ရန္ကုန္တိုင္းေဒသႀကီးအတြင္း
အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ေနရာမ်ားတြင္ ၀ိုင္းဖဲြ႕၍ အရက္ေသစာ ေသာက္စားမူးယစ္သူမ်ားကို
ရန္ကုန္ရဲအက္ဥပေဒျဖင့္ ဖမ္းဆီးအေရးယူ ခဲ့ေၾကာင္း Yangon Police Facebook စာမ်က္နွာ တြင္ ဒီဇင္ဘာ
၉ ့ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
ရန္ကုန္၊
ဒီဇင္ဘာ ၉
ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕အေနျဖင့္
လံုၿခံဳေရး၊ တရားဥပေဒစိုးမိုးေရး၊ ရပ္ရြာေအးခ်မ္းသာယာေရး၊ မႈခင္းႀကိဳတင္ကာကြယ္ေရးႏွင့္
မႈခင္းက်ဆင္း ေရးလုပ္ငန္းမ်ား စဥ္ဆက္မျပတ္ေဆာင္ရြက္လ်က္ရွိၿပီး ျပည္သူမ်ား စိတ္ေအးခ်မ္းေျမ့စြာျဖင့္
လူမႈကိစၥမ်ားအဆင္ေျပစြာေဆာင္ရြက္ႏိုင္ေစေရး အတြက္ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ လူစည္ကားရာ
ပန္းၿခံမ်ား၊ လမ္းဆံုလမ္းခြမ်ား၊ တံတားမ်ားႏွင့္ လူသြားစႀကၤန္မ်ားေပၚတို႔တြင္ ၀ိုင္းဖဲြ႕၍
အရက္ေသစာေသာက္စားမူးယစ္သူမ်ားကို နယ္ေျမခံရဲတပ္ဖဲြ႕၀င္မ်ား၊ လံုၿခံဳေရးရဲတပ္ဖဲြ႕ခဲြမ်ားမွ
တပ္ဖဲြ႕၀င္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးအဖဲြ႕မ်ားပူးေပါင္း၍ အသိပညာေပးျခင္းလုပ္ငန္းကို ေအာက္တိုဘာလ
၁ ရက္ေန႔မွစတင္ကာ ပညာေပးကာလ တစ္လသတ္မွတ္၍ လိုက္လံေဟာေျပာပညာေပးခဲ့ၿပီးေနာက္ ပညာေပးကာလတစ္လျပည့္
ေျမာက္သည့္ ေအာက္တိုဘာ ၃၀ ရက္ေန႔မွစ၍ အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ ေနရာမ်ားတြင္၀ိုင္းဖဲြ႕ကာ
အရက္ေသစာေသာက္စားမူးယစ္သူမ်ားကို အေရးယူေဆာင္ရြက္လ်က္ ရွိပါသည္။
ယင္းသို႔
အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ ပန္းၿခံ၊ လမ္းေဘးပလပ္ေဖာင္း၊ ကန္ေဘာင္၊ လမ္းဆုံလမ္းခြ၊
ဂုံးေက်ာ္တံတားမ်ားစသည့္ေနရာမ်ား၌ အရက္ေသစာ၀ိုင္းဖဲြ႕ေသာက္စားသူမ်ားကို အေရးယူေဆာင္ရြက္ခဲ့ရာ
ေအာက္တိုဘာ ၃၀ရက္ေန႔မွ ဒီဇင္ဘာ ၅ ရက္ေန႔အထိ အေရွ႕ပိုင္းခရိုင္ အတြင္းရွိ ၿမိဳ႕နယ္မ်ားမွ
စုစုေပါင္း (၅၁၆)ဦးအား အမႈေပါင္း (၄၂၂)မႈျဖင့္ လည္းေကာင္း၊ အေနာက္ပိုင္းခရိုင္အတြင္းရွိ
ၿမိဳ႕နယ္မ်ားမွ စုစုေပါင္း (၉၀၆)ဦးအားအမႈေပါင္း(၄၀၃)မႈျဖင့္လည္းေကာင္း၊ ေတာင္ပိုင္းခရိုင္ အတြင္းရွိ ၿမိဳ႕နယ္မ်ားမွ
စုစုေပါင္း (၁၄၅)ဦး အားအမႈေပါင္း(၁၀၈)မႈျဖင့္ လည္းေကာင္း၊ ေျမာက္ပိုင္းခရိုင္အတြင္းရွိ
ၿမိဳ႕နယ္မ်ားမွစုစုေပါင္း(၄၄၈)ဦး အား အမႈေပါင္း(၄၁၂)မႈျဖင့္လည္းေကာင္း အသီးသီးဖမ္းဆီးကာ
တရားစဲြ တင္ပို႔ခဲ့ၿပီး ရန္ကုန္ရဲအက္ဥပေဒျဖင့္ အေရးယူ ေဆာင္ရြက္ခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်း
အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူများကိုရန်ကုန်ရဲအက်ဥပဒေဖြင့်
ဖမ်းဆီးအရေးယူ
ရန်ကုန်၊
ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့်
မှုခင်းကျဆင်း ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ စိတ်အေးချမ်းမြေ့စွာဖြင့်
လူမှုကိစ္စများအဆင်ပြေစွာဆောင်ရွက်နိုင်စေရေး အတွက် အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာ
ပန်းခြံများ၊ လမ်းဆုံလမ်းခွများ၊ တံတားများနှင့် လူသွားစင်္ကြန်များပေါ်တို့တွင် ဝိုင်းဖွဲ့၍
အရက်သေစာသောက်စားမူးယစ်သူများကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ
တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ
၁ ရက်နေ့မှစတင်ကာ ပညာပေးကာလ တစ်လသတ်မှတ်၍ လိုက်လံဟောပြောပညာပေးခဲ့ပြီး နောက် ပညာပေးကာလတစ်လပြည့်
မြောက်သည့် အောက်တိုဘာ ၃၀ ရက်နေ့မှစ၍ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင်ဝိုင်းဖွဲ့ကာ
အရက်သေစာသောက်စားမူးယစ်သူများကို အရေးယူဆောင်ရွက်လျက် ရှိပါသည်။ယင်းသို့ အများပြည်သူနှင့်
သက်ဆိုင်သည့် ပန်းခြံ၊ လမ်းဘေးပလပ်ဖောင်း၊ ကန်ဘောင်၊ လမ်းဆုံလမ်းခွ၊ ဂုံးကျော်တံတားများစသည့်နေရာများ၌
အရက်သေစာဝိုင်းဖွဲ့သောက်စားသူများကို အရေးယူဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ
၅ ရက်နေ့အထိ အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၅၁၆)ဦးအား အမှုပေါင်း
(၄၂၂)မှုဖြင့် လည်းကောင်း၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း
(၉၀၆)ဦးအားအမှုပေါင်း(၄၀၃)မှုဖြင့်လည်းကောင်း၊
တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၁၄၅)ဦး အားအမှုပေါင်း(၁၀၈)မှုဖြင့်
လည်းကောင်း၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှစုစုပေါင်း(၄၄၈)ဦး အား အမှုပေါင်း(၄၁၂)မှုဖြင့်လည်းကောင်း
အသီးသီးဖမ်းဆီးကာ တရားစွဲ တင်ပို့ခဲ့ပြီး ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိသည်။
This
article first appears in Yangon Police news on December 9, 2017 of Yangon
Police Facebook.
We
acknowledged © of Yangon Police and thus full credit given to Yangon Police.
We are
non-profits volunteers and we only retrieved this news to support all
communities from Myanmar who do not know how to get access the news and have no
luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/yangonpolice/posts/1341407325988531
Retrieved
Date: 11/12/2017
No comments:
Post a Comment