Saturday, December 2, 2017




ဘီယာဆိုင်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူများအားရှာဖွေရာ သားရေဂျာကင် အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ နှစ်လုံးထီလောင်းကစားနေသူအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  ယနေ့ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူမူးယစ်သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ ၅၈x၅၉ လမ်းကြား၊ သင်ပန်းကုန်းရပ်ကွက်၊ ဘီယာဆိုင်တွင် စောင့်ဆိုင်း နေစဉ် အောင်ကျော်ကျော်(ခ)ဗိုက်ပူ ၂၅ နှစ်၊ လမ်း(၅)ခွ၊ ဈေးချိုရပ်ကွက်၊ အမရပူရမြို့နယ်နေသူမောင်းနှင်လာသည့် ၃၄ယ/xxxxx New Anb- CZI-125 ဆိုင်ကယ်နှင့် ကျော်စိန်သွင်(ခ)ဇော်ဇော်(ခ)ငစိုင်း ၃၂ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူမောင်းနှင်လာသော နံပါတ်မပါThai Anbo CZI-125 ဆိုင်ကယ်တို့အတူ ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ထိုင်စဉ် စစ်ဆေးရာ အောင်ကျော်ကျော်(ခ)ဗိုက်ပူ ၀တ်ဆင်ထားသည့် သားရေဂျာကင်အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၉ ပြား၊ အလေးချိန် ၁၄. ၉ ဂရမ်(ဒေသပေါက်ဈေး ဆေးပြား ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၇၄၅၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်ကျော်ကျော်နှင့် ကျော်စိန်သွင်(ခ)ဇော်ဇော်(ခ)ငစိုင်းတို့အား ပြည်ကြီး တံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Unicode
ဘီယာဆိုင်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူများအားရှာဖွေရာ သားရေဂျာကင်အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူမူးယစ်သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ ၅၈x၅၉ လမ်းကြား၊ သင်ပန်းကုန်းရပ်ကွက်၊ ဘီယာဆိုင်တွင် စောင့်ဆိုင်း နေစဉ် အောင်ကျော်ကျော်(ခ)ဗိုက်ပူ ၂၅ နှစ်၊ လမ်း(၅)ခွ၊ စျေးချိုရပ်ကွက်၊ အမရပူရ မြို့နယ်နေသူမောင်းနှင်လာသည့် ၃၄ယ/××××× New Anb- CZI-125 ဆိုင်ကယ်နှင့် ကျော်စိန်သွင်(ခ)ဇော်ဇော်(ခ)ငစိုင်း ၃၂ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူမောင်းနှင်လာသော နံပါတ်မပါThai Anbo CZI-125 ဆိုင်ကယ်တို့ အတူ ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ထိုင်စဉ် စစ်ဆေးရာ အောင်ကျော်ကျော်(ခ)ဗိုက်ပူ ဝတ်ဆင်ထားသည့် သားရေဂျာကင်အင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၄၉ ပြား၊ အလေးချိန် ၁၄. ၉ ဂရမ်(ဒေသပေါက်စျေး ဆေးပြား ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၇၄၅၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်ကျော်ကျော်နှင့် ကျော်စိန်သွင်(ခ) ဇော်ဇော်(ခ)ငစိုင်းတို့အား ပြည်ကြီး တံခွန်မြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on December 2, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 02/12/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...