ဆုိင္ကယ္အား ရပ္တန္းစစ္ေဆးရာ ေက်ာပုိးအိတ္အတြင္းမွ မူးယစ္ေဆး၀ါးမ်ား
သိမ္းဆည္းရမိ ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္
ေအာက္တုိဘာ ၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ေအာက္တုိဘာ ၇
၆-၁၀-၂၀၁၇ ရက္ေန႔ ည ၈ နာရီ ၀၅ အခ်ိန္ မူးယစ္တပ္ဖဲြ႔စု(၁၈)မွတပ္ဖဲြ႔၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ မူးယစ္သတင္းအရ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္၊ ျမ၀တီလမ္း၊
၅၁ လမ္းႏွင့္မႏၲေလး-ျပင္ဦးလြင္ၿမိဳ႕ပတ္လမ္းၾကားရွိ ရြာဦးဘုန္းႀကီးေက်ာင္းေရွ႕တြင္
ေစာင့္ဆုိင္းေနစဥ္ ေယာရႈ(ခ)ခုိးခ်စ္ ၂၃ ႏွစ္၊ ပိန္းျပစ္(လီဆူးရြာ)၊ မုိးကုတ္ၿမိဳ႕နယ္ေနသူေမာင္းနွင္ၿပီး
သူရေအာင္(ခ)ငြားလူး ၁၉ ႏွစ္၊ နမ့္က်ဴးေက်းရြာ၊ မန္တံုၿမိဳ႕နယ္၊ ေက််ာက္မဲခရုိင္၊ ရွမ္းျပည္နယ္
(ေျမာက္ပုိင္း)ေနသူ ေနာက္ထုိင္လုိက္ပါသည့္ နံပါတ္မပါKenbo-125
ဆုိင္ကယ္အား ရပ္တန္႔ စစ္ေဆးရာ သူရေအာင္(ခ) ငြားလူး၏ေက်ာပုိးအိတ္အတြင္းမွ ဆပ္ျပာခြက္တစ္ခြက္လွ်င္
ဘိန္းျဖဴမႈန္႔ အေလးခ်ိန္ ၁၀ဂရမ္ခန္႔စီပါ ဆပ္ျပာခြက္ ၂၂ခြက္၊ စုစုေပါင္း အေလးခ်ိန္ ၂၂၀
ဂရမ္ခန္႔(ေဒသ ေပါက္ေစ်း ဘိန္းျဖဴ ၁ ဂရမ္လွ်င္ ၇၀၀၀၀ က်ပ္ႏႈန္းျဖင့္ ၁၅၄ သိန္းက်ပ္ခန္႔)ႏွင့္
လက္ကုိင္ဖုန္း ၂ လံုး တုိ႔အား သိမ္းဆည္း ရမိသျဖင့္ ေအာင္ပင္လယ္ နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိ
ေျပာင္းလဲေစေသာေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရ အမႈဖြင့္ အေရးယူထားေၾကာင္း သတင္းရရိွသည္။
Unicode
ဆိုင်ကယ်အား ရပ်တန်းစစ်ဆေးရာ ကျောပိုးအိတ်အတွင်းမှ မူးယစ်ဆေးဝါးများ
သိမ်းဆည်းရမိ
မန္တလေး၊ အောက်တိုဘာ ၇
၆-၁၀-၂၀၁၇ ရက်နေ့ ည ၈ နာရီ ၀၅ အချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ မူးယစ်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ မြဝတီ
လမ်း၊ ၅၁ လမ်းနှင့်မန္တလေး-ပြင်ဦးလွင်မြို့ပတ်လမ်းကြားရှိ ရွာဦးဘုန်းကြီးကျောင်းရှေ့တွင်
စောင့်ဆိုင်းနေစဉ် ယောရှု(ခ)ခိုးချစ် ၂၃ နှစ်၊ ပိန်းပြစ်(လီဆူးရွာ)၊ မိုးကုတ်မြို့နယ်နေသူမောင်းနှင်ပြီး
သူရအောင်(ခ)ငွားလူး ၁၉ နှစ်၊ နမ့်ကျူးကျေးရွာ၊ မန်တုံမြို့နယ်၊ ကျောက်မဲခရိုင်၊ ရှမ်းပြည်နယ်
(မြောက်ပိုင်း)နေသူနောက်ထိုင်လိုက်ပါသည့် နံပါတ်မပါKenbo-125 ဆိုင်ကယ်အား
ရပ်တန့် စစ်ဆေး ရာ သူရအောင်(ခ)ငွားလူး၏ကျောပိုးအိတ်အတွင်းမှ ဆပ်ပြာခွက်တစ်ခွက်လျှင်
ဘိန်းဖြူမှုန့် အလေးချိန် ၁၀ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၂၂ခွက်၊ စုစုပေါင်း အလေးချိန်
၂၂၀ ဂရမ်ခန့်(ဒေသ ပေါက်စျေး ဘိန်းဖြူ ၁ ဂရမ်လျှင် ၇၀၀၀၀ ကျပ်နှုန်းဖြင့် ၁၅၄ သိန်းကျပ်ခန့်)နှင့်
လက်ကိုင်ဖုန်း ၂ လုံး တို့အား သိမ်းဆည်းရမိသဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင်
စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on October
7, 2017 of Mandalay Police Facebook.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 8/10/2017
No comments:
Post a Comment