နယ္ေျမအတြင္း မသကၤာေတြ႔ရိွသူမ်ားအား စစ္ေဆးအေရးယူ
ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္
ေအာက္တုိဘာ ၂၄၊ ၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ေအာက္တိုဘာ ၂၄
၂၃-၁၀-၂၀၁၇ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္
တုိင္းရဲအကူတပ္ဖဲြ႔ခြဲမွတပ္ဖြဲ႔၀င္မ်ားသည္ သက္ေသ မ်ားႏွင့္အတူ ပုသိမ္ႀကီးၿမိဳ႕နယ္၊
၄၉ လမ္း၌နယ္ေျမသတင္းစံုစမ္းေနစဥ္္ ဟိန္းထက္ဦး(ခ)ေနလင္းဦး ၂၂ ႏွစ္၊
ကံႀကီးကုန္းရြာ၊ ပုသိမ္ႀကီးၿမိဳ႕နယ္ေနသူအား CZI-125
ဆုိင္ကယ္ႏွင့္အတူ မသကၤာေတြ႔ရိွစစ္ေဆးရာ ဆုိင္ကယ္ႏွင့္ ပတ္သက္၍
၎ပုိင္ဆုိင္ေျကာင္းအေထာက္အထား တစ္စံုတစ္ရာျပသေျပာဆုိနုိင္ျခင္းမရိွသျဖင့္ သက္ေသခံ
ဆုိင္ကယ္အားသိမ္းဆည္းျပီး ဟိန္းထက္ဦး(ခ)ေနလင္းဦးအား အုန္းေခ်ာနယ္ေျမရဲစခန္း(ပ)၂၁၀/၂၀၁၇
ရာဇသတ္ ႀကီးပုဒ္မ ၃၈၀/၅၄ အရလည္းေကာင္း၊ ညေန ၃ နာရီခဲြအခ်ိန္
အုန္းေခ်ာနယ္ေျမရဲစခန္းမွ တပ္ဖဲြ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ညဥ့္နက္လွည့္ကင္း
ေဆာင္ရြက္ေနစဉ္ မႏၲေလး-ျပင္ဦးလြင္ကားလမ္း၊ ေက်ာက္ေခ်ာရြာ အနီးရိွ Oriental
Highway ကုမၸဏီပုိင္တုိးဂိတ္အနီးတြင္ လက္ကုိင္ဖုန္း ၂
လံုးႏွင့္အတူ မသကၤာေတြ႔ရိွသူ ခုိင္၀င္း ၂၂ ႏွစ္၊ အမွတ္(၃)ရပ္ကြက္၊
အုန္းေခ်ာရြာႏွင့္ တစ္ရြာတည္းေန သက္ထြန္းေအာင္ ၁၉ ႏွစ္၊ ဟိန္းဇံ ၁၉ ႏွစ္တုိ႔ ၃
ဦးအား စစ္ေဆးရာ အဆုိပါဖုန္း ၂ လံုးအား ၎တို႔ပုိင္ဆုိင္ေၾကာင္းအေထာက္အထား တစ္စံုတစ္ရာျပသ
ေျပာဆုိနုိင္ျခင္းမရိွသျဖင့္ သက္ေသခံဖုန္း ၂ လံုးအား သိမ္းဆည္းျပီး ခုိင္၀င္းပါ ၃
ဦးအား အုန္းေခ်ာနယ္ေျမ ရဲစခန္း(ပ)၂၁၁/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄ အရလည္းေကာင္း၊
ည ၉ နာရီ ၁၅ အခ်ိန္ အနီးစခန္းရဲကင္းစခန္းမွဴးႏွင့္တပ္ဖြ႔ဲ၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ နယ္ေျမလွည့္ကင္းေဆာင္ရြက္ေနစဥ္ ျပင္ဦးလြင္ၿမိဳ႕၊ အနီးစခန္း၊
ေစ်းကုန္းလမ္း ၀ဲဘက္ေစ်းတန္း၌ ေအာင္ေက်ာ္ျမင့္ ၂၁ ႏွစ္၊ ဆင္လမ္းရြာ၊
ျပင္ဦးလြင္ၿမိဳ႕နယ္ေနသူသည္ ၅၃ယ/xxxxx Thai Anbo-125
နီ/ညိဳေရာင္ဆုိင္ကယ္အား ေငြ ၁၀၀၀၀၀ က်ပ္ျဖင့္ လုိက္လံ ေရာင္းခ်ေနသည္ကုိ
မသကၤာေတြ႔ရိွ စစ္ေဆးရာ ၎ပုိင္ဆုိင္ေၾကာင္းအေထာက္အထား တစ္စံုတစ္ရာ
ျပသေျပာဆုိႏုိင္ျခင္းမရိွသျဖင့္ သက္ေသခံဆုိင္ကယ္အား သိမ္းဆည္းျပီး
ေအာင္ေက်ာ္ျမင့္အား ျပင္စာရဲကင္းစခန္း (ပ)၁၂၅/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄
အရလည္းေကာင္း၊ ည ၉ နာရီခဲြအခ်ိန္ မုိးကုတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
နယ္ေျမလွည့္ကင္း ေဆာင္ရြက္ေနစဥ္ မုိးကုတ္ၿမိဳ႕၊ ေဘာ္ဗဒန္းရြာအျပင္၌ရပ္တန္႔ ထားေသာ
၂၇ယ/xxxxx Kenbo-125 ဆုိင္ကယ္၏ဘီးတြင္ ခတ္ထားသည့္
သံႀကိဳးအား အမ်ိဳးသား ၂ ဦးမွာ ပလာယာႏွင့္ ကုိက္ျဖတ္ေနသည္ကုိ မသကၤာေတြ႔ရိွစစ္ေဆးရာ
ထြန္းေအး ၂၄ ႏွစ္၊ ပင္ေပၚရြာ၊ မုိးကုတ္ၿမိဳ႕ႏွင့္ တစ္ရြာတည္းေန ဗ်ာဆား ၂၈
ႏွစ္တုိ႔ျဖစ္ၿပီး ဆုိင္ကယ္အား ပုိင္ဆုိင္ေၾကာင္း
အေထာက္အထားတစ္စံုတစ္ရာျပသေျပာဆုိႏုိင္ျခင္းမရိွသျဖင့္ သက္ေသခံဆုိင္ကယ္အား
သိမ္းဆည္းျပီး ထြန္းေအးႏွင့္ဗ်ာဆားတုိ႔အား မုိးကုတ္ၿမိဳ႕မရဲစခန္း(ပ)၁၄၆/၂၀၁၇
ရာဇသတ္ႀကီးပုဒ္မ ၃၇၉/ ၅၄ အရ လည္းေကာင္း အသီးသီး
အမႈဖြင့္စစ္ေဆးအေရးယူလ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
