာဉ်ဖြင့်
မြွေများသယ်ဆောင်လာသူအား အရေးယူ
မန္တလေး၊
ဇန်နဝါရီ ၇
၆-၂-၂၀၁၈
ရက်နေ့ နံနက် ၁၀ နာရီအချိန် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၉၂)မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်လိုင်းများကြီးကြပ်
ရေးကော်မတီမှ တာ၀န်ရှိသူတို့ပါဝင်သောပူး ပေါင်းစစ်ဆေးရေး အဖွဲ့သည် ကျောက်ဆည်မြို့၊
ရန်ကုန်-မန္တလေးကားလမ်း၊ လက်ပြတိုင်မီးပွိုင့်၌ စည်းကမ်းပျက် ယာဉ်များအားစစ်ဆေးဆောင်ရွက်နေစဉ်
စိုင်းဆိုင်လင်း ၂၄ နှစ်၊ မြောက်ရပ်ကွက်၊ မူဆယ်မြို့ နေသူမောင်းနှင်သည့် 3J-×××× WISH အနက်ရောင်ယာဉ်အားစစ်ဆေးရာ
ယာဉ်နှင့်ပတ်သက်သည့် သက်သေခံအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်အပြင် ယာဉ်အားဆက်လက်စစ်ဆေးရာ
ယာဉ်ပေါ်တွင် ပလပ်စတစ်အိတ် ၆ အိတ်၊ ကော်ခြင်း ၁၆ ခြင်းဖြင့်ထည့်လာသော မြွေမျိုးစုံ
၂၂၂ ကောင် ခန့်တို့အား စစ်ဆေးတွေ့ရှိရ၍ ကျောက်ဆည်မြို့မရဲစခန်းတွင်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on February 7, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 10/02/2018
No comments:
Post a Comment