ဆုိင္ကယ္
ခုိးမႈက်ဴးလြန္ထားသည္ဟု သတင္းရရိွသူအားစစ္ေမးရာ ဆုိင္ကယ္ခုိးမႈေပၚေပါက္ ခဲ့ေၾကာင္း
Mandalay Police
Facebook စာမ်က္နွာတြင္ နုိဝင္ဘာ
၁၄၊ ၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ႏို၀င္ဘာ ၁၄
၁၂-၁၁-၂၀၁၇
ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ အမွတ္(၁၁) နယ္ေျမရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူနယ္ေျမအတြင္း
သတင္းစံုစမ္းစဥ္ ၇၂x၇၃လမ္းၾကား၊ မေနာ္ဟရီလမ္းေပၚတြင္ ဆုိင္ကယ္ ခုိးမႈက်ဴးလြန္ထားသည္ဟု သတင္းရရိွသူ
ငကၽြတ္ ၂၉ ႏွစ္၊ သီတာရပ္ကြက္၊ ျမစ္ႀကီးနားၿမိဳ႕၊ ကခ်င္ ျပည္နယ္ေနသူအားေတြ႔ရိွစစ္ေမးရာ
၁၀-၁၁-၂၀၁၇ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္ခန္႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၅)ရပ္ကြက္၊
၇၁x၇၂လမ္းၾကား၊ စိန္ပန္းလမ္းနွင့္ေမၿမိဳ႕သံလမ္းၾကားရိွ ေနအိမ္
တစ္အိမ္ေရွ႕တြင္ရပ္ထားသည့္ ၅၃ယ/xxxx၊ Xin Anbo-125 အနက္ေရာင္ဆုိင္ကယ္ တစ္စီးအား ခုိးယူခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္၍ သက္ေသခံဆုိင္ကယ္အား
သိမ္းဆည္းၿပီး ငကၽြတ္အား အမွတ္(၁၁) နယ္ေျမရဲစခန္း (ပ)၅၄၅/၂၀၁၇ရာဇသတ္ႀကီးပုဒ္မ ၃၇၉/
၅၄ အရ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
ဆိုင်ကယ်
ခိုးမှုကျူးလွန်ထားသည်ဟု သတင်းရရှိသူအားစစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်
မန္တလေး၊
နိုဝင်ဘာ ၁၄
၁၂-၁၁-၂၀၁၇
ရက်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၁၁) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူနယ်မြေအတွင်း
သတင်းစုံစမ်းစဉ် ၇၂x၇၃လမ်းကြား၊ မနော်ဟရီလမ်းပေါ်တွင် ဆိုင်ကယ် ခိုးမှုကျူးလွန်ထားသည်ဟု သတင်းရရှိသူ
ငကျွတ် ၂၉ နှစ်၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်နေသူအားတွေ့ရှိစစ်မေးရာ
၁၀-၁၁-၂၀၁၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊
၇၁x၇၂လမ်းကြား၊ စိန်ပန်းလမ်းနှင့်မေမြို့သံလမ်းကြားရှိ နေအိမ်
တစ်အိမ်ရှေ့တွင်ရပ်ထားသည့် ၅၃ယ/××××၊ Xin Anbo-125 အနက်ရောင်ဆိုင်ကယ် တစ်စီးအား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်၍ သက်သေခံဆိုင်ကယ်အား
သိမ်းဆည်းပြီး ငကျွတ်အား အမှတ်(၁၁) နယ်မြေရဲစခန်း (ပ)၅၄၅/၂၀၁၇ရာဇသတ်ကြီးပုဒ်မ ၃၇၉/
၅၄ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on November 14, 2017 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are
nonprofits volunteers and we only retrieved this news to support all
communities from Myanmar who do not know how to get access the news and have no
luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 16/11/2017
No comments:
Post a Comment