ႏိုင္ငံျခားျဖစ္အရက္အတုမ်ား
ျပဳလုပ္ေရာင္းခ်သူ၏ ထြက္ဆိုခ်က္အရ ဆိုင္တင္ေရာင္းခ်ေနေသာ အရက္တုမ်ား ဖမ္းဆီးရမိ ခဲ့ေၾကာင္း
ရဲဇာနည္ Facebook စာမ်က္နွာတြင္ မတ္ ၂၃၊၂၀၁၈ ေနစြဲျဖင့္
ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
ႏိုင္ငံျခားျဖစ္အရက္အတုမ်ား
ျပဳလုပ္ေရာင္းခ်သူ၏ ထြက္ဆိုခ်က္အရ ဆိုင္တင္ေရာင္းခ်ေနေသာ အရက္တုမ်ား ဖမ္းဆီးရမိ
ေနျပည္ေတာ္၊
မတ္ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊
လႈိင္ၿမိဳ႕နယ္၊ ပိေတာက္ေခ်ာင္းနယ္ေျမရဲစခန္း(ပ)၁၇၈/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၄၂၀/၄၈၆
အမႈမွ တရားခံ (၅)ရပ္ကြက္ေန တင္ထြန္း(၅၂)ႏွစ္ႏွင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (၈)ရပ္ကြက္ေန
သက္ထြန္းႏိုင္(ခ)ကိုသက္(၄၇)ႏွစ္တို႔(၂)ဦးအား တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးသို႔ ေခၚယူ
စစ္ေဆးရာ ဖမ္းဆီးရမိေသာ ႏိုင္ငံျခားျဖစ္အရက္အတုမ်ားအား မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ သေျပကုန္း
ရပ္ကြက္ရွိ လသာၿမိဳ႕နယ္၊ (၇)ရပ္ကြက္ေန ေဒၚစန္းစန္းေမာ္(၅၉)ႏွစ္၏ စားေသာက္ကုန္ႏွင့္
ယမကာ ေရာင္းဝယ္ေရးဆိုင္တြင္ တင္ပို႔ေရာင္းခ်ထားေၾကာင္း စစ္ေဆးသိရွိရသျဖင့္ ၂၀၁၈ ခုႏွစ္၊
မတ္လ ၂၂ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွတပ္ဖြဲ႕ဝင္မ်ား၊
မဂၤလာေတာင္ၫြန႔္ ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သက္ေသမ်ားႏွင့္အတူ
ဝင္ေရာက္ရွာေဖြခဲ့ရာ ဆိုင္အတြင္းမွ အရက္အတုဟု ယူဆရေသာ HIGH COMMISSIONET(1.5 Liter) (၆)လုံး ပါ(၁)ဖာ၊ HIGH COMMISSIONET(70 CL) (၁၂)လုံးပါ
(၅)ဖာ၊ (၁၀)လုံးပါ(၁)ဖာ၊ (၉)လုံးပါ(၁)ဖာ၊ DUNFIFE(70 CL)(၁၂)လုံးပါ
(၆)ဖာ၊ DUNFIFE (35 CL) ပုလင္းျပား(၂၄)ျပား ပါ(၁)ဖာ တို႔အား
ေတြ႕ရွိသိမ္းဆည္းရမိခဲ့သျဖင့္ တင္ထြန္း၊ သက္ထြန္းႏိုင္(ခ)ကိုသက္ ႏွင့္ ေဒၚစန္းစန္းေမာ္တို႔
(၃)ဦးအား မဂၤလာေတာင္ၫြန႔္ၿမိဳ႕မရဲစခန္း(ပ)၁၇၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၈၆ ျဖင့္
အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
Unicode
နိုင်ငံခြားဖြစ်အရက်အတုများ
ပြုလုပ်ရောင်းချသူ၏ ထွက်ဆိုချက်အရ ဆိုင်တင်ရောင်းချနေသော အရက်တုများ ဖမ်းဆီးရမိ
နေပြည်တော်၊
မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်း(ပ)၁၇၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၈၆
အမှုမှ တရားခံ (၅)ရပ်ကွက်နေ တင်ထွန်း(၅၂)နှစ်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်နေ
သက်ထွန်းနိုင်(ခ)ကိုသက်(၄၇)နှစ်တို့(၂)ဦးအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ
စစ်ဆေးရာ ဖမ်းဆီးရမိသော နိုင်ငံခြားဖြစ်အရက်အတုများအား မင်္ဂလာတောင်ညွန့်မြို့နယ်၊
သပြေကုန်း ရပ်ကွက်ရှိ လသာမြို့နယ်၊ (၇)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်(၅၉)နှစ်၏ စားသောက်ကုန်နှင့်
ယမကာ ရောင်းဝယ်ရေးဆိုင်တွင် တင်ပို့ရောင်းချထားကြောင်း စစ်ဆေးသိရှိရသဖြင့် ၂၀၁၈ ခုနှစ်၊
မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊
မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ
ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းမှ အရက်အတုဟု ယူဆရသော HIGH COMMISSIONET(1.5 Liter) (၆)လုံး ပါ(၁)ဖာ၊ HIGH COMMISSIONET(70 CL) (၁၂)လုံးပါ
(၅)ဖာ၊ (၁၀)လုံးပါ(၁)ဖာ၊ (၉)လုံးပါ(၁)ဖာ၊ DUNFIFE(70 CL)(၁၂)လုံးပါ
(၆)ဖာ၊ DUNFIFE (35 CL) ပုလင်းပြား(၂၄)ပြား ပါ(၁)ဖာ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
တင်ထွန်း၊ သက်ထွန်းနိုင်(ခ)ကိုသက် နှင့် ဒေါ်စန်းစန်းမော်တို့ (၃)ဦးအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၁၇၅/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
This
article first appears in ရဲဇာနည္ Facebook news on March
23, 2018 of ရဲဇာနည္ Facebook Page.
We
acknowledged © of ရဲဇာနည္ and thus full credit given to ရဲဇာနည္.
We are
non-profits volunteers and we only retrieved this news to support all
communities from Myanmar who do not know how to get access the news and have no
luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
Retrieved
Date: 23/03/2018
No comments:
Post a Comment