သီဟတင္စိုးအား
အဓမၼျပဳက်င့္ခဲ့သည္ဟု စြပ္စြဲမွဳနွင့္ ပတ္သက္၍ ေဒၚေကသီဦးမွ
ရွင္းလင္းခ်က္ထုတ္
ဇူလုိင္
၁၇၊ ၂၀၁၈
သီဟတင္စိုးအား
အဓမၼျပဳက်င့္ခဲ့သည္ဟု စြပ္စြဲမွဳနွင့္ ပတ္သက္၍ ေဒၚေကသီဦးမွ
ေအာက္ပါအတုိင္း သူမ၏ Facebook
စာမ်က္နွာတြင္ လြန္ခဲ့ေသာ ၁၆ နာရီခန့္က ရွင္းလင္းခ်က္ထုတ္ထားပါတယ္။
ဗီဒီယုိဖုိင္ သက္ေသအေထာက္အထား နွင့္တကြ ေဖၚျပထားတာျဖစ္ပါတယ္။
ကၽြန္မ
ေဒၚေကသီဦးပါ ဇင္မာဦး ရဲ႕အမျဖစ္ပါတယ္၊ အခု online
ေပၚမွာေတြ႕ရွိေနတဲ့ ခင္မာညိဳ(ခ)ခင္မာျမင့္ ထြက္ခ်က္ေတြကမဟုတ္မမွန္တဲ့အတြက္
ျပန္လည္ေျဖရွင္းျခင္းျဖစ္ပါတယ္။
က်မအေမက
သူတို႔ေျပာသလို မ်က္စိမျမင္ နားကန္းတယ္ဆိုတာမဟုတ္ပါဘူး က်မအေမက အသက္ ၈၃ ႏွစ္ရွိပါၿပီ
အသက္အရြယ္ေၾကာင့္ မွတ္ညဏ္ ခ်ိဳ႕ယြင္း တာပဲျဖစ္တာပါ၊ နားလည္းေကာင္းတယ္၊
မ်က္စိိလည္းေကာင္းပါတယ္၊ သူကပြဲစားမပါဘူး သူ႔အေဒၚနဲ႔လာတာလို႔ေျပာတယ္အဲ့ဒါလည္း
မဟုတ္ပါဘူး၊ က်မကိုယ္တိုင္ ထြန္းေတာက္ အက်ိဳးေဆာင္ကို ဖုန္းဆက္ၿပီး ရွာခိုင္းတာပါ၊
က်မကို ထြန္းေတာက္အက်ိဳးေဆာင္ကပြဲစား ေဒၚညိဳ ရဲ႕ ဖုန္းနံပါတ္ရွိတာနဲ႔ ဖုန္းဆက္လိုက္တာ
ခင္မာညိဳ ရွိတယ္ အရင္လည္း တစ္လအိမ္မွာ လုပ္သြားတာပဲဆိုလို႔လုပ္ဖူးတဲ့လူမို႔ေခၚ လိုက္တာပြဲခ
တစ္သိန္းခြဲ ေပးၿပီးေခၚလိုက္တာေလ၊ သူအခုတစ္ေခါက္အလုပ္မဝင္ခင္ ၾကားထဲမွာ ၂လပဲျခားပါတယ္ ေယာက္က်ားေနမေကာင္းဘူးဆိုၿပီးျပန္သြားတာေလ
မလုပ္ဖူးဘူးဆိုတာလိမ္တာပါ သူတို႔ဘက္ကပဲ ပြဲစားေဒၚညိဳကိုယ္တိုင္ သက္ဆိုင္ရာလူႀကီးေတြနဲ႔
သိန္းတစ္ရာ လာေတာင္းတယ္ေလ၊ အဲ့တာေကာထည့္မေျပာဘူးလား၊ သက္ေသေတြအကုန္ရွိတယ္
က်မ
အေမ နားေကာင္းမေကာင္း မ်က္စိျမင္မျမင္စကားေျပာႏိုင္မႏိုင္ဆိုတာ အဲ့ video
file ကသက္ေသပါပဲ။
ေလးစားစြာျဖင့္
နွင္းေမာင္
(ျဖစ္ရပ္မွန္ သတင္းမ်ား)
Unicode
သီဟတင်စိုးအား အဓမ္မပြုကျင့်ခဲ့သည်ဟု
