ခရီးသည္ယာဥ္ျဖင့္လုိက္ပါလာသည့္ ခရီးသည္၏ ဆာလာအိတ္အတြင္းမွ
မူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရမိ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ယေန့ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ေအာက္တုိဘာ ၈
၇-၁၀-၂၀၁၇ ရက္ေန႔ နံနက္ ၂ နာရီအခ်ိန္ မူးယစ္တပ္ဖဲြ႔စု(၁၇)မွ
တပ္ဖဲြ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ မူးယစ္သတင္းအရ(၁၆)မုိင္ေက်ာက္ေခ်ာစစ္ေဆးေရးစခန္း၌
ယာဥ္မ်ားအားရွာေဖြစစ္ေဆးစဥ္ လားရွုိး-ေနျပည္ေတာ္သုိ႔ ေမာင္းႏွင္လာသည့္ YGN
9F-xxxx ခရီးသည္ တင္မွန္လံုယာဥ္အား ယာဥ္ေနာက္လုိက္ ဦးမုိးအာကာႏွင့္အတူစစ္ေဆးရွာေဖြရာ
ယာဥ္ ေနာက္ဆံုး တန္းၾကားခံုတြင္ လုိက္ပါလာသည့္ ခရီးသည္ ဆန္းဦး(ခ)ဘုိေတာက္ ၃၀ ႏွစ္၊
ေတာင္ႀကီးရြာ၊ ရမည္းသင္းၿမိဳ႕နယ္ေနသူ၏ေပါင္ေပၚ၌တင္ထားသည့္ ဆာလာအိတ္အတြင္း အျပာေရာင္ကပ္ခြာ
အိတ္ငယ္မ်ား ျဖင့္ထည့္လ်က္ တစ္အိတ္လ်င္ 88/1 စာတန္းပါပန္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား
၂၀၀ ျပားစီပါ ၇၅ ထုပ္၊ စုစုေပါင္းေဆးျပား ၁၅၀၀၀ ျပား၊ အေလးခ်ိန္ ၁.၅ ကီလုိဂရမ္ခန္႔(ေဒသေပါက္ေစ်း
တစ္ျပားလ်င္ ၅၀၀၀ က်ပ္ႏႈန္းျဖင့္ ၇၅၀၀၀၀၀၀ က်ပ္ခန္႔)အား ေတြ႔ရိွသိမ္းဆည္းရမိသျဖင့္
အုန္းေခ်ာနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိေျပာင္းလဲ ေစေသာ ေဆး၀ါးမ်ား ဆုိင္ရာ
ဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း သတင္း ရရိွသည္။
Unicode
ခရီးသည်ယာဉ်ဖြင့်လိုက်ပါလာသည့် ခရီးသည်၏ ဆာလာအိတ်အတွင်းမှ
မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
မန္တလေး၊ အောက်တိုဘာ ၈
၇-၁၀-၂၀၁၇ ရက်နေ့ နံနက် ၂ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌
ယာဉ်များ အားရှာ ဖွေစစ်ဆေးစဉ် လားရှိုး-နေပြည်တော်သို့ မောင်းနှင်လာသည့် YGN
9F-×××× ခရီးသည် တင်မှန်လုံယာဉ်အား ယာဉ်နောက်လိုက် ဦးမိုးအာကာနှင့်အတူစစ်ဆေးရှာဖွေရာ
ယာဉ် နောက်ဆုံး တန်းကြားခုံတွင် လိုက်ပါလာသည့် ခရီးသည် ဆန်းဦး(ခ)ဘိုတောက် ၃၀ နှစ်၊
တောင်ကြီးရွာ၊ ရမည်းသင်းမြို့နယ်နေသူ၏ပေါင်ပေါ်၌တင်ထားသည့် ဆာလာအိတ်အတွင်း အပြာရောင်ကပ်ခွာ
အိတ်ငယ်များ ဖြင့်ထည့်လျက် တစ်အိတ်လျင် 88/1 စာတန်းပါပန်းရောင်စိတ်
ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၇၅ ထုပ်၊ စုစုပေါင်းဆေးပြား ၁၅၀၀၀ ပြား၊ အလေးချိန်
၁.၅ ကီလိုဂရမ်ခန့်(ဒေသပေါက်စျေး တစ်ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၇၅၀၀၀၀၀၀ ကျပ်ခန့်)အား
တွေ့ရှိသိမ်းဆည်းရမိသဖြင့် အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင် စိတ်ကိုပြောင်းလဲ
စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
This article first appears in Mandalay Police news on October
8, 2017 of Mandalay Police Facebook.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 8/10/2017
No comments:
Post a Comment