အမ်ားျပည္သူ စိတ္ညိဳျငင္ေစၿပီး အေႏွာင့္အယွက္ျဖစ္ေလာက္ေအာင္
အရက္၀ုိင္းမ်ား ၀ုိင္းဖဲြ႕ေသာက္စားေနသူမ်ားအားအေရးယူ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ နုိဝင္ဘာ
၁၄၊ ၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ႏုိ၀င္ဘာ ၁၄
မႏၲေလးခရုိင္အတြင္း အထူးစီမံခ်က္ေရးဆဲြ၍ လံုၿခံဳေရးႏွင့္
တရားဥေပဒစုိးမုိးေရးအတြက္ မႏၲေလးတုိင္း ေဒသႀကီးရဲတပ္ဖဲြ႕မွဴး ရဲမွဴးႀကီး ျမင့္ဦး ၾကပ္မတ္ၿပီး
မႏၲေလးခရုိင္ ခရိုင္ရဲတပ္ဖဲြ႕မွဴး ဒုတိယရဲမွဴးႀကီး မ်ိဳးေအာင္၏ ဦးေဆာင္မႈျဖင့္ မႏၲေလးတုိင္းေဒသႀကီး
တုိင္းရဲအကူတပ္ဖြဲ႕ခဲြမွ တပ္ဖဲြ႕၀င္မ်ား၊ ခရုိင္အရံမွ တပ္ဖဲြ႕၀င္မ်ား၊ ၿမိဳ႕နယ္မ်ားမွ
ၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွဴး ဦးစီး တပ္ဖဲြ႕၀င္မ်ား၊ စည္ပင္ရဲတပ္ဖဲြ႕၀င္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖဲြ႕မ်ား၊
အရန္မီးသတ္တပ္ဖဲြ႕၀င္မ်ားပါ၀င္ေသာ ပူးေပါင္းအဖဲြ႕သည္ က်ံဳးေဘးပတ္လည္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊
တံခြန္တုိင္အ၀ုိင္းအနီးတြင္ အမ်ားျပည္သူ စိတ္ညိဳျငင္ေစၿပီး အေႏွာင့္အယွက္ျဖစ္ေလာက္ေအာင္
အရက္၀ုိင္းမ်ား ၀ုိင္းဖဲြ႕ေသာက္စားေနသူမ်ားအား အေရးယူ ေဆာင္ရြက္ခဲ့ရာ ၁၂.၁၁.၂၀၁၇ ရက္ေန႔ႏွင့္
၁၃.၁၁.၂၀၁၇ ရက္ေန႔ ညပုိင္းတို႔တြင္ လံုျခံဳေရးႏွင့္ တရားဥပေဒစုိးမုိးေရးအတြက္ ၈ ဦးအား
အေရးယူေဆာင္ရြက္ထားရိွေၾကာင္း သတင္းရရိွသည္။
Unicode
အများပြည်သူ စိတ်ညိုငြင်စေပြီး အနှောင့်အယှက်ဖြစ်လောက်အောင်
အရက်ဝိုင်းများ ဝိုင်းဖွဲ့သောက်စားနေသူများအားအရေးယူ
မန္တလေး၊ နိုဝင်ဘာ ၁၄
မန္တလေးခရိုင်အတွင်း အထူးစီမံချက်ရေးဆွဲ၍ လုံခြုံရေးနှင့်
တရား ဥပေဒစိုးမိုးရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မြင့်ဦး
ကြပ်မတ်ပြီး မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်၏ ဦးဆောင်မှုဖြင့်
မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်အရံမှ တပ်ဖွဲ့ဝင်များ၊
မြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
ကျုံးဘေးပတ်လည်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးတွင် အများပြည်သူ
စိတ်ညိုငြင်စေပြီးအနှောင့်အယှက်ဖြစ်လောက်အောင် အရက်ဝိုင်းများ ဝိုင်းဖွဲ့ သောက်စား
နေသူများအား အရေးယူဆောင်ရွက်ခဲ့ရာ ၁၂-၁၁-၂၀၁၇ ရက်နေ့နှင့် ၁၃-၁၁-၂၀၁၇ ရက်နေ့ ညပိုင်းတို့တွင်
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ၈ ဦးအား အရေးယူဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on November
14,
2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 16/11/2017
No comments:
Post a Comment