ဆုိင္ကယ္ႏွင့္မသကၤာေတြ႕ရိွသူမ်ားအားစစ္ေမးရာ
ဆုိင္ကယ္ခုိးမႈေပၚေပါက္ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္
နုိဝင္ဘာ ၂၁၊
၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ႏုိ၀င္ဘာ ၂၁
၁၉-၁၁-၂၀၁၇
ရက္ေန႔ ေန႔လည္ ၂ နာရီအခ်ိန္ ေအာင္ပင္လယ္နယ္ေျမရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
နယ္ေျမအတြင္းလွည့္ကင္းေဆာင္ရြက္ေနစဥ္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျမရည္နႏၵာရပ္ကြက္၊ ၅၃x၅၄ လမ္းၾကား၊ ပိေတာက္လမ္းအေရာက္တြင္
ဂ်ာလင္း Super Cub ဆုိင္ကယ္ႏွင့္ မသကၤာေတြ႕ ရိွသူ ဇူလိႈင္မုိး
၂၁ ႏွစ္၊ ျမရည္နႏၵာရပ္ကြက္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေနသူႏွင့္ ေနလင္းစုိး ၂၁ ႏွစ္၊ ကန္သာယာရပ္ကြက္၊
ခ်မ္းျမသာစည္ ၿမိဳ႕နယ္ေနသူတုိ႕ ၂ ဦးအား စစ္ေမးရာ လြန္ခဲ့ေသာ(၁၀)ရက္ခန္႔က ေအာင္ပင္လယ္ရပ္ကြက္အတြင္းရိွ
ပဲြေစ်းတန္းအတြင္းမွ ခုိးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရိွရသျဖင့္ သက္ေသခံဆုိင္ကယ္အား သိမ္းဆည္းၿပီး
ဇူလိႈင္မုိးႏွင့္ ေနလင္းစုိးတုိ႔အား ေအာင္ပင္လယ္နယ္ေျမရဲစခန္း (ပ)၄၂၉/ ၂၀၁၇၊ရာဇသတ္ၾကီးပုဒ္မ
၃၇၉/၅၄ အရအမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
ဆိုင်ကယ်နှင့်မသင်္ကာတွေ့ရှိသူများအားစစ်မေးရာ
ဆိုင်ကယ်ခိုးမှုပေါ်ပေါက်
မန္တလေး၊
နိုဝင်ဘာ ၂၁
၁၉-၁၁-၂၀၁၇
ရက်နေ့ နေ့လည် ၂ နာရီအချိန် အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃x၅၄ လမ်းကြား၊ ပိတောက်လမ်းအရောက်တွင်
ဂျာလင်း Supre Cub ဆိုင်ကယ်နှင့် မသင်္ကာတွေ့ ရှိသူ ဇူလှိုင်မိုး
၂၁ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူနှင့် နေလင်းစိုး ၂၁ နှစ်၊ ကန်သာယာ
ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်နေသူတို့ ၂ ဦးအား စစ်မေးရာ လွန်ခဲ့သော(၁၀)ရက်ခန့်က အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ
ပွဲစျေးတန်းအတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး
ဇူလှိုင်မိုးနှင့် နေလင်းစိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၄၂၉/ ၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ
၃၇၉/၅၄ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on November 21, 2017 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 24/11/2017
No comments:
Post a Comment