လင်မယားစကားများရာမှ
ဓါးဖြင့်ခုတ်မှုဖြစ် လူသုံးဦးသေ တဦးဒဏ်ရာရ ခဲ့ကြောင်း တောင်ငူသတင်းထူး Facebook စာမျက်နှာတွင် ဒီဇင်ဘာ ၁၁၊ ၂၀၁၇ နေစွဲဖြင့် မလင်းပပ(မြောင်းမြ)မှ ဖေါ်ပြထားပါတယ်။
၎င်း၏
ဖေါ်ပြချက် အပြည့်အစုံမှာ ----
မြောင်းမြတောင်လေးကျေးရွာတွင်ကိုသန့်ဇော်နှင့်မတင်တင်စန်းတို့လင်မယားစကားများရာမှ
ကိုသန့်ဇော်မှဇနီးအား ဝါးခုတ်သည့်ဓါးဖြင့်ခုတ်ရာ အော်သံကြားသဖြင့် တဖက်အိမ်နေ ဒေါ်ခင်ရီနှင့်မောင်လင်းလင်းတို့
မှာသွားရောက်ခဲ့ရာ ယောက္ခမဖြစ်သူဒေါ်ခင်ရီနှင့် အမျိုးတော်စပ်သူမောင်လင်းလင်းတို့အား
၎င်းဓါးဖြင့်အပိုင်းပိုင်းဆက်လက်ခုတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်းနှင့် ဓါးဖြင့်ခုတ်သူကိုသန့်ဇော်မှာသက်သေခံဓါးအားယူဆောင်၍
ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍မြောင်းမြရဲစခန်းမှထွက်ပြေးတိမ်းရှောင်နေသူကိုသန့်ဇော်အားလိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ
အဆိုပါနေ့တွင် တောင်ကလေး ရွာရှိ ဦးသန်းဇော် (၄၅ နှစ်) ၏ နေအိမ် တွင် ဇနီးဖြစ်သူ မတင်တင်စန်းနှင့်အတူ
ကွမ်းရွက်များစီနေစဉ် လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ စကားများ ရန်ဖြ စ်ရာမှတစ်ဆင့်
ဦးသန်းဇော်မှာ အနီးရှိဓားမဖြင့် မတင်တင်စန်းအား သေသည်အထိ ခုတ်ပိုင်းခဲ့ကြောင်း၊ မတင်တင်စန်းမှာ
ဓားဖြင့်အခုတ်ခံနေရစဉ် အော်ဟစ် အကူအညီ တောင်းခံခဲ့သောကြောင့် မတင်တင်စန်း၏ မိခင်ဖြစ်သူ
ဒေါ်ခင်ရီမှ လာရောက်ခဲ့သည်ကို ဦးသန်းဇော်က ဒေါ်ခင်ရီကိုပါ ထပ်မံခုတ်ပိုင်းခဲ့ပြီး ဖျန်ဖြေရန်
ထပ်မံလာရောက်ခဲ့သည့် ဒေါ်ခင်ရီ၏ ချွေးမတော်စပ်သူ မစန္ဒာဦးကိုပါ ထပ်မံ ဓားဖြင့်ခုတ်ပိုင်းခဲ့ကြောင်း၊
ယင်းနောက် နေအိမ်ခြံဝင်းအတွင်း၌ လာရောက်ဆော့ကစားနေသည့် တူတော်စပ်သူ မောင်လင်းလင်းထိုက်ကိုပါ
ဓားမဖြင့် ထပ်မံခုတ်ပိုင်းခဲ့ကြောင်း၊ ဓားဖြင့် အခုတ်ခံရသူများအနက် မတင်တင်စန်း၊ ဒေါ်ခင်ရီနှင့်
မောင်လင်းလင်းထိုက်တို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မစန္ဒာဦးမှာ ပြတ်ရှဒဏ်ရာများ
ရရှိခဲ့ပြီး မြောင်းမြ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံနေရကြောင်း သိရသည်။
This
article first appears in တောင်ငူသတင်းထူး news on December
11, 2017 of တောင်ငူသတင်းထူး Facebook.
We
acknowledged © of တောင်ငူသတင်းထူး and thus full credit
given to တောင်ငူသတင်းထူး.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/yoemay2010/posts/284778662044636
Retrieved
Date: 11/12/2017



No comments:
Post a Comment