သ႐ုပ္ေဆာင္ သီဟတင္စိုးမွ အဓမၼျပဳက်င့္ခဲ့တယ္လို႔
စြပ္စြဲမွဳ အမွဳမွန္ေပၚေပါက္
ရန္ကုန္၊ ဇူလုိင္ ၁၈
ျဖစ္စဥ္မွာ
ေဒၚဇင္မာဦးမရွိခုိက္ သီဟတင္စုိးမွ
၄င္းအား သားမယားျပဳက်င့္ခဲ့ေၾကာင္း လိမ္ညာ ေျပာဆုိရန္ ေဒၚညိဳသင္ျပသည့္အတုိင္း လိမ္ညာေျပာဆုိ
ႀကံစည္၍ အမႈေရးဖြင့္ခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ မခင္မာျမင့္အား အိမ္အကူလုပ္ရန္ ဆက္သြယ္ေပးသူ
ေဒၚညိဳ(၆၅)ႏွစ္အား စစ္ေဆးခဲ့ရာ သီဟတင္စုိးမွ ခင္မာျမင့္(ခ) ညိဳညိဳ(ခ) ဇင္မာျမင့္အား
သားမယား ျပဳက်င့္ခဲ့ေၾကာင္း ရဲစခန္းတြင္ အမႈဖြင့္ရန္ႏွင့္ ေငြေၾကးညွိႏႈိင္းပါက ၄င္းမွ
ေစ်းစကားေျပာမည္ ျဖစ္ေၾကာင္း ေဒၚညိဳမွလုပ္ေဆာင္ခဲ့ျဖင္းျဖစ္ပါတယ္။
အေၾကာင္းစုံကုိ ရန္ကုန္ ရဲတပ္ဖြဲ့မွ
ေအာက္ပါအတုိင္း ေဖၚျပထားပါတယ္။
ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စုိးအေပၚ
အိမ္အကူျဖစ္သူ ေဒၚခင္မာျမင့္က မုဒိမ္းမႈျဖင့္ အေရးယူ ေပးရန္ တုိင္တန္းသည့္ အမႈႏွင့္စပ္လ်ဥ္း၍
အမႈမွန္ ေပၚေပါက္ေရးအတြက္ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ မႈခင္းေဖာ္ ထုတ္ေရးရဲတပ္ဖြဲ႕ဝင္မ်ားက
စစ္ေဆးေဆာင္ရြက္ခဲ့ရာ တုိင္တန္းသည့္ အမႈမွာ မွန္ကန္မႈ မရွိေၾကာင္း သိရွိရပါသည္။
ျဖစ္စဥ္မွာ သဃၤန္းကၽြန္းၿမိဳ႕နယ္၊
ႀကီးပြားေရး ရပ္ကြက္၊ ျပည္ေထာင္စုရိပ္မြန္အိမ္ရာရွိ ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စုိးေနအိမ္တြင္
အသက္(၇၅)ႏွစ္ အရြယ္ရွိေဒၚဇင္မာဦး၏ မိခင္ျဖစ္သူအား ျပဳစုရန္ အိမ္အကူျဖစ္သူ ခင္မာျမင့္(၄၀)ႏွစ္အား
အခင္းမျဖစ္မီ (၈)ရက္ခန္႔က ေခၚယူထားရွိခဲ့ရာ ၁၃-၇-၂၀၁၈ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန္႔တြင္
ေဒၚဇင္မာဦးမွ အျပင္သုိ႔ သြားေရာက္ေနစဥ္ သီဟတင္စုိးမွ ေနအိမ္သုိ႔ ျပန္လည္ေရာက္ရွိလာၿပီး
ခင္မာျမင့္အား သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း တုိင္တန္းခ်က္အရ သုဝဏၰ နယ္ေျမရဲစခန္း(ပ)၃၈၆/၂၀၁၈၊
ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ခဲ့ပါသည္။
အမႈမွန္ေဖာ္ထုတ္ရရွိေရးအတြက္
ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔မွဴး ကုိယ္တုိင္ အနီးကပ္ႀကီးၾကပ္္၍ အေရွ႕ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴးႏွင့္
မႈခင္းႏွိမ္နင္းေရးဌာနစုမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သဃၤန္းကၽြန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ
အထူးအမႈစစ္အဖြဲ႕ ဖြဲ႕စည္း စံုစမ္းေဆာင္ရြက္ခဲ့ပါသည္။
