မူးယစ္ေဆး၀ါးသတင္းအရ
ဆုိင္ကယ္အား ရပ္တန္႔ရွာေဖြစစ္ေဆးရာ အေႏြးထည္ အက်ႌအိတ္ကပ္အတြင္းမွမူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရမိ
ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္
ဒီဇင္ဘာ ၉၊
၂၀၁၇
ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ဒီဇင္ဘာ ၉
၈-၁၂-၂၀၁၇
ရက္ေန႔ ညေန ၄ နာရီခဲြအခ်ိန္ မူးယစ္တပ္ဖဲြ႔စု(၁၈)မွတပ္ဖဲြ႔၀င္မ်ား၊ မုိးကုတ္ ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ မူးယစ္ေဆး၀ါးသတင္းအရ မုိးကုတ္ၿမိဳ႕နယ္၊ အျဖဴေရာင္ရြာအနီး၊ မုိးကုတ္-မုိင္းလံုကားလမ္းတြင္
ပိတ္ဆုိ႔ရွာေဖြစစ္ေဆးစဥ္္ မုိင္းလံုမွ မုိးကုတ္ဘက္သုိ႔ ရွိဳင္းထက္ကို ၁၈ ႏွစ္၊ တေကာင္းၿမိဳ႕၊
သပိတ္က်င္းၿမိဳ႕နယ္ေနသူေမာင္းႏွင္ၿပီး ေ၀လင္းနုိင္(ခ)မုိဟာမက္ယူႏြတ္ ၂၄ ႏွစ္၊ လက္ပံလွရြာ၊
စဥ့္ကူးၿမိဳ႕နယ္ေနသူ ေနာက္ထုိင္လုိက္ပါလာသည့္ နံပါတ္မပါ Yin Xian- 125 ဆုိင္ကယ္အား
ရပ္တန္႔ရွာေဖြစစ္ေဆးရာ ေ၀လင္းနုိင္(ခ)မုိဟာမက္ယူႏြတ္ ၀တ္ဆင္ထားေသာ အေႏြးထည္ အက်ႌ၀ဲဘက္
အိတ္ကပ္အတြင္းမွ အျပာေရာင္ကပ္ခြာအိတ္ျဖင့္ ထည့္ထားသည့္ 88/1 စာတန္းပါ
ပန္းေရာင္စိတ္ၾကြ ရူးသြပ္ေဆးျပား ၁၈၈ ျပားစီပါ ၂ ထုပ္၊ စုစုေပါင္းေဆးျပား ၃၇၆ ျပား၊
အေလးခ်ိန္ ၃၃.၈၄ ဂရမ္ (ေဒသေပါက္ေစ်း တစ္ျပားလ်င္ ၃၀၀၀ က်ပ္ႏႈန္းျဖင့္ ၁၁၂၈၀၀၀ က်ပ္)အား
ေတြ႔ရိွသိမ္းဆည္းရမိသျဖင့္ ရွိဳင္းထက္ကိုႏွင့္ ေ၀လင္းႏုိင္(ခ)မုိဟာမက္ယူႏြတ္တို႔အား
မုိးကုတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာ
ဥပေဒအရအမႈဖြင့္အေရးယူထားေၾကာင္း သတင္း ရရိွသည္။
မူးယစ်ဆေးဝါးသတင်းအရ
ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ အနွေးထည်အင်္ကျီအိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများ
သိမ်းဆည်းရမိ
မန္တလေး၊
ဒီဇင်ဘာ ၉
၈-၁၂-၂၀၁၇
ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များ၊ မိုးကုတ် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးကုတ်မြို့နယ်၊ အဖြူရောင်ရွာအနီး၊ မိုးကုတ်-မိုင်းလုံကားလမ်းတွင်
ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် မိုင်းလုံမှ မိုးကုတ် ဘက်သို့ ရှိုင်းထက်ကို ၁၈ နှစ်၊ တကောင်းမြို့၊
သပိတ်ကျင်းမြို့နယ်နေသူမောင်းနှင်ပြီး ဝေလင်းနိုင်(ခ) မိုဟာမက်ယူနွတ် ၂၄ နှစ်၊ လက်ပံလှရွာ၊
စဉ့်ကူးမြို့နယ်နေသူ နောက်ထိုင်လိုက်ပါလာသည့် နံပါတ်မပါ Yin Xian- 125 ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ
ဝေလင်းနိုင်(ခ)မိုဟာမက်ယူနွတ် ဝတ်ဆင် ထားသော အနွေးထည်အင်္ကျီဝဲဘက် အိတ်ကပ်အတွင်းမှ
အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား
၁၈၈ ပြားစီပါ ၂ ထုပ်၊ စုစုပေါင်းဆေးပြား ၃၇၆ ပြား၊ အလေးချိန် ၃၃.၈၄ ဂရမ် (ဒေသပေါက်စျေး
တစ်ပြားလျင် ၃၀၀၀ ကျပ်နှုန်းဖြင့် ၁၁၂၈၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ရှိုင်းထက်ကိုနှင့်
ဝေလင်းနိုင်(ခ)မိုဟာမက်ယူနွတ် တို့အား မိုးကုတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
This
article first appears in Mandalay Police news on December 9, 2017 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 11/12/2017
No comments:
Post a Comment