ဒလမြို့နယ်၌
ခဲ့ကြောင်း ရဲဇာနည် Facebook စာမျက်နှာတွင် မတ် ၂၃၊၂၀၁၈ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏
ဖေါ်ပြချက် အပြည့်အစုံမှာ ----
နေပြည်တော်၊
မတ် ၂၃
၂၀၁၈
Unicode
ဒလမြို့နယ်၌
ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၉ ရွက်၊ ၅,၀၀၀ ကျပ်တန် ၁ ရွက် သိမ်းဆည်းအရေးယူ
နေပြည်တော်၊
မတ် ၂၃
၂၀၁၈ ခုနှစ်၊
မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဒလမြို့နယ်၊ ဗိုလ်ရန်ပြေ ရပ်ကွက်နေ ဦးစိုးမိုး(ခ)ဦးစိုး(၅၁)နှစ်သည်
မတ်လ ၂၁ ရက်တွင် ရေခဲသေတ္တာဝယ်စဉ်ငွေပေးချေရာ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၉ ရွက်တွေ့ရှိ၍ ဒလမြို့မရဲစခန်းသို့
အကြောင်းကြားခဲ့သဖြင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လွန်ခဲ့သော ၇ ရက်ခန့်က ဒလမြို့၊
မြို့မ(၄)ရပ်ကွက်နေ ကျော်လေး(၃၈)နှစ်ထံမှ ဆိုင်ကယ်ပြင်ခ ငွေကျပ် ၂ သိန်း (၁၀,၀၀၀ ကျပ်တန်ငွေစက္ကူ ၂၀ ရွက်) ရရှိခဲ့ရာ အဆိုပါငွေများတွင် ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူ အတု ၉ ရွက်ပါရှိခြင်းဖြစ်ကြောင်း သိရှိရ၍ ကျော်လေး အား
ခေါ်ယူစစ်မေးရာ လွန်ခဲ့သော ၇ ရက်ခန့်က တွံတေးမြို့နယ် သံဖြူရုံကျေးရွာရှိ နာရေးအိမ်၌
ဖဲရိုက်လောင်းကစားစဉ်က ၅၆၀,၀၀၀ ကျပ် အနိုင်ရရှိခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ
ညွှန့်ဝင်း မှ ဦးစိုးမိုး(ခ)ဦးစိုးထံတွင် ဆိုင်ကယ်ပြင်ထား၍ ပြင်ဆင်ခပေးရန် ငွေ ၂ သိန်းကျပ်
အကူအညီ တောင်းခံသဖြင့် ၎င်းမှ ဦးစိုးမိုး(ခ)ဦးစိုးထံ ပေးချေခဲ့ကြောင်း၊ ကျန်ငွေများသုံးစွဲ၍
ကုန်သွားကြောင်း ထွက်ဆိုခဲ့ပြီး ကျော်လေး၏ ပိုက်ဆံအိတ်အတွင်းမှ ၅,၀၀၀ ကျပ်တန်ငွေစက္ကူ အတု ၁ ရွက် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ကျော်လေး အား ဒလမြို့မရဲစခန်း(ပ)၂၆၉/၂၀၁၈၊
ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
This
article first appears in ရဲဇာနည် Facebook news on March
23, 2018 of ရဲဇာနည် Facebook Page.
We
acknowledged © of ရဲဇာနည် and thus full credit given to ရဲဇာနည်.
We are
non-profits volunteers and we only retrieved this news to support all
communities from Myanmar who do not know how to get access the news and have no
luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
Retrieved
Date: 23/03/2018
No comments:
Post a Comment