အထူးအမႈစစ္အဖြဲ႕မွ တရားလုိ
ခင္မာျမင့္(ခ)ညိဳညိဳ(ခ)ဇင္မာျမင့္အား သက္ေသမ်ားႏွင့္အတူ စစ္ေဆး ေဆာင္ရြက္ခဲ့ရာ ခင္မာျမင့္(ခ)ညိဳညိဳ(ခ)
ဇင္မာျမင့္မွာ လြန္ခဲ့ေသာ (၄)ႏွစ္ခန္႔က ခင္ပြန္းျဖစ္သူ ေလျဖတ္ၿပီးေနာက္ မိသားစုစားဝတ္ေနေရး
အဆင္မေျပသျဖင့္ အိမ္အကူလုပ္ရန္ ေဒၚညိဳႏွင့္ ဆက္သြယ္ခဲ့ၿပီး ေဒၚညိဳမွ အိ္မ္အကူလုပ္၍
အိမ္ရွင္ေယာက္်ားမ်ားအား မိန္းမ မူယာမာယာျဖင့္ ျမဴဆြယ္၍ မုဒိမ္းမႈျဖစ္ေအာင္ ျပဳလုပ္ရန္ႏွင့္
အမႈျဖစ္ပါက ေငြေၾကးညွိႏိႈင္းသည့္ ကိစၥကုိ ၄င္းမွ တာဝန္ ယူေဆာင္ရြက္မည္ျဖစ္ေၾကာင္း
ေျပာဆုိၿပီး လုပ္ႀကံဖန္တီး၍ ရရွိေသာေငြေၾကးကုိ ခြဲေဝသံုးစြဲမည္ဟု သင္ၾကားေပးခဲ့ေၾကာင္း
သိရွိရပါသည္။
ဆက္လက္စစ္ေဆးခဲ့ရာ ခင္မာျမင့္(ခ)ညိဳညိဳ(ခ)ဇင္မာျမင့္သည္
လြန္ခဲ့ေသာ (၄)ႏွစ္ခန္႔က ေဒၚညိဳ၏ ဆက္သြယ္ေပးမႈျဖင့္ တာေမြၿမိဳ႕နယ္၊ ေက်ာက္ေျမာင္းရပ္ကြက္ရွိ
ေဒၚ----၏ ေနအိမ္တြင္ အိမ္ အကူအျဖစ္ စတင ္ဝင္ေရာက္လုပ္ကုိင္ခဲ့ၿပီး လစာ(၁)သိန္းခြဲရရွိေၾကာင္း၊
အိမ္ရွင္၏ ခင္ပြန္းမွာ ဗုိလ္မွဴး (ၿငိမ္း) ျဖစ္ေၾကာင္း၊ အိမ္အကူလုပ္ရင္း အိမ္ရွင္အမ်ဳိးသားအား
ျမဴဆြယ္ရန္ အဆင္မေျပသျဖင့္ တစ္ႏွစ္ခန္႔ေနၿပီး အလုပ္မွ ထြက္ခဲ့ေၾကာင္း၊ ဒုတိယအႀကိမ္
အိမ္အကူလုပ္ငန္းကုိလည္း ေဒၚညိဳမွ ဆက္သြယ္ေပးမႈျဖင့္ ပုဇြန္ေတာင္ၿမိဳ႕နယ္ ေစ်းအနီးရွိ
ေနအိမ္တြင္ လုပ္ကုိင္ခဲ့ရာ အဆုိပါအိမ္တြင္ ျမဴဆြယ္လုပ္ႀကံဖန္တီးရန္ ေယာက္်ားမရွိသျဖင့္
အဆင္မေျပ၍ အလုပ္မွ ထြက္ခဲ့ေၾကာင္း၊ တတိယအႀကိမ္ အိမ္အကူလုပ္ငန္းကုိ ေဒၚညိဳ၏ အဆက္အသြယ္ျဖင့္
ဗဟန္းၿမိဳ႕နယ္ေန ရုပ္ရွင္ သရုပ္ေဆာင္ ေနဆန္း၏ ေနအိမ္တြင္ အိမ္အကူ လုပ္ကုိင္ခဲ့ေၾကာင္း၊
ကုိေနဆန္းတုိ႔ လင္မယားမွာ ခရီးထြက္ေနၾကသျဖင့္ ေနအိမ္တြင္ ကေလးမ်ားႏွင့္ ကုိေနဆန္း၏
မိခင္သာက်န္ရွိျခင္းေၾကာင့္ ျမဴဆြယ္ရန္ အဆင္မေျပ၍ အလုပ္မွထြက္ခဲ့ေၾကာင္း၊ စတုတၱ အႀကိမ္
အိမ္အကူလုပ္ငန္းကုိလည္း ေဒၚညိဳ၏ အဆက္အသြယ္ျဖင့္ ဒဂံုအေရွ႕ၿမိဳ႕နယ္၊ (၉)ရပ္ကြက္ရွိ
ေနအိမ္တြင္လုပ္ကုိင္ခဲ့ေၾကာင္း၊ ၄င္းအိမ္တြင္လည္း ေရာဂါသည္အဖြားအုိ တစ္ဦးသာ ေနထုိင္ခဲ့ျခင္းေၾကာင့္
ျမဴဆြယ္ရန္ အဆင္မေျပ သျဖင့္ အလုပ္မွ ထြက္ခဲ့ေၾကာင္း၊ ပဥၥမအႀကိမ္အိမ္အကူလုပ္ငန္းကုိ
တာေမြၿမိဳ႕နယ္ရွိ တိရစာၦန္ေဆးကု ဆရာဝန္ အမ်ဳိးသမီးတစ္ဦး၏ ေနအိမ္တြင္ လုပ္ကုိင္ခဲ့ရာ
အဆင္မေျပသျဖင့္ အလုပ္မွထြက္ခဲ့ေၾကာင္း၊ ဆ႒မအႀကိမ္ အိမ္အကူလုပ္ငန္းကုိ ေဒၚညိဳ၏ ဆက္သြယ္ေပးမႈျဖင့္
ပဲခူးတုိင္းေဒသႀကီး၊ ပဲခူးေစ်း အနီးရွိ တရုတ္လူမ်ဳိးတစ္ဦး၏ေနအိမ္တြင္ အိမ္အကူလုပ္ခဲ့ရာ
