ထောက်ကြံ့လမ်းဆုံ
လမင်းသာဆိုင်တွင်ဘုန်းတော်ကြီးကို ပါးရိုက်ထိုးကြိတ်သူများပြဿနာ ပိုမိုရှုပ်ထွေးလာ ခဲ့ကြောင်း
မှုခင်း နှင့် အထူးသတင်းများ Facebook
စာမျက်နှာတွင် ၃၊၁၁၊ ၂၀၁၇ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏
ဖေါ်ပြချက် အပြည့်အစုံမှာ ----
ပထမ
ဘုန်းကြီးအတုဝတ်အလှူခံ၍ဟုဆိုပြီး ထိုးကြိတ်ပါးရိုက်နှိပ်စက်ကြပြီး မြို့နယ်သံဃနာယကရောက်မှအမှုပိုကြီးအောင်
အရက်သောက် ၍ဟု စွပ်စွဲကာ ဖိအား ပေးခြိမ်းခြောက်ခံရမှုကြောင့် သံဃနာယကဆရာတော်ထံတွင်
နောင်အရက်မသောက်ပါဟု ယခုလည်းမသောက်ဘဲ လက်မှတ်ထိုးခဲ့ရသောဆရာတော် ဦးဣန္ဒက ၏လက်ဆွဲအိပ်ပါ
ငွေ ၅ သိန်းကျပ် မှာပျောက်ဆုံးနေကြောင်းသိရ၍ အမှုမှာပိုမိုရှုပ်ထွေးလာ ကြောင်း သိရသည်။
ဆရာတော်မှာ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျက်သရေရွာကျောင်းထိုင်ဆရာတော်နှင့် သာသ နဓဇဓမ္မာစရိယဘွဲ့ရကမ္မဋ္ဌာန်းနည်းပြဆရာတော်ဖြစ်ပြီး
တရားစာအုပ်များကိုလည်းပြုစုရေးသားသူ ဓမ္မစာပေ ပညာရှင်တစ်ဦးဖြစ်သည်။
ယခုအခါ
လှည်းကူးမြို့နယ်တွင် မိမိကျောင်းဖြင့်အေးချမ်းစွာ သီတင်းသုံးနေထိုင်လျက်ရှိသည်။ သို့သော်
အနေအထိုင် အလွန်ရိုးကာ ရောင့်ရဲစွာနေထိုင်တတ်သောကြောင့် အထင်ကြီးစရာမမြင်သော လူ့ဗာလများက
ဆေးသောက်ရန် ရေ နွေးအလှူခံသည်ကို ရုပ်ရည်ကြည့်၍ဘုန်းကြီးအတုဟုစွပ်စွဲကာ ကိုယ်ထိလက်ရောက်
ကျူးလွန် စော်ကားခြင်းကို ဝဋ်ကြွေးဆပ်ကာ ခံခဲ့ရခြင်းဖြစ်သည်။
ယခုအခါ
ထိုနေ့ကဖြစ်စဉ်ကို အကျဉ်းရေးသားဖြေရှင်းထားသောစာတစ်စောင်ကို ရမ်းဗြဲနယ်ရွာနီးချင်းမှ
ရန်ကုန်နေ ဒကာတစ်ဦးဖြစ်သော သမ္မတိုက်သင်္ကန်းတိုက်ပိုင်ရှင်ထံ ပေးအပ်ခဲ့ပြီး အရက်ဆိုင်မိသားစုများက
အမှုမကြေအေးပေးလျင် အသက်ရန်ရှာမည်ဟု ကြိမ်းဝါးသော ကြောင့်ဒကာများက ပင့်ဆောင်ထားခြင်းဖြစ်သည်။
အရက်ဆိုင်ဘေးမှ
ကမ္ဘောဇဘဏ်တွင် ငွေ ၂ သိန်းအပ်နှံပြီးနောက် အရက်ဆိုင်မှန်းမသိဘဲ ရေနွေးတောင်းခံစဉ် ဆိုင်ပိုင်ရှင်နှင့်နောက်တစ်ဦးက
ရဟန်းတုဟုဆိုကာဆရာတော်အားရိုက်နှက် ပြီးနောက် သံဃနာယကထံခေါ်ဆောင်သွားရာတွင် ငွေ ၅ သိန်းပါသောမိမိအိပ်ကိုတခြားသူများက
သိမ်းဆည်းထားပြီး ပြန်ရသောအခါထိုငွေအားလုံး မရှိတော့ဟုသိရသည်။
ယခုအခါ
အရက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးထားပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေသေးသည်။ ဆက်လက်၍ငွေ
၅ သိန်းပျောက်ဆုံးမှုကိုလည်း စစ်ဆေးရဦးမည်။
ထိုဘာသာ
သာသနာစော်ကားသော အမှုနှင့်ပတ်သက် ၍ ရမ်းဗြဲမြို့နယ်အသင်းနှင့် အခြားဘာသာရေးအသင်းအဖွဲ့များ
ဆရာတော်ကို ကြည်ညိုကာကရုဏာသက်ဝင် သူများက ဆက်လက် ဆောင်ရွက်သင့်သည်များကိုတိုင်ပင်ဆွေးနွေးလျက်ရှိကြသည်။.....
ဓမ္မစက္ကဖောင်ဒေးရှင်း
- သတင်းဋ္ဌာန
This
article first appears in မှုခင်း နှင့် အထူးသတင်းများ news
on December 3, 2017 of မှုခင်း နှင့် အထူးသတင်းများ Facebook
Page.
We
acknowledged © of မှုခင်း နှင့် အထူးသတင်းများ and thus full
credit given to မှုခင်း နှင့် အထူးသတင်းများ.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/groups/1908477172762794/permalink/2057749084502268/
Retrieved
Date: 03/12/2017

No comments:
Post a Comment