Saturday, October 7, 2017





လောင်းကစား လုပ်သူများ ဖမ်းဆီးရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် အောက်တိုဘာ ၇ နေ့စွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ အောက်တိုဘာ ၇

၆-၁၀-၂၀၁၇ ရက်နေ့ ည ၉ နာရီခွဲအချိန် ကျပ်ပြင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ရပ်၊ မြို့မရပ်တို့တွင် သီတင်းကျွတ်ဈေးပွဲတော် လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် မြို့မရပ်၊ အထကကျောင်းရှေ့တွင် ခင်မောင်အေး ၄၅ နှစ်၊ နန်းရှေ့ အကွက်(၅၃)၊ ဒေါနဖွားရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား လောင်းကစားရာတွင် အသုံးပြုသည့် 8/3 စာတန်းပါ ဗီနိုင်း ၁ ခု၊ 8/3 စာလုံးတစ်ဖက်စီပါ ဒိုးပြား ၁ ခု၊ အနီရောင် ပလပ်စတစ်ခွက် ၁ ခွက်၊ အစိမ်းရောင်လွယ်အိတ် ၁ လုံး၊ လောင်းကြေးငွေစက္ကူရောရာ ၅၅၉၀၀ ကျပ်နှင့်အတူ တွေ့ရှိ ဖမ်းဆီး ရမိသဖြင့် ခင်မောင်အေးအား ကျပ်ပြင်နယ်မြေရဲစခန်း(ပ)၁၁၀/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၂(က)အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Unicode

လောင်းကစား လုပ်သူများဖမ်းဆီးရမိ

မန္တလေး၊ အောက်တိုဘာ ၇

၆-၁၀-၂၀၁၇ ရက်နေ့ ည ၉ နာရီခွဲအချိန် ကျပ်ပြင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ရပ်၊ မြို့မရပ်တို့တွင် သီတင်းကျွတ်စျေးပွဲတော် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် မြို့မရပ်၊ အထကကျောင်း ရှေ့တွင် ခင်မောင်အေး ၄၅ နှစ်၊ နန်းရှေ့အကွက်(၅၃)၊ ဒေါနဖွားရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား လောင်းကစားရာတွင် အသုံးပြုသည့် 8/3 စာတန်းပါ ဗီနိုင်း ၁ ခု၊ 8/3 စာလုံးတစ်ဖက်စီပါ ဒိုးပြား ၁ ခု၊ အနီရောင် ပလပ်စတစ်ခွက် ၁ ခွက်၊ အစိမ်းရောင်လွယ်အိတ် ၁ လုံး၊ လောင်းကြေး ငွေစက္ကူရောရာ ၅၅၉၀၀ ကျပ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ခင်မောင်အေးအား ကျပ်ပြင်နယ်မြေရဲစခန်း(ပ)၁၁၀/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၂(က)အရအမှုဖွင့်ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on October 8, 2017 of Mandalay Police Facebook.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 8/10/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...