အိမ္ရွင္မိသားစုမွာ ရန္ကုန္သြားေနစဥ္ ၄င္းေနအိမ္တြင္ အလုပ္လုပ္သည့္ ကုလားဆုိသူမွ ၄င္းအား
သားမယားအျဖစ္ျပဳက်င့္ ရန္ႀကံစည္ခဲ့ရာ မေအာင္ျမင္သျဖင့္ ေဒၚညိဳအား ေျပာျပခဲ့ရာ ေဒၚညိဳမွ
သားမယားအျဖစ္ျပဳက်င့္ခံရသည္ဟုေျပာဆုိရန္ သင္ေပးၿပီး တရုတ္မိသားစုထံမွ ေလ်ာ္ေၾကးေငြေတာင္းခံခဲ့ေသာ္လည္း
အဆင္မေျပသျဖင့္ ပဲခူးအမွတ္ (၃)ရဲစခန္းတြင္ သားမယားအျဖစ္ျပဳက်င့္ခံရသည္ဟု မမွန္မကန္လီဆယ္တုိင္ၾကားရန္
ေဒၚညိဳမွေစခုိင္းျခင္းေၾကာင့္ တုိင္တန္းခဲ့ေၾကာင္း သိရွိရပါသည္။
ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စုိးေနအိမ္တြင္
အိမ္အကူလုပ္ရန္ ေဒၚညိဳ၏ ဆက္သြယ္ေပးမႈေၾကာင့္ ၅-၇-၂၀၁၈ ရက္ေန႔တြင္ ေရာက္ရွိခဲ့ၿပီး အသက္(၇၅)ႏွစ္အရြယ္ရွိ
ေဒၚဇင္မာဦး၏ မိခင္အား ျပဳစုေပးရန္ ေခၚယူ ထားျခင္းျဖစ္ရာ ေဒၚဇင္မာဦးမရွိခုိက္ သီဟတင္စုိးမွ
၄င္းအား သားမယားျပဳက်င့္ခဲ့ေၾကာင္း လိမ္ညာ ေျပာဆုိရန္ ေဒၚညိဳ သင္ျပသည့္အတုိင္း လိမ္ညာေျပာဆုိ
ႀကံစည္၍အမႈေရးဖြင့္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရပါသည္။
မခင္မာျမင့္အား အိမ္အကူလုပ္ရန္
ဆက္သြယ္ေပးသူ ေဒၚညိဳ(၆၅)ႏွစ္အား စစ္ေဆးခဲ့ရာ သီဟတင္စုိးမွ ခင္မာျမင့္(ခ)ညိဳညိဳ(ခ)ဇင္မာျမင့္အား
သားမယားျပဳက်င့္ခဲ့ေၾကာင္း ရဲစခန္းတြင္ အမႈဖြင့္ရန္ႏွင့္ ေငြေၾကးညွိႏႈိင္းပါက ၄င္းမွ
ေစ်းစကားေျပာမည္ျဖစ္ေၾကာင္းေျပာဆုိခဲ့ၿပီး၊ သီဟတင္စုိး၏ ဇနီး ဇင္မာဦး အား နစ္နာမႈအတြက္
ေငြက်ပ္သိန္း(၁၀၀)ေပးပါက ေက်နပ္မည္ျဖစ္ေၾကာင္း ေတာင္းဆုိမႈအေပၚ လိုက္နာျခင္းမရွိသျဖင့္
သုဝဏၰနယ္ေျမရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားခဲ့ေၾကာင္းသိရွိ ရပါသည္။
အလားတူ ျဖစ္စဥ္မ်ဳိး သာေကတနယ္ေျမရဲစခန္းတြင္လည္း
မသင္းသင္းထက္ေအာင္မွ တရားလုိျပဳ လုပ္္၍ ဆရာဝန္တစ္ဦးအားအမႈေရးဖြင့္တုိင္တန္းခဲ့ဖူးေၾကာင္း၊
ပဲခူးၿမိဳ႕မရဲစခန္းတြင္လည္း ခင္မာညိဳ(ခ) ညိဳညိဳ(ခ)ဇင္မာျမင့္မွ တရားလုိျပဳလုပ္္၍ အမ်ဳိးသားတစ္ဦးအား
မုဒိမ္းမႈျဖင့္ ေရးဖြင့္တုိင္တန္းခဲ့ေၾကာင္း သိရပါ သည္။
ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕အေနျဖင့္
သရုပ္ေဆာင္ သီဟတင္စုိးအေပၚ မုဒိမ္းမႈျဖင့္ အေရးယူရန္ တုိင္တန္းခ်က္မွာ မွန္ကန္မႈမရွိဘဲ
တရားလုိ ခင္မာျမင့္(ခ)ညိဳညိဳ(ခ)ဇင္မာျမင့္ႏွင့္ ေဒၚညိဳတုိ႔ပူးေပါင္း၍ လီဆယ္ တုိင္တန္းျခင္းျဖစ္ေၾကာင္း
ေဖာ္ထုတ္ရရွိသျဖင့္ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူ ေဆာင္ရြက္ႏုိင္ေရး ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း
