Tuesday, December 5, 2017

သံဃာတစ်ပါးအား ရိုက်နှက်သည့် ပြစ်မှုကျူးလွန်သူ ၂ ဦး အနက် ၁ ဦးမှာ လူဝတ်လဲ ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်



ထောက်ကြန့်တွင်ဖြစ်ပွားခဲ့သော သံဃာတစ်ပါးအား ရိုက်နှက်သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ(၂) ဦး အနက် ၁ ဦးမှာ လူဝတ်လကျောင်းထိုင်ဆရာတော်တစ်ပါးဖြစကြောင်း Yangon Police Facebook စာမျက်နှာ တွင် ယနေ့နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

ရန်ကုန်၊ ဒီဇင်ဘာ ၅

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၃.၁၂.၂၀၁၇ ရက်နေ့ ၁၃၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ အောင်မိုး (၄၅)နှစ်အားဖမ်းဆီးရမိခဲ့ပြီး မြင့်ကျော်မှာ တိမ်းရှောင်နေသဖြင့် ၎င်းလိပ်စာပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာ၊ အောင်မြေတောရ ကျောင်းတိုက်တွင် မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရ (၄၃ )နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။

Full Credit to Yangon Police
သတင်း အပြည့်အစုံဖတ်ရန်
http://truecrimemyanmar.blogspot.com.au/2017/12/blog-post_5.html

(Unicode)

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင်ဖြစ်ပွားခဲ့သော သံဃာတစ်ပါးအား
ရိုက်နှက်သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ(၂) ဦးအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၅

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၃.၁၂.၂၀၁၇ ရက်နေ့ ၁၃၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ အောင်မိုး (၄၅)နှစ်အားဖမ်းဆီးရမိခဲ့ပြီး မြင့်ကျော်မှာ တိ်မ်းရှောင်နေသဖြင့် ၎င်းလိပ်စာပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာ၊ အောင်မြေတောရ ကျောင်းတိုက်တွင် မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရ (၄၃ )နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။

မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရမှာ ခမုံရွာမ၊ ခမုံကျေးရွာအုပ်စု၊ အေးမြစံပျော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်ပြီး လူမှုရေးကိစ္စများ၊ အရက်သေစာသောက်စားခြင်းများ မကြာခဏပြုလုပ်တတ်၍ကျေးရွာနှင့် အဆင်မပြေသော ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ယခု ပြစ်မှုကျူးလွန်ရာ နေရာသို့လည်း Facebookမှ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ထောက်ကြန့်လမ်းဆုံရှိ လမင်း သာ(၂) စားသောက်ဆိုင်သို့ရောက်ရှိ သောက်စားနေစဉ် ယခုပြစ်မှုအား ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် ပါသည်။ ၎င်းမှာ ပြစ်မှုကျူးလွန်ပြီးနောက် လက်ပံတန်းသို့ ပြန်သွားပြီး သင်္ဃန်းပြန်ဝတ်ကာ အေးမြစံ ပျော်ကျောင်းတွင် ဟန်မပျက်နေထိုင်ခဲ့ပြီးနောက် Facebook၌ ထောက်ကြန့်ရှိ ဘီယာဆိုင်တွင် ဘုန်းကြီး တစ်ပါးအား ရိုက်နှက်နေသည့် ဖြစ်စဉ်များ လိုင်းပေါ်တက်နေ၍ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် အောင်လံကုန်းရွာ၊ အောင်မြေတောရကျောင်းတိုက်တွင် တိမ်းရှောင်နေစဉ် ၅.၁၂.၂၀၁၇ ရက်နေ့ နံနက် ၆နာရီအချိန် တွင် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိပြီး အဆိုပါ ကျောင်းတိုက်ဆရာတော် ဥူးဝဇီရာနန္ဒထံတွင် သိက္ခာချလူဝတ်လဲ ခဲ့ပါသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူ အောင်မိုးနှင့် မြင့်ကျော်(ခ)မြင့်သိန်း (ခ)ဥူးပညာသာရတို့ နှစ်ဦးအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

This article first appears in Yangon Police news on December 5, 2017 of Yangon Police Facebook.

We acknowledged © of Yangon Police and thus full credit given to Yangon Police.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/yangonpolice/posts/1337707296358534

Retrieved Date: 05/12/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...