နယ်မြေအတွင်း မသင်္ကာတွေ့ရှိသူများအား စစ်ဆေးအရေးယူ
မန္တလေး၊ အောက်တိုဘာ ၂၄
၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်
တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊
၄၉ လမ်း၌နယ်မြေသတင်းစုံစမ်းနေစဉ် ဟိန်းထက်ဦး (ခ)နေလင်းဦး ၂၂ နှစ်၊ ကံကြီးကုန်းရွာ၊
ပုသိမ်ကြီးမြို့နယ်နေသူအား CZI-125 ဆိုင်ကယ် နှင့်အတူ မသင်္ကာတွေ့ရှိစစ်ဆေးရာ
ဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံ
တစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အားသိမ်းဆည်းပြီး
ဟိန်းထက်ဦး(ခ) နေလင်းဦးအား အုန်းချောနယ်မြေရဲစခန်း(ပ)၂၁၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ
၃၈၀/၅၄ အရ လည်းကောင်း၊ ညနေ ၃ နာရီခွဲအချိန်
အုန်းချောနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ညဉ်နက်လှည့်ကင်း
ဆောင်ရွက်နေစဉ် မန္တလေး-ပြင်ဦးကားလမ်း၊ ကျောက်ချော ရွာ အနီးရှိ Oriental
Highway ကုမ္ပဏီပိုင်တိုးဂိတ်အနီးတွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ
မသင်္ကာတွေ့ရှိသူ ခိုင်ဝင်း ၂၂ နှစ်၊ အမှတ်(၃)ရပ်ကွက်၊ အုန်းချောရွာနှင့်
တစ်ရွာတည်းနေ သက်ထွန်းအောင် ၁၉ နှစ်၊ ဟိန်းဇံ ၁၉ နှစ်တို့ ၃ ဦးအားစစ်ဆေးရာ
အဆိုပါဖုန်း ၂ လုံးအား ၎င်းတို့ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ
ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဖုန်း ၂ လုံး အား သိမ်းဆည်းပြီး
ခိုင်ဝင်းပါ ၃ ဦးအား အုန်းချောနယ်မြေရဲစခန်း(ပ)၂၁၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄
အရလည်းကောင်း၊ ည ၉ နာရီ ၁၅ အချိန် အနီးစခန်းရဲကင်းစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့၊ အနီးစခန်း၊
စျေးကုန်းလမ်း ဝဲဘက်စျေးတန်း၌ အောင်ကျော်မြင့် ၂၁ နှစ်၊ ဆင်လမ်းရွာ၊
ပြင်ဦးလွင်မြို့နယ်နေသူသည် ၅၃ယ/××××× Thai Anbo-125 နီ/ညိုရောင်ဆိုင်ကယ်အား
ငွေ ၁၀၀၀၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချနေသည်ကို မသင်္ကာတွေ့ရှိ စစ်ဆေးရာ
၎င်းပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့်
သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အောင်ကျော်မြင့် အား ပြင်စာရဲကင်းစခန်း
(ပ)၁၂၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရလည်းကောင်း၊ည ၉ နာရီခွဲ အချိန်
မိုးကုတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း
ဆောင်ရွက်နေစဉ် မိုးကုတ်မြို့၊ ဘော်ဗဒန်းရွာအပြင်၌ရပ်တန့် ထားသော ၂၇ယ/×××××
Kenbo-125 ဆိုင်ကယ်၏ဘီးတွင် ခတ်ထားသည့်သံကြိုးအား အမျိုးသား ၂
ဦးမှာ ပလာယာနှင့် ကိုက်ဖြတ် နေသည်ကို မသင်္ကာတွေ့ရှိစစ်ဆေးရာ ထွန်းအေး ၂၄ နှစ်၊
ပင်ပေါ်ရွာ၊ မိုးကုတ်မြို့နှင့် တစ်ရွာတည်းနေ ဗျာဆား ၂၈ နှစ်တို့ဖြစ်ပြီး
ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြသ
ပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ထွန်းအေးနှင့်ဗျာဆားတို့အား
မိုးကုတ်မြို့မ ရဲစခန်း(ပ)၁၄၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၅၄ အရ လည်းကောင်း အသီးသီး
အမှုဖွင့်စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on October
24,
2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 25/10/2017
No comments:
Post a Comment