Tuesday, July 17, 2018








ဇူလိုင် ၁၈၊ ၂၀၁၈












နှင်းမောင်

ဇူလိုင် ၁၈၊ ၂၀၁၈



Unicode

သရုပ်ဆောင် သီဟတင်စိုးအား အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲသူ သရုပ်ဆောင် နေဆန်း အလုပ်ခန့်ခဲ့ဖူး



ဇူလိုင် ၁၈၊ ၂၀၁၈



လက်ရှိ အွန်လိုင်းပေါ်မှာ တွေ့မြင်နေရတဲ့ သရုပ်ဆောင် သီဟတင်စိုးကို အမှုဖွင့်တိုင်ကြားထားတဲ့ ဒေါ်ခင်မာညို(ခ)ခင်မာမြင့် ဟာ သရုပ်ဆောင် နေဆန်းရဲ့ အိမ်မှာလည်း အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ သူ့ရဲ့အိမ်မှာလည်း ၄ ရက် ၅ ရက် အိမ်အကူ လုပ်ခဲ့ဖူးတဲ့ အကြောင်းကို နေဆန်းက ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီက သူ့ရဲ့ ဖေ့ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။



'' အဲဒီ ခင်မာမြင့် ဆိုတာ ကျွန်တော့အိမ်မှာ အိမ်အကူ လုပ်ဖူးတယ်။ ရက်ပိုင်းလေးပဲ ၄၊ ၅ရက်လောက်ပဲ ထင်တယ်။ အဲ့တုန်းက သူ့နာမည်က ခင်မာညို တဲ့။ ကျွန်နော်တို့ အိမ်မှာမရှိတုန်း အဖွားက သူ့ကို ဆွမ်းလောင်းဖို့ အကြော်ဝယ်ခိုင်းလိုက်တာပြန်မလာတော့ပဲ ထွက်ပြေးသွားတယ်၊ ပွဲစားခတော့ပြန်ရတယ် ရက်တွက်ခတော့ပေးလိုက်ရတယ်'' လို့ နေဆန်းက ရေးသားထားတာဖြစ်ပါတယ်။



အဲ့ဒီတုန်းကလည်း အိမ်ဖော်ဖြစ်သူ ခင်မာညိုနဲ့ ပတ်သက်ပြီး အရမ်းကို အလုပ်ရှုပ်ခဲ့ရတဲ့အကြောင်းနဲ့ တခြားလုပ်ဖော်ကိုင်ဖက် တွေကလည်း ခင်မာညိုဟာ Abnormal (စိတ်မနှံ့တဲ့သူ) ဖြစ်တယ်လို့ ပြောကြတဲ့အကြောင်း နေဆန်းက ဆက်လက်ရေးသားထားတာကို တွေ့ရပါတယ်။



နှင်းမောင်

ဇူလိုင် ၁၈၊ ၂၀၁၈

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...