ဆုိင္ကယ္၊
၀ါယာႀကိဳးမ်ားခိုးယူသူမ်ားအား အေရးယူခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္
မတ္ ၁၂၊၂၀၁၈
ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
မတ္ ၁၂
၁၁-၃-၂၀၁၈
ရက္ေန႔ နံနက္ ၄ နာရီခဲြအခ်ိန္ အမွတ္(၃)နယ္ေျမရဲစခန္းမွတပ္ဖဲြ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
နယ္ေျမအတြင္း လွည့္ကင္းေဆာင္ရြက္စဥ္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၅၉လမ္း၊ ၃၀x ၃၂လမ္းၾကားတြင္ ခရီးေဆာင္အိတ္
၁ လံုးအား တင္ေဆာင္ေမာင္းႏွင္လာသည့္ နံပါတ္မပါ ဆုိင္ကယ္ ၁ စီးႏွင့္အတူ ေအာင္ကုိကုိ
၂၅ ႏွစ္၊ ဟ-၁၁ရပ္ကြက္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေနသူႏွင့္ ေအာင္ရဲေက်ာ္ ၁၉ႏွစ္၊ ကံႀကီးကုန္းေက်းရြာ၊
ပုသိမ္ႀကီးၿမိဳ႕နယ္ေနသူတို႔အား ေတြ႔ရွိရွာေဖြရာစစ္ေဆးရာ ခရီးေဆာင္အိတ္အတြင္းမွ ၀ါယာႀကိဳးေခြ
၁၂၅ ေပခန္႔အား သိမ္းဆည္းရမိစစ္ေမးရာ ၎တို႔ပိုင္ဆိုင္ေၾကာင္း အေထာက္အထား တစ္စံုတစ္ရာျပသေျပာဆိုႏိုင္ျခင္းမရွိသည့္အျပင္
အထက(၅)ေက်ာင္းေရွဓါတ္တိုင္မွ ေနအိမ္တစ္အိမ္သို႔ သြယ္တန္းထားေသာ ၀ါယာႀကိဳးမ်ားအား ျဖတ္ေတာက္ခိုးယူခဲ့ျခင္းျဖစ္ေၾကာင္း
သိရိွရသျဖင့္ ေအာင္ကုိကုိႏွင့္ ေအာင္ရဲေက်ာ္တို႔အား အမွတ္(၃)နယ္ေျမရဲစခန္း(ပ)၁၄၀/၂၀၁၈၊
ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄ အရ လည္းေကာင္း၊ ၁၁-၃-၂၀၁၈ ရက္ေန႔ ေန႔လည္ ၁၂ နာရီအခ်ိန္ ျပင္ဦးလြင္ၿမိဳ႕မ
ရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္း လွည့္ကင္းေဆာင္ရြက္စဥ္
ျပင္ဦးလြင္ ၿမိဳ႕၊ ရပ္ကြက္ႀကီး(၁၀) တရ၀တ္လမ္းေပၚတြင္ နံပါတ္မပါ Yinanbo
CZI-125 ဆိုင္ကယ္ႏွင့္မသကၤာ ေတြ႔ရွိသူ ေအာင္ဆန္းလင္း(ခ)ေပါက္စ ၂၁ နွစ္၊
ရပ္ကြက္ႀကီး(၈)၊ ျပင္ဦးလြင္ၿမိဳ႕ေနသူအား စစ္ေဆးရာ အဆုိပါ ဆုိင္ကယ္အား လြန္ခဲ့ေသာ ၁၅
ရက္ခန႔္က ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီ(၁၀)၊ မႏၲေလး-လား႐ိႈး လမ္းေဘး တပ္ဦးဘုန္းႀကီးေက်ာင္းအနီးရွိ
အမည္မသိလက္ဖက္ရည္ဆုိင္ေရွတြင္ ရပ္ထားစဥ္ ခုိးယူလာျခင္း ျဖစ္ေၾကာင္း သိရိွရ၍ သက္ေသခံဆုိင္ကယ္အားသိမ္းဆည္းျပီး
ေအာင္ဆန္းလင္း(ခ)ေပါက္စ အား ျပင္ဦးလြင္ၿမိဳ႕မရဲစခန္း(ပ)၇၇/၂၀၁၈၊ ရာဇသတ္ျကီးပုဒ္မ ၃၇၉/၅၄
အရလည္းေကာင္း၊ ၁၁-၃-၂၀၁၈ ရက္ေန႔ နံနက္ ၃ နာရီခဲြအခ်ိန္ အမွတ္(၁)နယ္ေျမရဲစခန္းမွတပ္ဖြဲ႔၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္း လွည့္ကင္းေဆာင္ရြက္ေနစဥ္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မဟာေဇယ်ာဘံုရပ္ကြက္၊
သရက္ကုန္းကြက္သစ္အနီး မႏၲေလး-ျပင္ဦးလြင္ကားလမ္းေဘးေမွာင္ရိပ္တြင္ မသကၤာေတြ႔ရွိသူ
ေဇာ္ထက္ႏုိင္(ခ)ငရဲ ၁၇ ႏွစ္၊ ထံုးဘုိရပ္ကြက္၊ စစ္ကုိင္းၿမိဳ႕ေနသူႏွင့္ ထြန္းထြန္း(ခ)ေနရဲ
၁၇ နွစ္၊ နာရီစင္ အနီး၊ ၀က္လက္ၿမိဳ႕ေနသူတုိ႔ ၂ ဦးအား စစ္ေဆးရာ ၎တို႔ ၂ ဦးသည္ ၂၀၁၈
ခုႏွစ္ မတ္လ(ေန႔ရက္/ အခ်ိန္)မမွတ္မိက ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၂၆ လမ္းႏွင့္ၿမိဳ႕ပတ္လမ္းေထာင့္ရွိ
ေနအိမ္ၿခံ၀န္းအတြင္းမွ ေနအိမ္အေနာက္ ဘက္တံစက္ၿမိတ္သုိ႔ သြယ္တန္းထားသည့္ လွ်ပ္စစ္မီးႀကိဳးအား
ခိုးယူခဲ့ေၾကာာင္း ေဇာ္ထက္နုိင္(ခ)ငရဲႏွင့္ထြန္းထြန္း(ခ)ေနရဲတို႔အား အမွတ္(၃)နယ္ေျမရဲစခန္း(ပ)၁၄၁/၂၀၁၈၊
ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄ အရလည္းေကာင္း အသီးသီးအမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း
