မသကၤာေတြ႔ရွိသူမ်ားအား စစ္ေမးရာ ခိုးမႈေပးေပၚေပါက္ ခဲ့ေၾကာင္း
Mandalay Police Facebook စာမ်က္နွာတြင္
ေအာက္တုိဘာ ၁၉ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ေအာက္တိုဘာ ၁၉
၁၈-၁၀-၂၀၁၇ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ တုိင္းရဲအကူတပ္ဖဲြ႔ခြဲမွတပ္ဖြဲ႔၀င္မ်ားသည္
သက္ေသ မ်ားႏွင့္အတူ နယ္ေျမအတြင္း သတင္းစံုစမ္းေနစဥ္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၅၈လမ္းႏွင့္
မင္းႀကီးရန္ေနာင္ လမ္းေထာင့္တြင္ ခုိးမႈမ်ားက်ဴးလြန္ထားသည္ဟု သတင္း ရရိွထားသူ မ်ိဳးစံ
၂၁ ႏွစ္၊ ၀ါးခယ္မၿမိဳ႕နယ္၊ ဧရာ၀တီတုိင္းေဒသႀကီးႏွင့္ တစ္ရပ္တည္းေန သန္႔ဇင္ဦး ၁၇ ႏွစ္တုိ႔
၂ ဦးအား ေတြ႔ရိွစစ္ေမးရာ ၎တုိ႔သည္ ၁၅-၁၀-၂၀၁၇ ရက္ေန႔ ည ၈ နာရီခဲြအခ်ိန္ခန္႔ မဟာေအာင္ေျမၿမိဳ႕နယ္၊
မေနာ္ရမၼံပန္းၿခံ၊ ဗုိလ္ခ်ဳပ္ရုတ္ထု အေနာက္ဘက္ ၆၃ လမ္းတြင္ ရပ္ထားေသာ New
Anbo-125 ဆုိင္ကယ္အား ခုိးယူခဲ့ၿပီး စီးနင္းအသံုးျပဳေနေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္
သက္ေသခံဆုိင္ကယ္အား သိမ္းဆည္းၿပီး မ်ိဳးစံႏွင့္ သန္႔ဇင္ဦးတို႔အား မဟာေအာင္ေျမၿမိဳ႕မရဲစခန္း(ပ)၆၆၃/၂၀၁၇၊
ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄ အရ လည္းေကာင္း၊ နံနက္ ၂ နာရီခဲြအခ်ိန္ လက္ပန္လွရဲကင္းစခန္းမွ
တပ္ဖဲြ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္း လွည့္ကင္းေဆာင္ရြက္စဉ္ စဥ့္ကူးၿမိဳ႕နယ္၊
လက္ပန္လွ-စဥ့္ကူးကားလမ္း၊ လက္ပန္လွပင္မဓါတ္အားခြဲရံုအနီး၌ ေအာင္ထက္ကုိ(ခ)ကတံုး ၁၈ ႏွစ္၊
ေခ်ာင္းႀကီး ေက်းရြာ၊ သပိတ္က်င္းၿမိဳ႕နယ္ေနသူအား Canda-125
အနက္ေရာင္ဆုိင္ကယ္ႏွင့္အတူ မသကၤာ ေတြ႔ရိွစစ္ေမးရာ အဆုိပါဆုိင္ကယ္အား ၎ပုိင္ဆုိင္ေၾကာင္း
အေထာက္အထားတစ္စံုတစ္ရာ ျပသ ေျပာဆုိ ႏုိင္ျခင္း မရိွသျဖင့္ သက္ေသခံဆုိင္ကယ္အား သိမ္းဆည္းၿပီး
ေအာင္ထက္ကုိ(ခ)ကတံုး အား လက္ပန္လွ ရဲကင္းစခန္း(ပ)၂၃၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄
အရ လည္းေကာင္း၊ နံနက္ ၃ နာရီအခ်ိန္ သပိတ္က်င္းၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
နယ္ေျမအတြင္း လွည့္ကင္း ေဆာင္ရြက္စဥ္္ သပိတ္က်င္းၿမိဳ႕နယ္၊ ေခ်ာင္းႀကီးေက်းရြာ၊ ေရႊေခ်ာင္းႀကီး
ကုမၸဏီ(ေအာက္ဆုိက္) ျခံစည္းရုိး အနီး၌ ဖုိးေက်ာ္ ၂၅ ႏွစ္၊ ေက်ာက္ေခ်ာင္းေက်းရြာ၊ စဥ့္ကူးၿမိဳ႕နယ္ေနသူအား
ဆာလာအိတ္ျဖင့္ ထည့္ထားသည့္ ေရႊပါသည္ဟုယူဆရေသာ ေျမခဲ(အရပ္ေခၚျဗဳန္းအိတ္) အေလးခ်ိန္ ၁၀
ပိဿာခန္႔ႏွင့္အတူ မသကၤာေတြ႔ရိွ စစ္ေမးရာ ၎ပုိင္ဆုိင္ ေၾကာင္း အေထာက္အထားတစ္စံုတစ္ရာ
ျပသေျပာဆုိႏုိင္ျခင္းမရိွသျဖင့္ သက္ေသခံပစၥည္းအား သိမ္းဆည္းၿပီး ဖုိးေက်ာ္ အား သပိတ္က်င္းၿမိဳ႕မ
ရဲစန္း(ပ)၂၂၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅ အရ လည္းေကာင္း အသီးသီးအမႈဖြင့္စစ္ေဆး ေဆာင္ရြက္လ်က္ရိွေၾကာင္း
သတင္းရရိွသည္။
