မူးယစ္သတင္းအရ
ဆုိင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ဆုိင္ကယ္ေျခနင္းခြၾကားရိွ ေဘးလြယ္အိတ္အတြင္းႏွင့္ ဆုိက္ကယ္တူးေဘာက္အတြင္းမွ
မူးယစ္ေဆး၀ါးမ်ားသိမ္းဆည္းရမိ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္
နုိဝင္ဘာ ၂၁၊
၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ႏုိ၀င္ဘာ ၂၁
၁၉-၁၁-၂၀၁၇
ရက္ေန႔ ေန႔လည္ ၂ နာရီအခ်ိန္ မူးယစ္တပ္ဖဲြ႕စု (၁၇)မွ တပ္ဖြဲ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
မူးယစ္သတင္းအရ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာရပ္ကြက္၊ ေအာင္ဆန္းလမ္း ႏွင့္ ငကၽြဲလမ္းၾကား၊
၅၇ လမ္းေပၚတြင္ ေစာင့္ဆုိင္းေနစဥ္ ခုိင္မုိးလိႈင္(ခ)အားက်န္း ၂၈ ႏွစ္၊ ၅၅x၅၆ လမ္းၾကား၊ ခုိင္ေရႊ၀ါလမ္းႏွင့္
မေနာ္ဟရီ လမ္းၾကား၊ ထြန္းတံုးရပ္ကြက္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္သည့္ ၃၄ယ/xxxx
Honda Click-125 ဆုိင္ကယ္ အားရပ္တန္႔စစ္ေဆးရာ ဆုိင္ကယ္ေျခနင္းခြၾကားရိွ
ေဘးလြယ္အိတ္အတြင္းမွ ပလပ္စတစ္ဆပ္ျပာခြက္ အတြင္းထည့္လ်က္ ဘိန္းျဖဴဟုယူဆရေသာ ျဖဴ/၀ါေရာင္မႈန္႔
အေလးခ်ိန္ ၁၃ ဂရမ္ခန္႔ စီပါ ဆပ္ျပာခြက္ ၁၀ ခြက္၊ အေလးခ်ိန္ ၁၃၀ ဂရမ္ခန္႔၊ ဆုိင္ကယ္
တူးေဘာက္အတြင္း ပလပ္စတစ္ဆပ္ျပာခႊက္ အတႊင္းထည့္လ်က္ ဘိန္းျဖူဟုယူဆရေသာ ျဖူ/၀ါေရာင္မွုန့္
အေလးခ်ိန္ ၁၃ ဂရမ္ခန့္ စီပါဆပ္ျပာခႊက္ ၁၀ ခြက္၊ အေလးခ်ိန္ ၁၃၀ ဂရမ္ခန္႔၊ စုစုေပါင္း
ဆပ္ျပာခြက္ ၂၀ ခြက္၊ အေလးခ်ိန္ ၂၆၀ ဂရမ္ခန္႔(ေဒသေပါက္ေစ်း ၁ ဂရမ္လွ်င္ ၇၀၀၀၀ က်ပ္ႏႈန္းျဖင့္
၁၈၂ သိန္းက်ပ္ခန္႔)ႏွင့္ လက္ကုိင္ဖုန္း ၂ လံုးတုိ႔အား ေတြ႕ရိွသိမ္းဆည္းရမိသျဖင့္ ေအာင္ပင္လယ္နယ္ေျမရဲစခန္းတြင္
မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူ
ထားေၾကာင္း သတင္းရရိွသည္။
Unicode
မူးယစ်သတင်းအရ
ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခြေနင်းခွကြားရှိ ဘေးလွယ်အိတ်အတွင်းနှင့် ဆိုက်ကယ်တူးဘောက်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊
နိုဝင်ဘာ ၂၁
၁၉-၁၁-၂၀၁၇
ရက်နေ့ နေ့လည် ၂ နာရီအချိန် မူးယစ်တပ်ဖွဲ့စု (၁၇)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
မူးယစ်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ အောင်ဆန်းလမ်း နှင့် ငကျွဲလမ်းကြား၊
၅၇ လမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ခိုင်မိုးလှိုင်(ခ)အားကျန်း ၂၈ နှစ်၊ ၅၅x၅၆ လမ်းကြား၊ ခိုင်ရွှေဝါလမ်းနှင့်
မနော်ဟရီ လမ်းကြား၊ ထွန်းတုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူ မောင်းနှင်သည့် ၃၄ယ/××××
Honda Click-125 ဆိုင်ကယ် အားရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခြေနင်းခွကြားရှိ
ဘေးလွယ်အိတ်အတွင်းမှ ပလပ်စတစ်ဆပ်ပြာခွက် အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်မှုန့်
အလေးချိန် ၁၃ ဂရမ်ခန့် စီပါ ဆပ်ပြာခွက် ၁၀ ခွက်၊ အလေးချိန် ၁၃၀ ဂရမ်ခန့်၊ ဆိုင်ကယ်
တူးဘောက်အတွင်း ပလပ်စတစ်ဆပ်ပြာခွက် အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်မှုန့်
အလေးချိန် ၁၃ ဂရမ်ခန့် စီပါဆပ်ပြာခွက် ၁၀ ခွက်၊ အလေးချိန် ၁၃၀ ဂရမ်ခန့်၊ စုစုပေါင်း
ဆပ်ပြာခွက် ၂၀ ခွက်၊ အလေးချိန် ၂၆၀ ဂရမ်ခန့်(ဒေသပေါက် စျေး ၁ ဂရမ်လျှင် ၇၀၀၀၀ ကျပ်နှုန်းဖြင့်
၁၈၂ သိန်းကျပ်ခန့်)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ
ထားကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on November 21, 2017 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 24/11/2017
No comments:
Post a Comment