Friday, October 6, 2017





အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက် သေဆုံး ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook စာမျက်နှာ တွင် အောက်တိုဘာ ၅ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မကွေး၊ အောက်တိုဘာ ၅


Unicode

အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက် သေဆုံး

မကွေး၊ အောက်တိုဘာ ၅

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ဝဝ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း၊ မိုင်တိုင်အမှတ် ၃၇/၁ အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပဒါန်းရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပဒါန်းရွာဘက်မှ ဇင်ပြွန်းရွာဘက်သို့ မင်းလှမြို့နယ်၊ လက်ပံခုံရွာနေ နေဝင်းအောင်(၃၀)နှစ် မောင်းနှင်လာသော ၄ယ/××××× SUPER ANBO-125 အစိမ်းရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်သွားခဲ့ရာ နေဝင်းအောင်တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် နေဝင်းအောင် အား ငဖဲမြို့မရဲစခန်း ယာဉ်(ပ) ၁၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ news on October 5, 2017 of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook.

We acknowledged © of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ and thus full credit given to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal

Retrieved Date: October 6, 2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...