ႏွစ္လံုးထီေလာင္းကစားသူအား
အေရးယူခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ မတ္ ၁၃၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
မတ္ ၁၃
၁၂-၃-၂၀၁၈
ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ ျမစ္သားၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႔၀င္မ်ားသည္ သက္ေသ မ်ားႏွင့္အတူ
ေလာင္းကစားသတင္းအရ ျမစ္သားၿမိဳ႕နယ္၊ ၿမိဳ႕ကုန္းႀကီးေက်းရြာအထြက္တြင္ ေစာင့္ဆိုင္း
ေနစဥ္ နံပါတ္မပါေက်းရြာအထြက္တြင္ ေစာင့္ဆုိင္းေနစဥ္ နံပါတ္မပါ KENBO-125 ဆုိင္ကယ္ျဖင့္
ေရာက္ရိွလာသူ ၎ရြာေန ေဒၚသန္းလွ ၄၈ ႏွစ္အား ရပ္တန္႔ရွာေဖြရာ အေပၚအက်ႌယာဘက္အိတ္ အတြင္းမွ
ႏွစ္လံုးထီေလာင္းကစားရာတြင္ အသံုးျပဳသည့္စာရြက္စာတမ္းမ်ား၊ ေလာင္းေၾကးေငြႏွင့္အတူ
ေတြ႔ရွိ ဖမ္းဆီးရမိခဲ့သျဖင့္ ျမစ္သားၿမိဳ႕မရဲစခန္း(ပ) ၆၅/၂၀၁၈၊ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က)
အရ လည္းေကာင္း၊ ၄၄ယ/xxxxx Scoopy ဆုိင္ကယ္ျဖင့္ေရာက္ရိွလာသူ
ေဒၚရီစန္း ၄၃ နွစ္၊ ပြဲလံုးေက်ာ္ ေက်းရြာေနသအူအား ရပ္တန္႔ရွာေဖြရာ ၎ကုိင္ေဆာင္ထားသည့္
လက္ကုိင္အိတ္အတြင္းမွ ွ ႏွစ္လံုးထီ ေလာင္းကစားရာတြင္ အသံုးျပဳသည့္စာရြက္စာတမ္းမ်ား၊
ေလာင္းေၾကးေငြႏွင့္အတူ ေတြ႔ရိွ ဖမ္းဆီးရမိခဲ့ သျဖင့္ ေဒၚရီစန္းအား ျမစ္သားၿမိဳ႕မရဲစခန္း(ပ)၆၆/၂၀၁၈၊
ေလာင္းကစားပုဒ္မ ၁၅(က)/ ၁၆(က)အရ လည္းေကာင္း အသီးသီးအမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း
သတင္းရရွိသည္။
Unicode
နှစ်လုံးထီလောင်းကစားသူအား
အရေးယူ
မန္တလေး၊
မတ် ၁၃
၁၂-၃-၂၀၁၈
ရက်နေ့ နံနက် ၁၁ နာရီအချိန် မြစ်သားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူလောင်းကစားသတင်းအရ
မြစ်သားမြို့နယ်၊ မြို့ကုန်းကြီး ကျေးရွာအထွက်တွင် စောင့်ဆိုင်းနေစဉ် နံပါတ်မပါ KENBO-125 ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ
၎င်းရွာနေ ဒေါ်သန်းလှ ၄၈ နှစ်အား ရပ်တန့်ရှာဖွေရာ အပေါ်အင်္ကျီယာဘက်အိတ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင်
အသုံးပြုသည့် စာရွက်စာတမ်းများ၊လောင်းကြေးငွေနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့်
မြစ်သားမြို့မ ရဲစခန်း(ပ)၆၅/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရ လည်းကောင်း၊ ၄၄ယ/×××××
Scoopy ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ ဒေါ်ရီစန်း ၄၃ နှစ်၊ ပွဲလုံးကျော်
ကျေးရွာနေသူအား ရပ်တန့်ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်အတွင်းမှ နှစ်လုံးထီ
လောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးငွေနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့်
ဒေါ်ရီစန်း အား မြစ်သားမြို့မရဲစခန်း(ပ)၆၆/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က)အရလည်းကောင်း
အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
This
article first appears in Mandalay Police news on March 13, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/?ref=br_tf
Retrieved
Date: 14/03/2018
No comments:
Post a Comment