လူငယ္ႏွစ္ဦးမွ စားေသာက္ခေငြမ်ားအျဖစ္ ဆိုင္ကယ္အား ေပးေနေသာေၾကာင့္
မသကၤာ၍ အမွုဖြင့္စစ္ေဆး ခဲ့ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook
စာမ်က္နွာ တြင္ စက္တင္ဘာ ၂၉ ေနစြဲျဖင့္
ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မေကြး၊ စက္တင္ဘာ ၂၉
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္ေန႔ ည ၆ နာရီ ၃၀ မိနစ္အခ်ိန္
မေကြးတိုင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
နယ္ေျမအတြင္း သတင္းစုံစမ္းေနစဥ္ ရြာေထာင္ရပ္ကြက္၊ ျပည္လမ္းေပၚရွိ "စင္ဒရဲလား"
စားေသာက္ဆိုင္၌ လူငယ္ (၂)ဦးမွ စားေသာက္ခေငြမ်ားမရွင္းနိုင္သျဖင့္ ၎တို႔စီးလာသည့္ နံပါတ္မပါ
New Anbo -125 အနီေရာင္ဆိုင္ကယ္အား စားေသာက္ခေငြအျဖစ္ေပးေနေၾကာင္း
သတင္းအရ သြားေရာက္စစ္ေဆး ခဲ့ရာ စက္႐ုံရပ္ကြက္ေန ကိုဦး(၂၅)ႏွစ္ႏွင့္ သရက္ေတာရပ္ကြက္ေန
ဇင္ေမာင္ဝင္း(၁၆)ႏွစ္တို႔ျဖစ္ၿပီး ဆိုင္ကယ္ႏွင့္ပတ္သက္၍ ပိုင္ဆိုင္ေၾကာင္းအေထာက္အထား
တစ္စုံတစ္ရာေျပာဆိုျပသနိုင္ျခင္း မရွိသျဖင့္ ၎တို႔(၂)ဦးအား ေအာင္လံၿမိဳ႕မရဲစခန္း(ပ)၁၀၁၁/၂၀၁၇၊
ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ ျဖင့္ အမွုဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
Unicode
လူငယ်နှစ်ဦးမှ စားသောက်ခငွေများအဖြစ် ဆိုင်ကယ်အား ပေးနေသောကြောင့်
မသင်္ကာ၍ အမှုဖွင့်စစ်ဆေး
မကွေး၊ စက်တင်ဘာ ၂၉
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန်
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ရွာထောင်ရပ်ကွက်၊ ပြည်လမ်းပေါ်ရှိ "စင်ဒရဲလား"
စားသောက်ဆိုင်၌ လူငယ် (၂)ဦးမှ စားသောက်ခငွေများမရှင်းနိုင်သဖြင့် ၎င်းတို့စီးလာသည့်
နံပါတ်မပါ New Anbo -125 အနီရောင်ဆိုင်ကယ်အား စားသောက်ခငွေအဖြစ်ပေးနေကြောင်း
သတင်းအရ သွားရောက်စစ်ဆေး ခဲ့ရာ စက်ရုံရပ်ကွက်နေ ကိုဦး(၂၅)နှစ်နှင့် သရက်တောရပ်ကွက်နေ
ဇင်မောင်ဝင်း(၁၆)နှစ်တို့ဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထား
တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ၎င်းတို့(၂)ဦးအား အောင်လံမြို့မရဲစခန်း(ပ)၁၀၁၁/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
news on Saturday, September 29, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
Facebook.
We acknowledged © of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕.
We are nonprofits volunteers and we only retrieved this
news to support all communities from Myanmar who do not have luxuries Medias
and only have a phone in theirs hands.
Reference Link: https://www.facebook.com/magway.div.polmedia/
Retrieved Date: Sunday, October 1, 2017
No comments:
Post a Comment