Sunday, December 10, 2017

တောင်​ကြီးမြို့လယ်​​ခေါင်​တွင်​ ညအချိန်​အုပ်​စုဖွဲ့ရမ်းကား လူသတ်​မှုဖြစ်




တောင်​ကြီးမြို့လယ်​​ခေါင်​တွင်​ညအချိန်​အုပ်​စုဖွဲ့ရမ်းကား လူသတ်​မှုဖြစ် ခဲ့ကြောင်း Love or Life Facebook စာမျက်နှာတွင် ဒီဇင်ဘာ၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

တောင်​ကြီးမြို့သစ်​​တောရပ်​ကွက်​​ဇောတိကလမ်းဗိုလ်​ချုပ်​ပန်းခြံ​မြောက်​ဘက်​ဝင်​​ပေါက်​​ရှေ့တွင်ဒီဇင်ဘာလ်​၁၀ရက်နေ့ည ၁၀နာရီခွဲခန့်က လူငယ်​၅ဦးသည်ပလက်ဖောင်းပေါ်ထိုင်​​နေစဉ်​လူငယ်​တစ်​ဦး၏ ​ခြေ​ထောက်​နှင့့်​ခလုတ်​တိုက်​မိရာမှစတင်​ပြီးလူငယ်​ ၁၀ဦးခန်​နှင့်​ခိုက်​ရန်​ဖြစ် ပွားခဲ့ရာလင်းလင်းအမည်ရှိလူငယ်တစ်ဦးဒါးဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။

ထို့အပြင် သားအိုနှင့်​အီကိုမှာဒဏ်​ရာများရရှိခဲ့သဖြင့်​​တောင်​ကြီးမြို့မရဲစခန်း(ပ)၁၀၂၆./၁၇ ရာဇသတ်​ကြီးပုဒ်​မ၃၀၂/၃၂၆/၃၂၅/၁၁၄ဖြင့်​အမှူဖွင့်​​ဆောင်​ရွက်​ခဲ့ပါသည်​။

အခင်းဖြစ်​​နေရာသို့​တောင်​ကြီးခရိုင်​ရဲတပ်​ဖွဲ့မှူးဒုရဲမှူးကြီးရဲမြင့်​၊​ခေတ္တမြိုနယ်​ရဲတပ်​ဖွဲ့မှူးဒုရဲမှူးစိုး​အောင်​၊မြို့မစခန်းမှူးဒုရဲမှူးမျိုးဦး​တို့​ရောက်​ရှိစစ်​​ဆေး​ဆောင်​ရွက်​ခဲ့ပါသည်​။

အခင်းဖြစ်​​နေရာတွင်​ဂစ်​တာအကျိုးအပိုင်းအစများကျန်​ခဲ့မှုကိုအ​ခြေခံ၍ ဂစ်​တာတီးသူများအားခရိုင်​အထူးမှုခင်းနှိမ်နင်းေ​​​ရးအဖွဲ့၊မြို့မစခန်းမှနယ်​ထိန်းတပ်​ဖွဲဝင်​များ၊နယ် မြေစခန်းမှ နယ်ထိန်းတ​​​​ပ်​ဖွဲ့ဝင်​များပူး​ပေါင်း၍စုံစမ်းခဲ့ရာဂစ်​တာတီးသူစိုင်းဘိုဘိုပါ (၇)ဦးအား​သက်​​သေခံဒါးနှင့်​အတူညတွင်းချင်းဖမ်းဆီးရမိခဲ့ပြီးကျန်​ရှိတရားခံများအားဆက်​လက်​ဖမ်းဆီးရမိ​ရေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရှိရပါသည်​။

This article first appears in Love or Life news on December 11, 2017 of Love or Life Facebook.

We acknowledged © of Love or Life and thus full credit given to Love or Life.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/permalink.php?story_fbid=195300161027496&id=139792603244919

Retrieved Date: 11/12/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...