မူးယစ္သတင္းအရ ဆုိင္ကယ္အားရပ္တန္႔စစ္ေဆးရာ ဆုိင္ကယ္ေမာင္းသူ၏
အတြင္းခံေဘာင္းဘီအတြင္းမွ မူးယစ္ေဆး၀ါးမ်ားသိမ္းဆည္းရမိ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ နုိဝင္ဘာ
၁၁၊ ၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ႏုိ၀င္ဘာ ၁၁
၁၀-၁၁-၂၀၁၇ ရက္ေန႔ ည ၇ နာရီ ၄၀ အခ်ိန္ မူးယစ္တပ္ဖဲြ႕စု(၁၆)မွ
တပ္ဖဲြ႕၀င္မ်ား၊ မုိးကုတ္ ၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္တုိ႔ႏွင့္အဖဲြ႕သည္ သက္ေသမ်ားႏွင့္အတူ
မုိးကုတ္ၿမိဳ႕၊ မုိးကုတ္-မုိင္းလံုကားလမ္း၊ အျဖဴေရာင္ရြာအနီး၌ ပိတ္ဆုိ႔ရွာေဖြေဆာင္ရြက္ေနစဥ္
မုိင္းလံုမွ မုိးကုတ္ဘက္သုိ႔ ရဲလင္းစုိး(ခ)ခ်င္းေလးေမာင္ ၂၃ ႏွစ္၊ သဖန္းပင္ရပ္၊ မုိးကုတ္ၿမိဳ႕ေနသူေမာင္းႏွင္ၿပီး
တစ္ရပ္တည္းေန သက္ပုိင္ဦး(ခ)ေမာင္ေမာင္ ၂၀ ႏွစ္၊ ေနာက္ထုိင္လုိက္ပါလာသည့္ ၄၄ယ/xxxxx
TVS ဆုိင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ရဲလင္းစုိး(ခ) ခ်င္းေလးေမာင္၀တ္ဆင္ထားသည့္
အတြင္းခံေဘာင္းဘီအတြင္း အျပာေရာင္ကပ္ခြာအိတ္ျဖင့္ ထည့္လ်က္ 88/1
စာ တန္းပါပန္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား ၁၈၀ ျပား၊အေလးခ်ိန္ ၁၈ ဂရမ္(ေဒသေပါက္ေစ်း
တစ္ျပားလ်င္ ၃၀၀၀ က်ပ္ႏႈန္းျဖင့္ ၅၄၀၀၀၀ က်ပ္)အား ေတြ႕ရိွသိမ္းဆည္းရမိခဲ့သျဖင့္ မုိးကုတ္ၿမိဳ႕မရဲစခန္းတြင္
မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း
သတင္းရရိွသည္။
Unicode
မူးယစ်သတင်းအရ ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းသူ၏
အတွင်းခံဘောင်းဘီအတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ နိုဝင်ဘာ ၁၁
၁၀-၁၁-၂၀၁၇ ရက်နေ့ ည ၇ နာရီ ၄၀ အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှ
တပ်ဖွဲ့ဝင်များ၊ မိုးကုတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တို့နှင့်အဖွဲ့သည် သက်သေများနှင့်အတူ
မိုးကုတ်မြို့၊ မိုးကုတ်-မိုင်း လုံကားလမ်း၊ အဖြူရောင်ရွာအနီး၌ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ်
မိုင်းလုံမှ မိုးကုတ်ဘက်သို့ ရဲလင်းစိုး(ခ)ချင်းလေးမောင် ၂၃ နှစ်၊ သဖန်းပင်ရပ်၊ မိုးကုတ်မြို့နေသူမောင်းနှင်ပြီး
တစ်ရပ်တည်းနေ သက်ပိုင်ဦး(ခ)မောင်မောင် ၂၀ နှစ်၊ နောက်ထိုင်လိုက်ပါလာသည့် ၄၄ယ/×××××
TVS ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ရဲလင်းစိုး(ခ)ချင်းလေးမောင်ဝတ်ဆင်ထားသည့် အတွင်းခံဘောင်း
ဘီအတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် 88/1 စာ တန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား
၁၈၀ ပြား၊အလေးချိန် ၁၈ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၃၀၀၀ ကျပ်နှုန်းဖြင့် ၅၄၀၀၀၀
ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on November
11,
2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 11/11/2017
No comments:
Post a Comment