Unicode
မသင်္ကာတွေ့ရှိသူများအားစစ်ဆေးရာ ခိုးမှုများပေါ်ပေါက်
မန္တလေး၊ အောက်တိုဘာ ၁၉
၁၈-၁၀-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည်
သက်သေ များနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈လမ်းနှင့်
မင်းကြီး ရန်နောင် လမ်းထောင့်တွင် ခိုးမှုများကျူးလွန်ထားသည်ဟု သတင်း ရရှိထားသူ မျိုးစံ
၂၁ နှစ်၊ ဝါးခယ်မမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်ရပ်တည်းနေ သန့်ဇင်ဦး ၁၇ နှစ်တို့
၂ ဦးအား တွေ့ရှိစစ်မေးရာ ၎င်းတို့သည် ၁၅-၁၀-၂၀၁၇ ရက်နေ့ ည ၈ နာရီခွဲအချိန် ခန့် မဟာအောင်မြေမြို့နယ်၊
မနော်ရမ္မံပန်းခြံ၊ ဗိုလ်ချုပ်ရုတ်ထု အနောက်ဘက် ၆၃ လမ်းတွင်ရပ်ထားသော New
Anbo-125 ဆိုင်ကယ်အား ခိုးယူခဲ့ပြီး စီးနင်းအသုံးပြုနေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
သက်သေခံဆိုင်ကယ်အား သိမ်းဆည်း ပြီး မျိုးစံ နှင့် သန့်ဇင်ဦး တို့အား မဟာအောင်မြေမြို့မရဲစခန်း(ပ)၆၆၃/၂၀၁၇၊
ရာဇ သတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း၊ နံနက် ၂ နာရီခွဲအချိန် လက်ပန်လှရဲကင်းစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် စဉ့်ကူးမြို့နယ်၊
လက်ပန်လှ-စဉ့်ကူးကားလမ်း၊ လက်ပန်လှပင်မဓါတ်အားခွဲရုံအနီး၌ အောင်ထက်ကို(ခ)ကတုံး ၁၈ နှစ်၊
ချောင်းကြီး ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူအား Canda-125 အနက်ရောင်ဆိုင်ကယ်နှင့်အတူ
မသင်္ကာ တွေ့ရှိစစ်မေးရာ အဆိုပါဆိုင်ကယ်အား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ
ပြသ ပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အောင်ထက်ကို (ခ)ကတုံး
အား လက်ပန်လှရဲကင်းစခန်း(ပ)၂၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ လည်းကောင်း၊ နံနက်
၃ နာရီအချိန် သပိတ်ကျင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း
လှည့်ကင်းဆောင်ရွက်စဉ် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ရွှေချောင်းကြီး ကုမ္ပဏီ
(အောက်ဆိုက်)ခြံစည်းရိုး အနီး၌ ဖိုးကျော် ၂၅ နှစ်၊ ကျောက်ချောင်းကျေးရွာ၊ စဉ့်ကူးမြို့နယ်
နေသူအား ဆာလာအိတ်ဖြင့်ထည့်ထားသည့် ရွှေပါသည်ဟုယူဆရသော မြေခဲ(အရပ်ခေါ်ဗြုန်းအိတ်) အလေးချိန်
၁၀ ပိဿာခန့်နှင့်အတူ မသင်္ကာတွေ့ရှိ စစ်မေးရာ ၎င်းပိုင်ဆိုင် ကြောင်း အထောက်အထားတစ်စုံတစ်ရာ
ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံပစ္စည်းအား သိမ်း ဆည်းပြီး ဖိုးကျော် အား သပိတ်ကျင်းမြို့မရဲစခန်း(ပ)၂၂၇/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅ အရ လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
This article first appears in Mandalay Police news on October
19,
2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 19/10/2017
No comments:
Post a Comment