ဖမ်းဆီးအရေးယူထားကြောင်း ရဲဇာနည်
Facebook စာမျက်နှာတွင် မတ် ၂၃၊၂၀၁၈ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏
ဖေါ်ပြချက် အပြည့်အစုံမှာ ----
နေပြည်တော်၊
မတ် ၂၃
၂၀၁၈
Unicode
ဖဲလောင်းကစားပြုလုပ်သူများအား
ဖမ်းဆီးအရေးယူထား
နေပြည်တော်၊
မတ် ၂၃
၂၀၁၈ ခုနှစ်၊
မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊
ဝါးရုံဆိပ်ရပ်ကွက်ရှိ လူမနေသည့် နေအိမ်အလွတ်တွင် ဖဲလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ
စက်ဆန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ
ဝါးရုံဆိပ်ရပ်ကွက်နေသူများဖြစ်သည့် ဟန်တင်(၄၅)နှစ်၊ အောင်ငြိမ်းချမ်း (ခ)ဖိုးအောင်(၂၅)နှစ်၊
ပိုင်ဦးဇော်(ခ)ခေါင်းရှည်(၂၁)နှစ်၊ မသန်းသန်းအေး(၂၇)နှစ်နှင့် မကြည်ဝင်း (၂၆)နှစ်တို့(၅)ဦးအား
ဖဲလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ်(၉၈,၅၀၀)တို့နှင့်တူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့်
ဟန်တင် ပါ(၅)ဦးတို့အား စက်ဆန်းနယ်မြေရဲစခန်း(ပ)၇၇/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)
ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
This
article first appears in ရဲဇာနည် Facebook news on March 23,
2018 of ရဲဇာနည် Facebook Page.
We
acknowledged © of ရဲဇာနည် and thus full credit given to ရဲဇာနည်.
We are
non-profits volunteers and we only retrieved this news to support all
communities from Myanmar who do not know how to get access the news and have no
luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/yezarnimedia/?hc_ref=ARQC-8_-hftypKT0WDRfmXNi3Jbjf7MDg9bOaX-3zBY6XjK20KLiyqaM0TlMtpZ6eHE
Retrieved
Date: 23/03/2018
No comments:
Post a Comment