သတင္းရရွိပါသည္။
ေလးစားစြာျဖင့္
နွင္းေမာင္
(Unicode)
သရုပ်ဆောင် သီဟတင်စိုးမှ အဓမ္မပြုကျင့်ခဲ့တယ်လို့
စွပ်စွဲမှု အမှုမှန်ပေါ်ပေါက်
ရန်ကုန်၊ ဇူလိုင် ၁၈
ဖြစ်စဉ်မှာ
ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးမှ
၄င်းအား သားမယားပြုကျင့်ခဲ့ကြောင်း လိမ်ညာ ပြောဆိုရန် ဒေါ်ညိုသင်ပြသည့်အတိုင်း လိမ်ညာပြောဆို
ကြံစည်၍ အမှုရေးဖွင့်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ
ဒေါ်ညို(၆၅)နှစ်အား စစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့်(ခ) ညိုညို(ခ) ဇင်မာမြင့်အား
သားမယား ပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၄င်းမှ
ဈေးစကားပြောမည် ဖြစ်ကြောင်း ဒေါ်ညိုမှလုပ်ဆောင်ခဲ့ဖြင်းဖြစ်ပါတယ်။
အကြောင်းစုံကို ရန်ကုန် ရဲတပ်ဖွဲ့မှ
အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။
ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ်
အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့် အရေးယူ ပေးရန် တိုင်တန်းသည့် အမှုနှင့်စပ်လျဉ်း၍
အမှုမှန် ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်းဖော် ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက
စစ်ဆေးဆောင်ရွက်ခဲ့ရာ တိုင်တန်းသည့် အမှုမှာ မှန်ကန်မှု မရှိကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊
ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင်
အသက်(၇၅)နှစ် အရွယ်ရှိဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား
အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ ၁၃-၇-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင်
ဒေါ်ဇင်မာဦးမှ အပြင်သို့ သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး
ခင်မာမြင့်အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။
အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းနှိမ်နင်းရေးဌာနစုမှ
ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့
ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အထူးအမှုစစ်အဖွဲ့မှ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား
သက်သေများနှင့်အတူ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ) ဇင်မာမြင့်မှာ လွန်ခဲ့သော
(၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန်