သတင္းရရိွသည္။
Unicode
ဆိုင်ကယ်၊
ဝါယာကြိုးများခိုးယူသူများအား အရေးယူ
မန္တလေး၊
မတ် ၁၂
၁၁-၃-၂၀၁၈
ရက်နေ့ နံနက် ၄ နာရီခွဲအချိန် အမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ချမ်းအေးသာစံမြို့နယ်၊ ၅၉လမ်း၊ ၃၀x ၃၂လမ်းကြားတွင်ခရီးဆောင်အိတ်
၁ လုံးအား တင်ဆောင်မောင်းနှင်လာသည့် နံပါတ်မပါ ဆိုင်ကယ် ၁ စီးနှင့်အတူ အောင်ကိုကို
၂၅ နှစ်၊ ဟ-၁၁ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် နေသူနှင့် အောင်ရဲကျော် ၁၉နှစ်၊ ကံကြီးကုန်းကျေးရွာ၊
ပုသိမ်ကြီးမြို့နယ်နေသူတို့အား တွေ့ရှိရှာဖွေ စစ်ဆေးရာ ခရီးဆောင်အိတ်အတွင်းမှ ဝါယာကြိုး
ခွေ ၁၂၅ ပေခန့်အား သိမ်းဆည်းရမိစစ်မေးရာ ၎င်းတို့ပိုင်ဆိုင် ကြောင်း အထောက်အထားတစ်စုံတစ်ရာ
ပြသပြောဆိုနိုင်ခြင်း မရှိသည့်အပြင် အထက(၅) ကျောင်းရှေ့ ဓာတ်တိုင်မှ နေအိမ်တစ်အိမ်သို့
သွယ်တန်းထားသော ဝါယာကြိုးများအား ဖြတ်တောက် ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့်
အောင်ကိုကိုနှင့် အောင်ရဲကျော်တို့အား အမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၄၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ
၃၇၉/၅၄ အရ လည်းကောင်း၊ ၁၁-၃-၂၀၁၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ပြင်ဦးလွင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊
တရဝတ်လမ်းပေါ်တွင်နံပါတ်မပါ Yinanbo CZI-125 ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူ
အောင်ဆန်းလင်း(ခ)ပေါက်စ ၂၁ နှစ်၊ ရပ်ကွက်ကြီး(၈)၊ ပြင်ဦးလွင်မြို့နေသူအား စစ်ဆေးရာ
အဆိုပါဆိုင်ကယ်အား လွန်ခဲ့သော ၁၅ရက်ခန့် က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ မန္တလေး-လားရှိုး
လမ်းဘေး တပ်ဦးဘုန်းကြီး ကျောင်းအနီးရှိ အမည်မသိလက်ဖက်ရည်ဆိုင်ရှေ့တွင်ရပ်ထားစဉ် ခိုးယူလာခြင်းဖြစ်ကြောင်း
သိရှိရ၍ သက်သေခံ ဆိုင်ကယ်အားသိမ်းဆည်းပြီး အောင်ဆန်းလင်း(ခ)ပေါက်စအား ပြင်ဦးလွင်မြို့မရဲစခန်း
(ပ)၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်
အမှတ်(၁)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း
ဆောင်ရွက်နေစဉ် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ သရက်ကုန်းကွက်သစ် အနီး မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး
မှောင်ရိပ်တွင် မသင်္ကာတွေ့ရှိသူ ဇော်ထက်နိုင် (ခ)ငရဲ ၁၇ နှစ်၊ ထုံးဘိုရပ်ကွက်၊ စစ်ကိုင်းမြို့နေသူနှင့်
ထွန်းထွန်း(ခ)နေရဲ ၁၇ နှစ်၊ နာရီစင်အနီး၊ ဝက်လက်မြို့နေသူတို့ ၂ ဦးအား စစ်ဆေးရာ ၎င်းတို့
၂ ဦးသည် ၂၀၁၈ ခုနှစ် မတ်လ(နေ့ရက်/အချိန်)မမှတ်မိက ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့်
မြို့ပတ် လမ်းထောင့်ရှိ နေအိမ်ခြံဝန်းအတွင်းမှ နေအိမ်အနောက် ဘက်တံစက်မြိတ်သို့ သွယ်တန်းထားသည့်
လျှပ်စစ်မီးကြိုးအား ခိုးယူခဲ့ကြောင်း ဇော်ထက်နိုင်(ခ)ငရဲ နှင့် ထွန်းထွန်း(ခ)နေရဲ
တို့အား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
This
article first appears in Mandalay Police news on March 12, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/posts/1043043222502100
Retrieved
Date: 14/03/2018
No comments:
Post a Comment