Monday, October 23, 2017

အရွိန္မထိန္းနိုင္သည့္ ဆိုင္ကယ္တိမ္းေမွာက္၍ ဆိုင္ကယ္ေမာင္းႏွင္သူ ေသဆုံး




အရွိန္မထိန္းနိုင္သည့္ ဆိုင္ကယ္တိမ္းေမွာက္၍ ဆိုင္ကယ္ေမာင္းႏွင္သူ ေသဆုံး ခဲ့ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ ေအာက္တိုဘာ ၂၂ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။

၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----

မေကြး၊ ေအာက္တိုဘာ ၂၂

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ ၂၁ ရက္ေန႔ ည ၁၀ နာရီ ၃၀ မိနစ္အခ်ိန္ မေကြးတိုင္း ေဒသႀကီး၊ မင္းဘူးၿမိဳ႕၊ မင္းဘူး-စကုကားလမ္းတြင္ ဆိုင္ကယ္တိမ္းေမွာက္မွုျဖစ္ပြားေၾကာင္း သတင္း အရ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ အမွတ္(၄) ရပ္ကြက္ေန ညီညီေအး(၂၈)ႏွစ္သည္ ကန္ဘို-၁၁၀ ဆိုင္ကယ္အား တစ္ဦးတည္းေမာင္းႏွင္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ အရွိန္မထိန္းနိုင္ဘဲ လမ္းဘယ္ဘက္သို႔ လဲက်တိမ္းေမွာက္ခဲ့ၿပီး ၎တြင္ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားေၾကာင္း သိရွိရေသာေၾကာင့္ ယာဥ္မဆင္ မျခင္ေမာင္းႏွင္သူ ညီညီေအး အား မင္းဘူးၿမိဳ႕မရဲစခန္း ယာဥ္(ပ)၄၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

Unicode
အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ်တိမ်းမှောက်၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး
မေကြး၊ အောက်တိုဘာ ၂၂
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူး-စကုကားလမ်းတွင် ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်း အရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၄) ရပ်ကွက်နေ ညီညီအေး(၂၈)နှစ်သည် ကန်ဘို-၁၁၀ ဆိုင်ကယ်အား တစ်ဦးတည်းမောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်သို့ လဲကျတိမ်းမှောက်ခဲ့ပြီး ၎င်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရှိရသောကြောင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ ညီညီအေး အား မင်းဘူးမြို့မရဲစခန်း ယာဉ်(ပ)၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ news on October 22, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook.

We acknowledged © of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/magway.div.polmedia/

Retrieved Date: October 23, 2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...