ဒေါ်ညိုနှင့် ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိ်မ်အကူလုပ်၍ အိမ်ရှင်ယောကျာ်းများအား မိန်းမ
မူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါက ငွေကြေးညှိနှိုင်းသည့်
ကိစ္စကို ၄င်းမှ တာဝန် ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို
ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်စစ်ဆေးခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်သည်
လွန်ခဲ့သော (၄)နှစ်ခန့်က ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ
ဒေါ်----၏ နေအိမ်တွင် အိမ် အကူအဖြစ် စတင ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လစာ(၁)သိန်းခွဲရရှိကြောင်း၊
အိမ်ရှင်၏ ခင်ပွန်းမှာ ဗိုလ်မှူး (ငြိမ်း) ဖြစ်ကြောင်း၊ အိမ်အကူလုပ်ရင်း အိမ်ရှင်အမျိုးသားအား
မြူဆွယ်ရန် အဆင်မပြေသဖြင့် တစ်နှစ်ခန့်နေပြီး အလုပ်မှ ထွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ်
အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညိုမှ ဆက်သွယ်ပေးမှုဖြင့် ပုဇွန်တောင်မြို့နယ် ဈေးအနီးရှိ
နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆိုပါအိမ်တွင် မြူဆွယ်လုပ်ကြံဖန်တီးရန် ယောကျာ်းမရှိသဖြင့်
အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း၊ တတိယအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ အဆက်အသွယ်ဖြင့်
ဗဟန်းမြို့နယ်နေ ရုပ်ရှင် သရုပ်ဆောင် နေဆန်း၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊
ကိုနေဆန်းတို့ လင်မယားမှာ ခရီးထွက်နေကြသဖြင့် နေအိမ်တွင် ကလေးများနှင့် ကိုနေဆန်း၏
မိခင်သာကျန်ရှိခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ၍ အလုပ်မှထွက်ခဲ့ကြောင်း၊ စတုတ္တ အကြိမ်
အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဒဂုံအရှေ့မြို့နယ်၊ (၉)ရပ်ကွက်ရှိ
နေအိမ်တွင်လုပ်ကိုင်ခဲ့ကြောင်း၊ ၄င်းအိမ်တွင်လည်း ရောဂါသည်အဖွားအို တစ်ဦးသာ နေထိုင်ခဲ့ခြင်းကြောင့်
မြူဆွယ်ရန် အဆင်မပြေ သဖြင့် အလုပ်မှ ထွက်ခဲ့ကြောင်း၊ ပဉ္စမအကြိမ်အိမ်အကူလုပ်ငန်းကို
တာမွေမြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးတစ်ဦး၏ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ
အဆင်မပြေသဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ဆဋ္ဌမအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေး အနီးရှိ တရုတ်လူမျိုးတစ်ဦး၏နေအိမ်တွင် အိမ်အကူလုပ်ခဲ့ရာ
အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၄င်းနေအိမ်တွင် အလုပ်လုပ်သည့် ကုလားဆိုသူမှ ၄င်းအား
သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့ရာ မအောင်မြင်သဖြင့် ဒေါ်ညိုအား ပြောပြခဲ့ရာ ဒေါ်ညိုမှ
သားမယားအဖြစ်ပြုကျင့်ခံရသည်ဟုပြောဆိုရန် သင်ပေးပြီး တရုတ်မိသားစုထံမှ လျော်ကြေးငွေတောင်းခံခဲ့သော်လည်း
အဆင်မပြေသဖြင့် ပဲခူးအမှတ် (၃)ရဲစခန်းတွင် သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု မမှန်မကန်လီဆယ်တိုင်ကြားရန်
ဒေါ်ညိုမှစေခိုင်းခြင်းကြောင့် တိုင်တန်းခဲ့ကြောင်း သိရှိရပါသည်။
ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင်
အိမ်အကူလုပ်ရန် ဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ၅-၇-၂၀၁၈ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး
အသက်(၇၅)နှစ်အရွယ်ရှိ ဒေါ်ဇင်မာဦး၏ မိခင်အား ပြုစုပေးရန် ခေါ်ယူ ထားခြင်းဖြစ်ရာ ဒေါ်ဇင်မာဦးမရှိခိုက်
သီဟတင်စိုးမှ ၄င်းအား သားမယားပြုကျင့်ခဲ့ကြောင်း လိမ်ညာ ပြောဆိုရန် ဒေါ်ညို သင်ပြသည့်အတိုင်း
လိမ်ညာပြောဆို ကြံစည်၍အမှုရေးဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ
ဒေါ်ညို(၆၅)နှစ်အား စစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား
သားမယားပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၄င်းမှ
ဈေးစကားပြောမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး၊ သီဟတင်စိုး၏ ဇနီး ဇင်မာဦး အား နစ်နာမှုအတွက်
ငွေကျပ်သိန်း(၁၀ဝ)ပေးပါက ကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်းမရှိသဖြင့်
သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရှိ ရပါသည်။
အလားတူ ဖြစ်စဉ်မျိုး သာကေတနယ်မြေရဲစခန်းတွင်လည်း
မသင်းသင်းထက်အောင်မှ တရားလိုပြု လုပ်၍ ဆရာဝန်တစ်ဦးအားအမှုရေးဖွင့်တိုင်တန်းခဲ့ဖူးကြောင်း၊
ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို(ခ) ညိုညို(ခ)ဇင်မာမြင့်မှ တရားလိုပြုလုပ်၍ အမျိုးသားတစ်ဦးအား
မုဒိမ်းမှုဖြင့် ရေးဖွင့်တိုင်တန်းခဲ့ကြောင်း သိရပါ သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်
သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ
တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညိုတို့ပူးပေါင်း၍ လီဆယ် တိုင်တန်းခြင်းဖြစ်ကြောင်း
ဖော်ထုတ်ရရှိသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
လေးစားစွာဖြင့်
နှင်းမောင်
No comments:
Post a Comment