Saturday, December 2, 2017




မော်တော်ယာဉ် အားရပ်တန့်ရှာဖွေရာ တူးဘောက်တွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  ယနေ့ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ နံနက် ၄နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မူဆယ်မှမန္တလေးဘက်သို့ ယာဉ်မောင်း သက်ခိုင်လင်း ၃၂ နှစ်၊ ဂန္ဓာရုံလမ်း၊ တရုတ်တန်းရပ်၊ တောင်မြို့၊ အမရပူရမြို့နယ် နေသူမောင်းနှင်ပြီး တစ်ရပ်တန်းနေ ခိုင်ကိုဦး ၂၀နှစ်နှင့် ၀င်းထက်အောင် ၁၈ နှစ်စွယ်တော်ဘုရား အနောက်ပေါက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ အမရပူရမြို့နယ်နေသူတို့ လိုက်ပါလာသည့် SHN L/xxxx Crown ယာဉ်အား ရပ်တန့်စစ်ဆေးရာ သက်ခိုင်လင်း ထိုင်သည့်ခုံဝဲဘက်ဘေးရှိ တူးဘောက်အတွင်းမှ ရှပ်အင်္ကျီလက်ရှည်အိပ်ကပ်အတွင်း ထည့်လျက် အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် 88/1စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား၊ အလေးချိန် ၃ . ၇ ဂရမ် (ဒေသ ပေါက်ဈေး ဆေးပြား ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၁၈၅၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် သက်ခိုင်လင်းပါ ၃ ဦးအား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Unicode
မော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာ တူးဘောက်တွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ ဒီဇင်ဘာ ၂
၁-၁၂-၂၀၁၇ ရက်နေ့ နံနက် ၄နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာ အုပ်စု၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ယာဉ်များအားရှာဖွေစစ်ဆေးနေစဉ် မူဆယ်မှမန္တလေးဘက်သို့ ယာဉ်မောင်း သက်ခိုင်လင်း ၃၂ နှစ်၊ ဂန္ဓာရုံလမ်း၊ တရုတ်တန်းရပ်၊ တောင်မြို့၊ အမရပူရမြို့နယ် နေသူမောင်းနှင်ပြီး တစ်ရပ်တန်းနေ ခိုင်ကိုဦး ၂၀နှစ်နှင့် ဝင်းထက်အောင် ၁၈ နှစ်စွယ်တော်ဘုရား အနောက်ပေါက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ အမရပူရမြို့နယ်နေသူတို့ လိုက်ပါလာသည့် SHN L/×××× Crown ယာဉ်အား ရပ်တန့် စစ်ဆေးရာ သက်ခိုင်လင်း ထိုင်သည့်ခုံဝဲဘက်ဘေးရှိ တူးဘောက်အတွင်းမှ ရှပ်အင်္ကျီလက်ရှည်အိပ်ကပ် အတွင်း ထည့်လျက် အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် 88/1စာတမ်း ပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား၊ အလေးချိန် ၃ . ၇ ဂရမ် (ဒေသပေါက်စျေး ဆေးပြား ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၁၈၅၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် သက်ခိုင်လင်းပါ ၃ ဦးအား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on December 2, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 02/12/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...