ဆုိင္ကယ္ႏွင့္လက္ကုိင္ဖုန္းၿခိမ္းေျခာက္ေတာင္းယူသူအား အေရးယူ
ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္
ေအာက္တုိဘာ ၂၄၊ ၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ေအာက္တိုဘာ ၂၄
၂၃-၁၀-၂၀၁၇ ရက္ေန႔ ည ၁၁ နာရီခဲြအခ်ိန္ ကုိႏုိင္ကုိကုိ ၂၀
ႏွစ္သည္ တစ္ဩးတည္း Scoopyi အနက္ေရာင္ဆုိင္ကယ္ျဖင့္ ၁၂ လမ္းအတုိင္းအေရွ႕ဘက္သို႔ ေမာင္းႏွင္လာရာ
အမည္မသိအမ်ိဳးသားတစ္ဦးမွာ ဆုိင္ကယ္ျဖင့္ ေဘးမွလုိက္ပါလာၿပီး ၁၂x၇၆
လမ္းဆံုအေရာက္တြင္ ၎င္းအမ်ိဳးသားမွ ဆုိင္ကယ္ႏွင့္ေရွ႕မွပိတ္ရပ္၍ ရပ္တန္႔စဥ္ ဆုိင္ကယ္ႏွင့္ဖုန္းအား
ထားခဲ့ရန္ ၿခိမ္းေျခာက္ေတာင္းယူသျဖင့္ ဆုိင္ကယ္အားထားခဲ့ၿပီး ရဲလွည့္ကင္း ကားႏွင့္
ေတြ႔ဆံု၍အကူအညီေတာင္းခံခဲ့ရာ ရဲတပ္ဖဲြ႔၀င္မ်ားမွသြားေရာက္ဖမ္းဆီးခဲ့ရာ ကုိႏုိင္ကုိကုိ၏
သက္ေသခံ ဆုိင္ကယ္ႏွင့္အတူ ေက်ာ္ေစာ၀င္း ၁၉ ႏွစ္၊ အကြက္(၅၀)၊ ပဲြစား၀န္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ေနသူအား
ဖမ္းဆီးရမိခဲ့ေၾကာင္းသိရိွရသျဖင့္ ေက်ာ္ေစာ၀င္းအား အမွတ္(၂)နယ္ေျမရဲစခန္း (ပ)၂၇၁/၂၀၁၇
ရာဇသတ္ႀကီးပုဒ္မ ၃၈၂ အရ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းခြိမ်းခြောက်တောင်းယူသူအား အရေးယူ
မန္တလေး၊ အောက်တိုဘာ ၂၄
၂၃-၁၀-၂၀၁၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ကိုနိုင်ကိုကို ၂၀
နှစ်သည် တစ်ဦးတည်း Scoopyi အနက်ရောင်ဆိုင်ကယ်ဖြင့် ၁၂ လမ်းအတိုင်းအရှေ့ဘက် သို့မောင်းနှင်လာရာ
အမည်မသိအမျိုးသားတစ်ဦးမှာဆိုင်ကယ်ဖြင့်ဘေးမှလိုက်ပါလာပြီး ၁၂x၇၆ လမ်း ဆုံအရောက်တွင်
၎င်းအမျိုးသားမှ ဆိုင်ကယ်နှင့်ရှေ့မှပိတ်ရပ်၍ ရပ်တန့်စဉ် ဆိုင်ကယ်နှင့်ဖုန်းအား ထားခဲ့ရန်
ခြိမ်းခြောက်တောင်းယူသဖြင့် ဆိုင်ကယ်အားထားခဲ့ပြီး ရဲလှည့်ကင်းကားနှင့် တွေ့ဆုံ၍အကူအညီတောင်းခံခဲ့ရာ
ရဲတပ်ဖွဲ့ဝင်များမှသွားရောက်ဖမ်းဆီးခဲ့ရာ ကိုနိုင်ကိုကို၏ သက်သေ ခံဆိုင်ကယ်နှင့်အတူ
ကျော်စောဝင်း ၁၉ နှစ်၊ အကွက်(၅၀)၊ ပွဲစားဝန်း၊ အောင်မြေသာစံမြို့နယ် နေသူအား ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသဖြင့်
ကျော်စောဝင်းအား အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၇၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
This article first appears in Mandalay Police news on October
24,
2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 25/10/2017
No comments:
Post a Comment