စွပ်စွဲမှုနှင့် ပတ်သက်၍ ဒေါ်ကေသီဦးမှ ရှင်းလင်းချက်ထုတ်
ဇူလိုင် ၁၇၊ ၂၀၁၈
သီဟတင်စိုးအား အဓမ္မပြုကျင့်ခဲ့သည်ဟု
စွပ်စွဲမှုနှင့် ပတ်သက်၍ ဒေါ်ကေသီဦးမှ အောက်ပါအတိုင်း သူမ၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော
၁၆ နာရီခန့်က ရှင်းလင်းချက်ထုတ်ထားပါတယ်။ ဗီဒီယိုဖိုင် သက်သေအထောက်အထား နှင့်တကွ ဖေါ်ပြထားတာဖြစ်ပါတယ်။
ကျွန်မ ဒေါ်ကေသီဦးပါ ဇင်မာဦး ရဲ့အမဖြစ်ပါတယ်၊
အခု online ပေါ်မှာတွေ့ရှိနေတဲ့
ခင်မာညို(ခ)ခင်မာမြင့် ထွက်ချက်တွေကမဟုတ်မမှန်တဲ့အတွက် ပြန်လည်ဖြေရှင်းခြင်းဖြစ်ပါတယ်။
ကျမအမေက သူတို့ပြောသလို မျက်စိမမြင်
နားကန်းတယ်ဆိုတာမဟုတ်ပါဘူး ကျမအမေက အသက် ၈၃ နှစ်ရှိပါပြီ အသက်အရွယ်ကြောင့် မှတ်ညဏ်
ချို့ယွင်း တာပဲဖြစ်တာပါ၊ နားလည်းကောင်းတယ်၊ မျက်စိလည်းကောင်းပါတယ်၊ သူကပွဲစားမပါဘူး
သူ့အဒေါ်နဲ့လာတာလို့ပြောတယ်အဲ့ဒါလည်း မဟုတ်ပါဘူး၊ ကျမကိုယ်တိုင် ထွန်းတောက် အကျိုးဆောင်ကို
ဖုန်းဆက်ပြီး ရှာခိုင်းတာပါ၊ ကျမကို ထွန်းတောက်အကျိုးဆောင်ကပွဲစား ဒေါ်ညို ရဲ့ ဖုန်းနံပါတ်ရှိတာနဲ့
ဖုန်းဆက်လိုက်တာ ခင်မာညို ရှိတယ် အရင်လည်း တစ်လအိမ်မှာ လုပ်သွားတာပဲဆိုလို့လုပ်ဖူးတဲ့လူမို့ခေါ်
လိုက်တာပွဲခ တစ်သိန်းခွဲ ပေးပြီးခေါ်လိုက်တာလေ၊ သူအခုတစ်ခေါက်အလုပ်မဝင်ခင် ကြားထဲမှာ
၂လပဲခြားပါတယ် ယောက်ကျားနေမကောင်းဘူးဆိုပြီးပြန်သွားတာလေ မလုပ်ဖူးဘူးဆိုတာလိမ်တာပါ
သူတို့ဘက်ကပဲ ပွဲစားဒေါ်ညိုကိုယ်တိုင် သက်ဆိုင်ရာလူကြီးတွေနဲ့ သိန်းတစ်ရာ လာတောင်းတယ်လေ၊
အဲ့တာကောထည့်မပြောဘူးလား၊ သက်သေတွေအကုန်ရှိတယ်
ကျမ အမေ နားကောင်းမကောင်း မျက်စိမြင်မမြင်စကားပြောနိုင်မနိုင်ဆိုတာ
အဲ့ video file ကသက်သေပါပဲ။
လေးစားစွာဖြင့်
နှင်းမောင် (ဖြစ်ရပ်မှန် သတင်းများ)
ဇူလိုင် ၁၇၊ ၂၀၁၈

No comments:
Post a Comment