သတင်းတင်ထားသော လင့်: https://www.facebook.com/thenyangnews/photos/a.1876295312628521.1073741828.1867433203514732/2016205498637501/?type=3&theater
အရက်လာဝယ်သည့်သံဃာကိုမြို့နယ်သံဃနာယက က အရေးယူ၊ ရိုက်နှက်သည့် ဆိုင်ရှင်ကို ပုဒ်မ(၃)ခုဖြင့်အမှုဖွင့် ခဲ့ကြောင်း The Nyang News Facebook စာမျက်နှာတွင် နိုဝင်ဘာ ၃၀၊ ၂၀၁၇ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏
ဖေါ်ပြချက် အပြည့်အစုံမှာ ----
နိုဝင်ဘာ(၃၀)၊
၂၀၁၇၊ ရန်ကုန်
The
Nyang News
အရက်လာဝယ်သည့်သံဃာတစ်ပါးနှင့်
စားသောက်ဆိုင်ပိုင်ရှင်တို့ ရိုက်နှက်မှုဖြစ်စဉ်တွင် အရက်လာဝယ်သည့်သံဃာကို မြို့နယ်သံဃနာယက
က သတိပေး ခံဝန်လက်မှတ် ရေးထိုးစေခဲ့ပြီး ရိုက်နှက်ခဲ့သည့်ဆိုင်ရှင်ကို ပုဒ်မ (၃) ခုဖြင့်
အမှုဖွင့်အရေးယူထားကြောင်း ထောက်ကြန့်နယ်မြေရဲစခန်း ထံက သိရသည်။
ထောက်ကြန့်မြို့၊ရန်ကုန်ပြည်လမ်း၊
အမှတ် ၃၅(ဘီ) ရှိ လမင်းသာ(၂) စားသောက်ဆိုင်တွင် နိုဝင်ဘာလ (၂၈)ရက်က အရက်လာဝယ်သည့် သံဃာတစ်ပါးနှင့်
ဆိုင်ရှင်အပါအဝင် လူ(၂)ဦးတို့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
" သူက အရက်လာဝယ်တာ။ မူးလည်း မူးနေတယ်။ ဆိုင်ရှင်က မသင့်တော်ဘူးဆိုပြီး ဆိုင်ကထွက်သွားဖို့
ပြောတယ်။ ပြောတော့ ဘုန်းကြီးက သူကိုင်တဲ့တောင်ဝှေးနဲ့ ရိုက်လိုက်တယ်။ တောင်ဝှေးကိုလည်း
တို့သိမ်းထားပြီးပြီ။ အဲဒီမှာ ဆိုင်ရှင် ဦးအောင်မိုးနဲ့ ဦးမြင့်ကျော်တို့က လက်နဲ့ဝိုင်းပြီး
ထိုးကြိတ်ကြတယ်။ ဖြစ်စဉ်က အဲဒါပဲ" ဟု ထောက်ကြန့်နယ်မြေရဲစခန်းမှ တာဝန်မှူးက
ပြောသည်။
ရိုက်နှက်ခံရသည့်
သံဃာမှာ လှည်းကူးမြို့နယ် ဘုရားသုံးဆူကျေးရွာ ရမ္မာဝတီကျောင်းတိုက်မှ သက်တော်(၆၉) နှစ်၊
ဝါတော် (၄၉)ဝါရှိ ဦးဣန္ဒကဖြစ်ကြောင်း၊ ၄င်းကို မြို့နယ်သံဃနာယကအဖွဲ့အတွင်းရေးမှူး မဟာဗောဓိပင်ကျောင်းတိုက်ဆရာတော်
ဦးစက္ကန္ဒက ခေါ်ယူ၍ သတိပေးခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း တာဝန်မှူးက ဆက်ပြောသည်။
" (၂၉)ရက်နေ့မှာ စခန်းမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်။ ဘယ်သူမှ တိုင်လို့မဟုတ်ဘူး။
သံဃာကိုရိုက်တာ မသင့်တော်ဘူးဆိုပြီး စခန်းမှူးကပဲ အမှုဖွင့်ပြီး ဆိုင်ရှင်ကို ဖမ်းဆီးအရေးယူပြီးပြီ။
အဲဒီဆိုင်က ကုလားဆိုင်ဆိုတာလည်း မဟုတ်ဘူး။ ဦးအောင်မိုးက ဗမာ ဗုဒ္ဓဘာသာပဲ" ဟု ၄င်းက
ဆိုသည်။
အဆိုပါအမှုအတွက်
ဆိုင်ရှင်ဦးအောင်မိုးနှင့် ဦးမြင့်ကျော်တို့ကို (ပ)၁၂၅၆ ရာဇသတ်ကြီးဥပဒေပုဒ်မ၂၉၅ ၊ ၃၂၃ ၊
၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းထံက သိရသည်။
Reference
Link သတင်းတင်ထားသော လင့်: https://www.facebook.com/thenyangnews/photos/a.1876295312628521.1073741828.1867433203514732/2016205498637501/?type=3&theater
Retrieved
Date: November 30, 2017
No comments:
Post a Comment