၂၂ဘီးတဲြယာဥ္အား ရပ္တန္႔စစ္ေဆးရာ ယာဉ္ေမာင္းလြယ္ထားသည့္ လြယ္အိတ္အတြင္းမွ
မူးယစ္ေဆး၀ါးမ်ားသိမ္းဆည္းရမိ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ေအာက္တုိဘာ ၂၄၊ ၂၀၁၇ ေနစြဲျဖင့္
ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ေအာက္တိုဘာ ၂၄
၂၃-၁၀-၂၀၁၇ ရက္ေန႔ နံနက္ ၄ နာရီခဲြအခ်ိန္ မူးယစ္တပ္ဖဲြ႔စု(၁၇)မွတပ္ဖဲြ႔၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေရႊစာရံေက်းရြာအုပ္စု၊ (၁၆)မုိင္ ေက်ာက္ေခ်ာစစ္ေဆးေရးစခန္းတြင္
ယာဥ္မ်ားအား ရွာေဖြစစ္ေဆးေရးေဆာင္ရြက္စဥ္ မူဆယ္မွ မႏၲေလးဘက္သို႔ ေသာင္းႏုိင္ ၃၆ ႏွစ္၊
သက္ကယ္ေခ်ာင္း ရြာ၊ လယ္ေ၀းၿမိ႕နယ္ေနသူေမာင္းႏွင္လာသည့္ 2L-xxxx (၂၂)ဘီးတဲြယာဥ္အား
ရပ္တန္႔ စစ္ေဆးရာ ေသာင္းႏုိင္ လြယ္ထားသည့္ေဘးလြယ္အိတ္အတြင္း အီခ်ိဳင္းလိမ္းဆီ ဖန္ပုလင္းျဖင့္ထည့္ထားသည့္
88/1 စာတန္းပါ ပန္းေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား ၁၃၀ ျပား၊ အေလးခ်ိန္
၁၃ဂရမ္ (ေဒသေပါက္ေစ်း တစ္ျပားလ်င္ ၅၀၀၀ က်ပ္ႏႈန္းျဖင့္ ၆၅၀၀၀၀ က်ပ္)အား ေတြ႔ရိွ သိမ္းဆည္းရမိသျဖင့္
ေသာင္းႏုိင္အား အုန္းေခ်ာနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ
ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
Unicode
၂၂ဘီးတွဲယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ
မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ အောက်တိုဘာ ၂၄
၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး
စခန်းတွင် ယာဉ်များအားရှာဖွေစစ်ဆေးရေးဆောင်ရွက်စဉ် မူဆယ်မှ မန္တလေးဘက်သို့ သောင်းနိုင်
၃၆ နှစ်၊ သက်ကယ်ချောင်းရွာ၊ လယ်ဝေးမြို့နယ်နေသူမောင်းနှင်လာသည့် 2L-2960
(၂၂)ဘီးတွဲယာဉ်အား ရပ်တန့်စစ်ဆေးရာ သောင်းနိုင် လွယ်ထားသည့်ဘေးလွယ်အိတ်အတွင်းအီ
ချိုင်းလိမ်းဆီဖန်ပု လင်းဖြင့်ထည့်ထားသည့် 88/1 စာတန်းပါ
ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား ၁၃၀ ပြား၊ အလေးချိန် ၁၃ဂရမ် (ဒေသပေါက်စျေး တစ်ပြားလျင်
၅၀၀၀ ကျပ်နှုန်းဖြင့် ၆၅၀၀၀၀ ကျပ်) အားတွေ့ရှိ သိမ်းဆည်းရမိသဖြင့် သောင်းနိုင်အား အုန်းချောနယ်မြေရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း
သတင်း ရရှိသည်။
This article first appears in Mandalay Police news on October
24,
2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 25/10/2017
No comments:
Post a Comment