ဆိုင္ကယ္တစ္စီးႏွင့္အတူ မသကၤာဖြယ္ေတြ႕ရွိသူ ၂ ဦးအား အမွုဖြင့္အေရးယူထား
ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ
တြင္ ေအာက္တိုဘာ ၄ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မေကြး၊ ေအာက္တိုဘာ ၄
၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၃ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၃၀ မိနစ္အခ်ိန္
မေကြးတိုင္း ေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း သတင္းစုံစမ္းေနစဥ္ ေတာင္ျပင္(၂)ရပ္ကြက္၊ ေတာင္တြင္းႀကီး-ျပည္
ကားလမ္းေပၚအေရာက္ ရွာရမ္း-၁၁၀ အနက္ေရာင္ဆိုင္ကယ္ျဖင့္ စီးနင္းလာသည့္ မသကၤာဖြယ္သူ (၂)ဦးအား
ရပ္တန႔္စစ္ေဆးခဲ့ရာ ေတာင္တြင္းႀကီးၿမိဳ႕၊ အုန္းေတာ(၁)ရပ္ကြက္ေန ေအာင္ၿဖိဳး(၁၈)ႏွစ္ႏွင့္
တစ္ရပ္ကြက္တည္းေန စံလင္းကို(၁၈)ႏွစ္တို႔ျဖစ္ၿပီး အဆိုပါဆိုင္ကယ္ႏွင့္ပတ္သက္၍ ပိုင္ဆိုင္ေၾကာင္း
အေထာက္အထား တစ္စုံတစ္ရာေျပာဆိုျပသနိုင္ျခင္းမရွိသျဖင့္ ၎တို႔(၂)ဦးအား ေတာင္တြင္းႀကီး
ၿမိဳ႕မရဲစခန္း(ပ)၁၆၄၅/၂၀၁၇၊ ရာဇစတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ ျဖင့္ အမွုဖြင့္အေရးယူထားေၾကာင္း
သတင္းရရွိသည္။
Unicode
ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ(၂)ဦးအား အမှုဖွင့်အရေးယူထား
မကွေး၊ အောက်တိုဘာ ၄
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်
မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
မြို့ပေါ်ရပ်ကွက်များအတွင်း သတင်းစုံစမ်းနေစဉ် တောင်ပြင်(၂)ရပ်ကွက်၊ တောင်တွင်းကြီး-ပြည်
ကားလမ်းပေါ်အရောက် ရှာရမ်း-၁၁၀ အနက်ရောင်ဆိုင်ကယ်ဖြင့် စီးနင်းလာသည့် မသင်္ကာဖွယ်သူ
(၂)ဦးအား ရပ်တန့်စစ်ဆေးခဲ့ရာ တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်နေ အောင်ဖြိုး(၁၈)နှစ်နှင့်
တစ်ရပ်ကွက်တည်းနေ စံလင်းကို(၁၈)နှစ်တို့ဖြစ်ပြီး အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း
အထောက်အထား တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် ၎င်းတို့(၂)ဦးအား တောင်တွင်းကြီး
မြို့မရဲစခန်း(ပ)၁၆၄၅/၂၀၁၇၊ ရာဇစတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
news on October 4, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
Facebook.
We acknowledged © of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕.
We are nonprofits volunteers and we only retrieved this
news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal
Retrieved Date: October 6, 2017
No comments:
Post a Comment